facebook tracking image
Building Confidence in English Communication at Work
Career Advice

Building Confidence in English Communication at Work

​ကျွန်မတို့နေ့စဉ်ဖြတ်သန်းနေရတဲ့ လုပ်ငန်းခွင်မှာ အင်္ဂလိပ်စာဟာ မဖြစ်မနေထိတွေ့ဆက်ဆံနေရတဲ့ ဘာသာစကား တစ်ခုဖြစ်ပါတယ်။ ဒါဆို ရာထူးတိုးဖို့နဲ့ လစာတိုးဖို့ဆိုတာကလည်း ဒီအပေါ်မှာအများကြီးမူတည်နေတယ်ပေါ့နော်…

သို့ပေမယ့် များသောအားဖြင့် ကျမတို့ Recruitment Consultant များနှင့် စကားပြောဖြစ်သော အချို့ Candidate များဆီကကြားရတာလေးတွေကတော့ အင်္ဂလိပ်စာကို ကိုယ့်ဘက်ကပြောမထွက်တာနဲ့ သူပြောတာ နားမလည်တာရယ် လို့ အဓိကအားဖြင့် (၂) မျိုးတွေ့ရှိရပါတယ်။

ဒါဆို အင်္ဂလိပ်စာကို အလွယ်ကူဆုံး အရိုးရှင်းဆုံးဖြစ်အောင် အောက်ပါအချက်လေးတွေ လုပ်ကြည့်ရအောင်နော်…

၁) Netflix ဖြင့် မိမိလုပ်ငန်းခွင်နဲ့ အနီးစပ်ဆုံးစပ်ဆက်မှုရှိတဲ့ အင်္ဂလိပ်စာတန်းထိုးကားလေးတွေ ရွေးကြည့်ပါ။

၂) သူတို့ပြောတဲ့အတိုင်းလေးတွေ တခါတလေ Movie ကို ခဏရပ်ထားပြီး လိုက်ပြောကြည့်ပါ။

၃) ကိုယ်ပြောထားတဲ့ အသံနေ အသံထားကို Recording လုပ်ထားပြီး ထပ်ခါထပ်ခါ အသံကိုမှန်အောင် လ့ကျင့်ပါ။

၄) မှန်ထောင်ပြီး ကိုယ်ပြောချင်တာလေးတွေကိုလေ့ကျင့်ကြည့်ခြင်းဖြင့် ပြောရဲအောင်လေ့ကျင်ယူပါ။

၅) များသောအားဖြင့် စကားလုံးတစ်လုံးကို အသံထွက်လေ့ကျင့်တာထက် စကားစုတစ်ခုလုံးကို စာအုပ်များချရေးပြီး အသံထွက်လေ့ကျင့်ပေးနိုင်ရင် ပိုကောင်းပါတယ်။

၆) Vocabulary ကြွယ်ဝဖို့အတွက်ကတော့ အင်္ဂလိပ်စာအုပ်လေးတွေများများ ဖတ်ပေးဖို့ အကြံပြုရင်း အင်္ဂလိပ်စာသည် မိမိတို့ဘဝတိုးတက်ရေးအတွက် အားနည်းချက် မဖြစ်ဖို့ရာ အလွယ်ကူဆုံးနဲ့
လုပ်ရတာမပျင်းစေမယ့်နည်းလမ်းလေးတွေဖာ်ပြပေးလိုက်ရပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020