facebook tracking image
Becoming a High-Performing and Recognized Employee
Personal Development

Becoming a High-Performing and Recognized Employee

ဝန်ထမ်းကောင်း (မြင်သာတဲ့ဝန်ထမ်း) တစ်ယောက်ဖြစ်ဖို့

ကျွန်မက ကျွန်မလုပ်ငန်းခွင်မှာ အများနဲ့မတူဘဲ လူတိုင်းအမြင်ကြည်ပြီးချီးကျူးရတဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။ အဲ့တော့ ဒီလိုဖြစ်အောင် ဘယ်လိုနေထိုင်လှုပ်ရှား လုပ်ဆောင်ရမလဲဆိုတာကို သိအောင်လုပ်ဖြစ်ပါတယ်။ အဲ့လိုလုပ်ပြီးသိလာတဲ့ အနီးစပ်ဆုံးအဖြေတွေကို အပိုင်း (၅) ပိုင်းခွဲပြီး မျှဝေပေးလိုက်ပါတယ်။

၁။ လက်ထောင်လိုက်ဖို့ဝန်မလေးပါနဲ့ (Be ready and always put your hand up)

သင်ဟာ သင့် Company သို့မဟုတ် သင့် Boss အတွက် ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ဖို့ဆိုရင် ပထမဆုံး အချက်ကတော့ "ဘယ်အရာမဆို၊ကောင်းတဲ့ ဘယ်အလုပ်မဆို တွန့်ဆုတ်မနေဘဲ (Be ready) အမြဲအဆင်သင့်ရှိနေပါ။" 

၂။ ခိုင်းတာကို မစောင့်ပါနဲ့ (Do ahead)

ကျွန်မတို့ မြန်မာစကားပုံအတိုင်းပဲ ခိုင်းမှထလုပ်တာက Professional မဆန်ပါဘူး။ အမြဲတမ်း idea အသစ်တွေ ပြိုင်ဆိုင်မှုအသစ်တွေနဲ့ စဉ်းစားတွေးတောပြီး နောက်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရပါမယ်။ တကယ်လို့သင်ဟာ သင့်အလုပ်တိုးတတ်ရေးအတွက် idea တစ်ခု စဉ်းစားမိပြီဆိုရင် သင့် Boss ဒါမှမဟုတ် သင့်အထက်လူကြီးကို ပထမဆုံး ပြောပြပါ။ သူတို့ ရဲ့ အကြံဉာဏ် ကို ရယူပါ။ အကောင်အထည်ဖော်ဖို့တိုက်တွန်းပါ။ ကိုယ်ကိုယ်တိုင် ဦးဆောင်ပါ။  

၃။ အလုပ်လုပ်ပါ။ (Work, don't mess)

"အလုပ်လုပ်ပါ" အလုပ်ရှုပ်မပြပါနဲ့။ တကယ်အလုပ်လုပ်တဲ့ သူနဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်တဲ့သူ ဆိုတာ ကြာရင် သိသာပါတယ်။ ထွက်လာတဲ့ ရလဒ်တွေဟာ ဘယ်တော့မှ မတူညီနိုင်ပါဘူး။

၄။ ဆင်ခြေပေးပြီး ခွန်းတုံ့ပြန်တာမျိုးမလုပ်ပါနဲ့တဲ့။ (No complain) ​

တကယ်မသိတာရှိတဲ့အခါ၊ ကိုယ်ကိုတိုင် သေချာမသိတဲ့အခါ တုံ့ဆိုင်းမနေဘဲ မေးပါ၊ ရှင်းပြခိုင်းပါ။ ကိုယ်နဲ့ အမြင်မတူရင် professionally စိတ်ရှည်ရှည် ဆွေးနွေးပါ။ ထောက်ပြပါ။ မိမအမှန်ဖြစ်ကြောင်း အချက်အလက် များနဲ့ တင်ပြပါ။ ကိုယ်မှားရင်လဲ ဝန်ခံပါ။ သူပြောသမျှ လုပ်သမျှကို အဆိုးမြင် ဝါဒ လက်ကိုင်ထားပြီး ခွန်းတုံ့မပြန်ပါနဲ့။  

၅။ ကိုယ်ပိုင်ရည်မှန်းချက် (Goal) တစ်ခုထားပါ။ (Set your goal)

ရည်မှန်းချက်ပန်းတိုင်ကို ဦးတည်လျှောက်လှမ်းနေသူတစ်ဦးဟာ အများနဲ့မတူ တစ်မူထူးခြားနေတာ ရှင်းပြစရာမလိုလောက်အောင် သိသာလွန်းလှပါတယ်။​

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016