facebook tracking image
Common Mistakes to Avoid in a Job Interview
Career Advice

Common Mistakes to Avoid in a Job Interview

အလုပ်အင်တာဗျူးဖြေဆိုရာတွင် ရှောင်ရှားသင့်သော အချက်များ

အင်တာဗျူးသွားဖြေတဲ့ အချိန်မှာ ဘယ်လိုအရာတွေဖြေသင့်တယ်၊ လုပ်ဆောင်သင့်တယ်ဆိုတာကို တော်တော်များများသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ ဒီတစ်ခါမှာတော့ အင်တာဗျူးသွားဖြေရာမှာ သတိမထားလိုက်မိတဲ့ အချက်လေးတွေ၊ ရှောင်ရှားသင့်တဲ့အခြေခံအချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။  

မိမိအင်တာဗျူးဖြေဆိုရမည့်ကုမ္မဏီ၏ အကြောင်းအရာများအား လေ့လာမထားခြင်း

အလုပ်ရှင်တွေဘက်က အင်တာဗျူးလာဖြေသူသည် မိမိတို့ကုမ္မဏီအပေါ် စိတ်ပါဂင်စားမှုဘယ်လောက် ရှိမရှိသိချင်ကျတဲ့အတွက် ကုမ္မဏီအကြောင်း၊ လုပ်ငန်းတွေအကြောင်းကို မေးမြန်းတတ်ကြစမြဲဖြစ်ပါတယ်။ ထိုအချိန်မှာမိမိဘက်က ကုမ္မဏီရဲ့အခြေခံအကြောင်းအရာလေးတွေကိုတောင် မပြောပြနိုင်ခဲ့ရင် အထင်သေးကြမှာဖြစ်သလို တခြားသိရှိပြီးသားသူများနဲ့နှိုင်းယှဉ်တဲ့အခါ နောက်ကောက်ကျကျန်နေတတ်ပါတယ်။မိမိကရာထူးအငယ်လျှောက်တာမို့လို့ မလိုအပ်ဘူးမထင်ပါနဲ့။ ကုမ္မဏီအကြောင်းကို သေချာပြန်ရှင်းပြနိုင်တာမျိုးဟာ အင်တာဗျူးအောင်ဖို့ အများကြီးအထောက်အကူပြုပါတယ်။ အင်တာနက်ခေတ်ဖြစ်တာနဲ့အညီ Facebook/Linkedln နဲ့ ကုမ္မဏီရဲ့Website တွေမှာ သေချာလေ့လာလို့ရနိုင်ပါတယ်။

သွားရမည့်နေရပ်လိပ်စာကို ကြိုတင်ရှာဖွေမထားခြင်း

တိတိကျကျသွားရလွယ်ကူတဲ့နေရာတွေဆို အခက်အခဲမရှိပေမဲ့ သွားနေကျမဟုတ်တဲ့နေရာမျိုးတွေ သွားရခက်ခဲတဲ့နေရာမျိုးတွေဆိုရင် ဘယ်အချိန်လောက်ထွက်ရင်တော့အဆင်ပြေနိုင်တယ်၊ ဘယ်လမ်းကြောင်းကသွားရင်တော့မြန်နိုင်တယ် စသဖြင့်ကြိုတင်ရှာဖွေထားသင့်ပါတယ်။ မဟုတ်ရင် မိမိနဲ့စိမ်းတဲ့နေရာမျိုးတွေဖြစ်နေတဲ့အခါ အင်တာဗျူးဖြေခါနီးစိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး၊  အချိန်နောက်ကျတာမျိုးဖြစ်တတ်ပါတယ်။  

ချိန်းဆိုသည့်အချိန်ထက် နောက်ကျမှရောက်ခြင်း

အချိန်နောက်ကျတာဟာ တစ်ဘက်ကချိန်းဆိုထားတဲ့သူကို မလေးမစားဖြစ်တာမျိုးဖြစ်တတ်ပြီး First Impression လည်း Down သွားတတ်ပါတယ်။ အထက်ကအချက်လိုပဲ လာရာလမ်းမှာဖြစ်ဖြစ် မမျှော်လင့်တဲ့ကိစ္စတွေလည်းပေါ်ပေါက်နို်င်တတ်တဲ့အတွက် အတတ်နိုင်ဆုံး ၁၅ မိနစ်လောက် ချိန်းထားတဲ့နေရာကိုကြိုရောက်နေခြင်းက စိတ်အေးလက်အေးအခက်အခဲမရှိနဲ့ အင်တာဗျူးကိုအကောင်းဆုံးဖြေဆိုဖို့ပဲ သေချာအာရုံစိုက်နိုင်ပါလိမ့်မယ်။  

ကျပ်လွန်း တိုလွန်းတဲ့ အဝတ်အစားများဝတ်ဆင်ခြင်း

တောင်းမှအကွပ် လူမှာအဝတ်ဆိုတဲ့ အတိုင်း အဝတ်အစားသည် လူတစ်ယောက်ရဲ့ အပြင်ပန်းပုံသဏ္ဍာန်ကို အဆုံးအဖြတ်ပေးပါတယ်။ ကျပ်လွန်း တိုလွန်းတဲ့ အဝတ်အစားတွေဝတ်ဆင်သွားခြင်းဟာ Professional မဆန်ရာရောက်သလို မိမိကိုယ်တိုင်မှာလည်း အဝတ်အစားကြောင့်သက်တောင့်သက်သာမဖြစ်တာမျိုးတွေ၊  အင်တာဗျူးကို အပြည့်အဝအာရုံမစိုက်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။  

ဘာမေးခွန်းမှ ပြန်မမေးပဲ ပြန်လာခြင်း

အလုပ်ရှင်ဘက်က အင်တာဗျူးပြီးခါနီးအချိန်တွေမှာ "ဘာမေးစရာရှိသေးလဲ/သိချင်တာများ ရှိသေးလား" ဆိုပြီးမေးလေ့မေးထရှိတတ်ပါတယ်။ အင်တာဗျူးဖြေတဲ့သူဘက်ကလည်း ဖြေကြားနေစဉ်တစ်လျှောက်ဖြစ်စေ၊ အင်တာဗျူးမလာခင်ထဲကဖြစ်စေ ကြိုတင်စဉ်းစားထားပြီး မေးချင်နေတဲ့မေးခွန်းတွေရှိတတ်ကြပါတယ်။

အဲ့ဒီအချိန်မှာ ကျွန်မတို့တော်တော်များများရဲ့အကျင့်က "တော်ပါပြီ နောက်မှပဲမေးတော့မယ်" ဆိုတာမျိုး "အေးဂျင့်ကိုပဲ မေးခိုင်းလိုက်တော့မယ်" ဆိုတာမျိုးတွေ ဖြစ်တတ်ကျတာများပါတယ်။ အဲ့လိုမျိုး မေးသင့်မေးထိုက်တာမျိုးတွေကို မမေးလိုက်မိတာတွေဟာ ကုမ္မဏီကကိုယ့်ကို အလုပ် Offer ပေးတဲ့အချိန်မျိုးရောက်တဲ့အခါမှာ စိတ်ထဲမှာမတက်မကျဖြစ်ရတာမျိုးတွေ၊ လွယ်လွယ်ကူကူပြီးပြီးရော လက်ခံပြီးခါမှ ကုမ္မဏီမှာတကယ်အလုပ်စဆင်းတဲ့အချိန်လည်ရောက်ရော သဘောမကျတဲ့အချက်တွေတွေ့လာပြီး ခဏလေးနဲ့အလုပ်ထွက်ဖြစ်တာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ ဒါကြောင့်မေးခွန်းပြန်မေးဖို့ကို တွန့်ဆုတ်မနေပါနဲ့။  

ဒီအချက်တွေကိုသာ သတိထားပြီးရှောင်ရှားနိုင်မယ်၊ ဆင်ခြင်နိုင်မယ်ဆိုရင် Interview ဖြေတဲ့အခါမှာ အခက်အခဲမရှိ အဆင်ပြေချော့မွေ့စေနိုင်မှာပဲဖြစ်ပါတယ်။ 

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020