facebook tracking image
10 Things Every Young Person Should Know to Succeed in Life
Personal Development

10 Things Every Young Person Should Know to Succeed in Life

လူငယ်တစ်ယောက်အောင်မြင်ဖို့အတွက် သိထားသင့်တဲ့ အချက် ၁၀ ချက်


၁။ မိဘရဲ့ ချမ်းသာသောစည်းစိမ်ဥစ္စာတွေကို ခဏမေ့ထားပါ။

တစ်ကယ်လို့များ သင့်မိဘက သင်ကိုငွေကြေးထောက်ပံ့ပေးနိုင်တဲ့အင်အားတစ်ခုရှိတယ်ဆိုရင် မိဘအကူအညီမပါဘဲနဲ့ ဘယ်အရာတွေကိုသင်လုပ်နိုင်ပြီလဲဆိုတာကို စူးစမ်းကြည့်ပါ။ နိုင်ငံခြားမှာ အသက် ၁၈ နှစ်ပြည့်ရင် Adult ဖြစ်ပြီလို့ယူဆကြပြီး မိဘဆီကအထောက်အပံ့ကိုမယူတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နို်င်အောင်ကြိုးစားကြပါတယ်။ သင်ရော မိဘအကူအညီမပါဘဲနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုရပ်နိုင်ပြီလား?  

၂။ သမာအာဇီဝကျတဲ့ ဘယ်အလုပ်မျိုးမဆို လုပ်နိုင်အောင်ကြိုးစားပါ။

ဒုတိယတစ်ချက်အနေနဲ့ သင်ဟာဘယ်အောက်ခြေသိမ်းဘယ်အလုပ်မဆို လုပ်တတ်အောင်ကြိုးစားပါ။ ဒါမှလည်း မိမိက ထိပ်တစ်နေရာရောက်တဲ့အခါ သင့်လက်အောက်ငယ်သားက သင့်ကိုလိမ်နေတာလား၊ သူအမှန်ပြောနေတာလား ဆိုတာကို သင်ဆုံးဖြတ်နိုင်မှာပါ။

၃။ ဘွဲ့လက်မှတ်နဲ့သင်တန်းဆင်းလက်မှတ်များအား အကျိုးရှိရှိအသုံးချပါ။

ယနေ့ခေတ်လူငယ်အများစုဟာ ဘွဲ့ရတာကတခြား၊ အလုပ်လုပ်နေတဲ့အပိုင်းကတခြားဖြစ်တတ်ပါတယ်။ မိမိတို့သုံးလေးနှစ်တက်ထားတဲ့လက်မှတ်ကြီးဟာ အလကားဖြစ်နေတတ်ပါတယ်။ အကယ်၍ မိမိတက်ခဲ့တာနဲ့ အလုပ်လုပ်နေတာနဲ့မတူရင်တောင် မိမိတတ်တဲ့ပညာရပ်ကို မေ့မသွားအောင်တစ်ဖက်နည်းလမ်းကနေလေ့လာနေပါ။ အကောင်းဆုံးကတော့ မိမိလေ့လာထားတာနဲ့ အလုပ်လုပ်နေတာ တစ်ထပ်ထဲကျနေရင်တော့အကောင်းဆုံးပါပဲ။

၄။ တစ်ခုခုကိုတတ်မြောက်အောင်မြင်ချင်တယ်ဆိုရင် ရှက်တတ်တဲ့စိတ်ကိုဖျောက်ပါ။

မိမိမသိရင်မှားသွားမှာစိုးပြီး မမေးရဲဘဲ ရှက်ကြောက်ကြပါတယ်။ အသိပညာတစ်ခုခုတတ်မြောက်ချင်ရင် ရှက်နေလို့မရပါဘူး။ ကိုယ်မသိတာရှိရင် သိတဲ့လူကိုဆရာတင်ပြီး မေးပါ။ ရှက်တဲ့စိတ်ဟာ သင့်ကိုအကြီးမားဆုံးအနှောင့်အယှက်ပေးနေပါလိမ့်မယ်။

၅။ မိမိကိုယ်ကိုနှိမ့်ချပါ။

မာန်မာနများကိုလည်း တတ်နိုင်သလောက်လျှော့ပါ။ ဒီအချက်ကလည်း အောင်မြင်တဲ့သူတွေဆီမှာ အတွေ့ရဆုံးအချက်ပါ။ ပညာတတ်လေလေ ကိုယ့်ကိုယ်ကိုနှိမ့်ချလေလေပါ။ မိမိသိထားတတ်ထားသောအရာကို သူတစ်ပါးသိအောင်နားလည်အောင်ပြောဆိုရှင်းပြပြီး မာန်မာနမထားခြင်းဟာလည်း လူချစ်လူခင်ပေါများပြီး သင်ဘာလုပ်လုပ်အောင်မြင်နိုင်မှာပါ။

၆။ အလုပ်တစ်ခုအားစွဲစွဲမြဲမြဲလေ့လာဆည်းပူးလုပ်ဆောင်ပါ။

ဒီအချက်ကလည်း အောင်မြင်တိုးတက်ရန် အရေးကြီးဆုံးအချက်တစ်ချက်ပါ။ ယနေ့ခေတ်လူငယ်တွေတင်မကပါဘူး လူလတ်ပိုင်းတွေကပါ အလုပ်မှာအဆင်မပြေရင် အဆင်မပြေမှုကိုပြေလည်အောင်မလုပ်ကြပါဘူး။  အလုပ်ပြောင်းချင်နေကြတဲ့လူတွေချည်းပါပဲ။ အဓိကကတော့ငွေကြောင့်ပါပဲ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုစွဲစွဲမြဲမြဲနဲ ့ တစ်စိုက်မတ်မတ်လုပ်လျှင် သူတစ်ပါးနဲ့ယှဉ်လိုက်ရင် မိမိကသာနေမှာပါ။

၇။ ငွေကိုအဓိကမထားပါနဲ့။ စေတနာနဲ့အလုပ်လုပ်ပါ။

လူတိုင်းလူတိုင်းဟာ ငွေနောက်လိုက်တဲ့လူတွေချည်းပါပဲ။ ဒီအချက်ကအကြီးအမားဆုံးအမှားတစ်ချက်ပါ။ ငွေမျက်နှာ တစ်ခုထဲကြည့်ပြီး အလုပ်မလုပ်ပါနဲ့။ စေတနာထားပြီးအလုပ်လုပ်တတ်ပါစေ။ စေတနာပြည့်လျှင် သင်ထိုက်တန်သလောက်ပြန်ရမှာပါ။

၈။ သစ္စာရှိမှု၊ ကတိတည်မှုတွေနဲ့ ရိုးသားမှုတွေဟာ လူတိုင်းသင့်ကိုယုံကြည်လာပါလိမ့်မယ်။

သင်ဘာလုပ်လုပ်သစ္စာရှိပါ။ ကတိတည်ပါ။ ရိုးသားပါစေ။ အသေးအမွှားလေးကအစဂရုစိုက်ပါ။ အလုပ်ခွင်မှာမှ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးတွင်လည်းအသုံးချပါ။ သင်ဘာလုပ်လုပ်သင့်ကိုလူတိုင်းကယုံကြည်လာမှာပါ။

၉။ တတ်နိုင်သမျှအကောင်းဘက်ကပဲတွေးပါ။

Positive Thinking ကလည်း လူတိုင်းလူတိုင်းမှာတွေ့ရနည်းပါတယ်။ ဒါပေမယ့်ဖြစ်နိုင်ရင် အနည်းနဲ့အများတော့ အကောင်းဘက်ကတွေးပြီး ဆုံးဖြတ်ချက်ချနိုင်ပါစေ။

၁၀။ စိတ်ရှည်ပါ သည်းခံပါ။ ခွင့်လွှတ်တတ်အောင်ကြိုးစားပါ။

ဘယ်အလုပ်မဆို စိတ်ရှည်ရှည်နဲ့လုပ်ပါ။ သင်မှားလျှင်သင့်ကိုဟားတိုက်ရယ်ကြမှာထုံးစံပါ။ သင့်ကို လှောင်ပြောင်ရယ်သော သူတွေကိုကျေးဇူးတင်ပါ။ ခွင့်လွှတ်တတ်ပါစေ။ ထို့သူတွေကသာသင့်ကိုရှေ့ဆက်နိုင်အောင်တွန်းအားတွေဖြစ်စေမှာပါ။ ဒါမှလည်းကိုယ့်ကိုယ်ကိုတစ်ဆင့်ပြီးတစ်ဆင့်ကောင်းသထက်ကောင်းအောင် တိုးတက်စေမှာပါ။    

Share this blog

5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016
8-5 Routine !
8-5 Routine !
Published 2 April 2020