5 Tips to Help You Succeed in an Interview
Interview အောင်မြင်စေမယ့် အချက် ၅ ချက်
အလုပ်နဲ့ပတ်သက်ပြီး Interview ဖြေတဲ့အခါမှာ လူတိုင်းအနည်းနဲ့အများတော့ စိုးရိမ်စိတ်တွေရှိတတ်ကြပါတယ်။ အလုပ်အတွက်လိုအပ်တဲ့အရည်အချင်းတွေ ကိုယ့်မှာအပြည့်ရှိပေမယ့် Interview မှာသေချာမဖြေဆိုနိုင်တာကြောင့် Offer Letter နဲ့လွဲချော်ခဲ့တဲ့လူတွေလည်း မနည်းပါဘူး။ ဒါကြောင့် အလုပ်ရှာနေတဲ့သူတိုင်းအတွက် Interview ဖြေဆိုအောင်မြင်စေမယ့် အဓိက သော့ချက် ၅ ချက်ကို MyWorld Careers ကမျှဝေပေးလိုက်ပါတယ်။
(၁) ကြိုတင်ပြင်ဆင်ထားပါ။
အလုပ် Interview မဖြေဆိုခင်မှာ သင့်တော်တဲ့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားသင့်ပါတယ်။ Company အကြောင်းကြိုတင်လေ့လာထားတာ၊ အလုပ် Position နဲ့ပတ်သက်တဲ့ Industry Knowledge တွေရှာဖွေဖတ်ရှုထားတာ စတဲ့အချက်အလက်ဆိုင်ရာ ပြင်ဆင်မှုတွေနဲ့အတူ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုကြိုတင်ဆန်းစစ်ထားတာမျိုးတွေလည်းပြုလုပ်သင့်ပါတယ်။ ဒီလိုအဘက်ဘက်ကကြိုတင်ပြင်ဆင်ထားခြင်းဟာ Interview အောင်မြင်စေဖို့ကြီးမားတဲ့အထောက်အကူတစ်ခုပါပဲ။
(၂) Professional ကျကျဝတ်ဆင်ပါ။
သင့်ကိုပထမဆုံးတွေ့လိုက်တဲ့အချိန်က First Impression ဟာသင့်ရဲ့ Interview ရလဒ်ပြောင်းလဲသွားစေနိုင်ပါတယ်။ Interviewer တစ်ယောက်အနေနဲ့ သင့်ကိုအကဲဖြတ်တဲ့နေရာမှာ သင့်ရဲ့ဝတ်စားဆင်ယင်မှုကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ပါတယ်။ ဒါကြောင့်အလုပ် Interview သွားတဲ့နေရာမှာ အလုပ်နဲ့သင့်တော်တဲ့ Professional ဆန်ဆန် Outfit မျိုးဝတ်ဆင်တတ်ဖို့လိုပါတယ်။
(၃) Interview Skill ကိုပြန်လေ့ကျင့်ပါ။
အလုပ် Interview ဖြေတဲ့အခါမှာ ကိုယ့်ရဲ့ Interviewer နဲ့ ဘယ်လို Interact လုပ်မလဲဆိုတာကြိုတင်ပြင်ဆင်ထားတာမျိုး၊ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေနဲ့လုပ်ငန်းခွင်အတွေ့အကြုံတွေကို Resume မှာသေချာပြင်ဆင်လာတာမျိုးပြုလုပ်သင့်ပါတယ်။ Interview ခန်းထဲမဝင်ခင်မှာလည်း ကိုယ့်ရဲ့ Resume ကို အမှားအယွင်းမရှိစေဖို့တစ်ချက်ပြန်စစ်တာမျိုးပြုလုပ်ပေးပါ။
(၄) စိုးရိမ်စိတ်တွေလျှော့ချပေးပါ။
အလုပ် Interview တိုင်းမှာလူတိုင်းစိုးရိမ်တတ်ကြတာသဘာဝပါ။ အလုပ် Position နဲ့ပတ်သက်ပြီးသေချာလေ့လာထားမယ်၊ ကြိုတင်ပြင်ဆင်လာမယ်၊ Negative အတွေးတွေမတွေးမိအောင်နေမယ်၊ Interview အောင်မြင်ဖို့ကိုပဲအာရုံစိုက်မယ် စတဲ့အချက်တွေကို လိုက်နာမယ်ဆိုရင် Interview နဲ့ပတ်သက်တဲ့စိုးရိမ်စိတ်တွေ လျှော့ပါးသွားစေမှာပဲဖြစ်ပါတယ်။
(၅) အကောင်းဆုံးလုပ်ဆောင်ပါ။
ဒါဟာ အလုပ် Interview ဖြစ်တဲ့အတွက် ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ အတွေ့အကြုံတွေဟာ ဒီ Position နဲ့ Organization အတွက်ကိုက်ညီမှုရှိကြောင်း၊ အသင့်တော်ဆုံးဖြစ်ကြောင်း သေချာရှင်းလင်းတင်ပြနိုင်ဖို့လိုပါတယ်။ Interviewer ရဲ့သဘောထားနဲ့အမြင်တွေကို သင့်ဘက်ရှိနေစေဖို့ ကြိုတင်ပြင်ဆင်မှုတွေ၊ စကားလုံးအသုံးအနှုန်းတွေနဲ့ လက်ဟန်ခြေဟန်တွေအသုံးပြုပြီး ယုံကြည်ချက်ရှိရှိနဲ့ အကောင်းဆုံးတင်ပြဆွေးနွေးမှုတွေပြုလုပ်ပါ။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အလုပ် Interview တိုင်းကိုအခက်အခဲမရှိအောင်မြင်စွာဖြေဆိုနိုင်ဖို့အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။