Ready for the Next Step? How to Ask for a Raise or Promotion Confidently
လက်ရှိအလုပ်မှာ လစာ (သို့) ရာထူးဘယ်လိုတိုးတောင်းကြမလဲ?
ကျွန်တော်ဒီမေးခွန်းနဲ့ ပတ်သက်ပြီးအမေးခံရတာများလို့ ကျွန်တော့်ရဲ့ Personal point of view အရ အရေးကြီးမယ့်အချက်တစ်ချို့ကို သေချာ List လုပ်ပြီး Sharing လုပ်ပေးလိုက်ပါတယ်။ပထမဦးဆုံးအနေနဲ့ လစာ (သို့) ရာထူးတိုးတောင်းတော့မယ်ဆိုရင် အရင်ဦးဆုံး ပြင်ဆင်စရာရှိတာဦးစွာပြင်ဆင်ထားဖို့လိုပါတယ်။ ဘာတွေပြင်ဆင်ထားရမလည်းဆိုတာတွေကို Dos and Don'ts tips လေးတွေနဲ့ရှင်းပြပေးထားပါတယ်။
Dos
၁။ Market ထဲမှာ မိမိ Current ရနေတဲ့ Salary က နည်းနေလား၊ များနေလား ဒါမှမဟုတ် ပုံမှန်ပဲလားဆိုတာကို Analysis အရင်လုပ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ Realistic ဖြစ်တဲ့ Salary Increment Rate ကို သိဖို့လိုအပ်လို့ပါ။
၂။ ဘာကြောင့် လစာ (သို့) ရာထူးတိုးပေးဖို့ ထိုက်တန်တယ်ဆိုတာကို တိကျသေချာတဲ့ Reason ရှိဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ ဒါကြောင့် ကိုယ့်ဘက်မှာ သင့်တော်တဲ့အကြောင်းအရင်း ရှိနေဖို့လိုပါတယ်။
၃။ တင်ပြတဲ့အခါ လှည့်ပတ်ပြောနေတာထက် Elevator Talk လိုမျိုး ထိထိရောက်ရောက်ကျစ်ကျစ်လစ်လစ်နဲ့ Confidence အပြည့်နဲ့တင်ပြနိုင်ဖို့လည်းလိုပါတယ်။၄ ။ No ဆိုတဲ့အဖြေကို မျှော်လင့်ထားပါ။ အကယ်၍ No ဆိုတဲ့အဖြေရခဲ့ရင်တောင် မိမိရဲ့ Emotion ကို Control လုပ်ပါ။ Professional ဆန်ဆန်ပဲ မိမိရဲ့လိုအပ်ချက်တွေကို မေးဖို့အခွင့်အရေးရှိရင်ကြိုးစားမေးပါ။ တစ်ခါတစ်လေ မိမိရဲ့လိုအပ်ချက်ကို မိမိရဲ့ Peers တွေထက် Superior တွေကပိုမြင်နိုင်လို့ပါ။
Don'ts
၁။ လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အရိပ်၃ပါးနားလည်ဖို့အရမ်းအရေးကြီးပါတယ် ကိုယ့်ရဲ့ Superior က Stress များနေတဲ့အချိန် တစ်နည်းအားဖြင့် Overworked ဖြစ်နေတဲ့အချိန်မှာ သွားမတောင်းဆိုတာအကောင်းဆုံးပါပဲ။
၂။ နောက်တစ်တစ်ချက်အရေးကြီးတဲ့အချက်က တစ်ခြား Colleague တွေရဲ့ Salary နဲ့နှိုင်းယှဉ်ပြီးတိုးတောင်းရပါတယ်ဆိုတဲ့ Reason မပြုလုပ်မိဖို့ပါပဲ။ Company တိုင်းမှာ Salary information ဆိုတာ Highly Confidential တစ်ခုအနေနဲ့ သတ်မှတ်ထားပြီးသားဖြစ်တဲ့အတွက် တိကျတဲ့ Reason မဟုတ်တဲ့အပြင် ကံမကောင်းရင် မိမိရဲ့ Colleague အတွက်ပါထိခိုက်စေနိုင်ပါတယ်။
၃။ Face to Face Discussion လုပ်ရမှာကြောက်လို့ Email ကနေပို့တာတို့ Letter ရေးပြီးပို့တာတို့ဆိုတာတွေလည်းရှောင်ကျဉ်သင့်ပါတယ်။ Office တစ်ခုထဲမှာ အတူတူလုပ်နေသူအဖို့ Lack Of Confidence ဖြစ်တယ်လို့ပဲ ယူဆပါတယ်။Extra Tips အနေနဲ့ မိမိ Company က ဘယ်လိုအချိန်တွေမှာ လစာ (သို့) ရာထူးတိုးပေးလေ့ရှိလည်းဆိုတာသိထားဖို့လိုအပ်ပါတယ်။ အများအားဖြင့် Company တွေရဲ့ New Fiscal Year တစ်နည်းအားဖြင့် နှစ်တစ်နှစ်ရဲ့ Financial year အစမှာ ဝန်ထမ်းတွေအတွက် Appraisal ထိုင်လေ့ရှိပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ " If you don't ask..the only thing you can get is No, at least when you ask you can get a chance of Yes " ဒီစကားလေးအတိုင်းပါပဲ…