facebook tracking image
COVID-19 and Career Moves: Key Insights for Job Seekers
Career Advice

COVID-19 and Career Moves: Key Insights for Job Seekers

COVID-19 ကပ်ရောဂါနှင့်အပြိုင် အလုပ်ရှာ‌ဖွေသူများအတွက် သိကောင်းစရာများ

အခုလို COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ အကြပ်အတည်းကာလအတွင်းမှာ အလုပ်ရှာဖွေသူများအတွက်လည်း အကျိုးရှိပြီး ထိရောက်စေမယ့်နည်းလမ်းများနဲ့ သိထားသင့်တဲ့အချက်များကို လိုက်နာကျင့်သုံးလို့ရအောင် မျှ‌ဝေ‌‌‌‌‌‌‌ပေးချင်ပါတယ်။

နံပါတ် (၁) ဖုန်းနှင့်ဗီဒီယိုအင်တာဗျူးခြင်းကို တွင်တွင်ကျယ်ကျယ်အသုံးများလာခြင်း
အခုအချိန်ဟာ လုပ်ငန်းရှင်တွေအနေနဲ့ လူတွေ့ Interview ဖြေဆိုဖို့အဆင်မပြေဖြစ်ကြရပါတယ်။ ဒီလိုအခြေအနေ မျိုးမှာ အလုပ်ရှာဖွေသူများအတွက် ဖုန်းနှင့်ဗီဒီယို Interview ခြင်းနည်းလမ်းများသာ အကောင်းဆုံးဖြစ်တာကြောင့် Skype, Zoom နဲ့ Google Meet စသည့် Web Conferencing Tool တွေနဲ့ အကျွမ်းတဝင်ရှိထားဖို့ရန်လိုအပ်ပါတယ်။ Video ဖြင့် Interview ကိုကောင်းမွန်စွာပြုလုပ်နိုင်ရန် ကောင်းသောအိမ်နောက်ခံနှင့် အလင်းရောင်ရှိတဲ့စိတ်ငြိမ်သောနေရာကိုရှာဖွေပြီး၊ သင့်ရဲ့ Desktop ရှိ Camera နှင့်စကားပြောရတာ အဆင်ပြေကြောင်း သေချာအောင်ပြုလုပ်ပါ။

နံပါတ် (၂) Online မှကျွမ်းကျင်းမှုအသစ်များအားဆည်းပူးခြင်း
ယခုအချိန်တွင် Work From Home နည်းလမ်း ကျင့်သုံးနေရသည့်အတွက် ယခင်ကလို ရုံးအသွား/အပြန် အချိန်များသက်သာစေပြီး၊ ယခင်ကမပြီးပြတ်သေးတဲ့ Online Learning များအတွက် သေချာစွာလေ့လာ ဆည်းပူးရန်အတွက်အချိန်ကောင်းဖြစ်ပါတယ်။ ထို့ပြင် အလုပ်လုပ်ရာတွင်လည်း Productivity ကောင်းကောင်း ဖြင့်လုပ်နိုင်မည့်အပြင် Self-Management ကိုလည်း သေချာစွာတည်ဆောက်နိုင်လာလိမ့်မယ်လို့တွေးမိပါတယ်။ ကိုယ့်ရဲ့ Online ဖြစ်တည်မှုကိုလည်း အရင်ကထက် Active ဖြစ်နေရန်အကြံပြုပါရစေ။

နံပါတ် (၃) ‌‌‌ Hot Jobs, Hot Industries များအားသိရှိထားခြင်း
အပြင်မှာလူစုလူဝေးဖြင့်လုပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်း Event များလည်း လုပ်ခွင့်မရသေးသည့်အတွက် ခုလို အကျပ်အတည်းကာလမှာ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းများကိုအာရုံစိုက်ရန်၊ မြင့်တက်နေသောစက်မှုလုပ်ငန်းများ အပေါ်အခြေခံ၍ သင်ရဲ့ပစ်မှတ်ကုမ္ပဏီစာရင်းကို ဦးစားပေးရွေးချယ်ပါ။

ဒါ့အပြင် လက်ရှိမြန်မာပြည်ရဲ့ထိပ်တန်း MyWorld Recruitment Agency နှင့်ချိတ်ဆက်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ထိုမှတစ်ဆင့် တတ်သိနားလည်သော Recruiter တွေဆီမှအကြံပြုချက်များရယူပြီး အလုပ်အကိုင်ကောင်းများရရှိရန် အခွင့်အလမ်းများရှိနေသည့်အတွက် မိမိရဲ့ Resume ကိုလည်း ကောင်းစွာ ပြင်ဆင်ပြီး Register လုပ်ထားရန်အကြံပြုရင်း ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လည်း တိုက်တွန်းလိုက်ပါရစေ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020