Cultivating the Love for Reading: Where to Start?
စာဖတ်ဝါသနာကို ဘယ်လိုလေ့ကျင့်ယူကြမလဲ?
တိုးတက်လာတဲ့ခေတ်ရေစီးကြောင်းအရ Social Media တွေ အများကြီးပါ်ထွက်လာမှုရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ စာဖတ်ဖို့အတွက်အချိန်မပေးနိုင်တာတွေ စာဖတ်ပျင်းသွားတာတွေဖြစ်လာပါတယ်။ သူများတွေ စာတစ်အုပ်ကို ခဏလေးနဲ့ ဖတ်လိုပြီးသွားတဲ့အချိန်မှာ သင်ဟာစာဖတ်ချင်သော်လည်းစာဖတ်ပျင်းသူတယောက်ဖြစ်နေခဲ့မယ်ဆိုရင်အောက်ပါအချက်လေးတွေနဲ့ စာဖတ်ဝါသနာကိုလေ့ကျင့်ယူလို့ရပါတယ်။
၁) ကြားဖူးနားဝရှိတဲ့ စာရေးဆရာတွေထဲက တယောက်ကို ရွေးလိုက်ပါ။(သင်မသိခဲ့ရင် သင့်ဆရာတွေ အသိမိတ်ဆွေတွေထံမှ အကြံဉာဏ်ကိုရယူပါ)
၂) ထိုစာရေးဆရာရဲ့ အအောင်မြင်ဆုံး စာအုပ်တအုပ်ကို ရွေးချယ်ပါ။
၃) ဘယ်အချိန်မှာ ဖတ်မယ်ဆိုတာကို မိမိဘာသာ သတ်မှတ်ယူပါ။(ဥပမာ - ညအိပ်ယာဝင်ခါနီးပေါ့)၄) တစ်နေ့ ဘယ်နှစ်မျက်နှာ ပြီးအောင်ဖတ်မယ်ဆိုတာကို Target ထားပါ။(ဥပမာ - အခန်းနဲ့ဖော်ပြထားတဲ့ စာအုပ်မျိုးဆိုရင် တနေ့ဘယ်နှစ်ခန်း ပြီးအောင်ဖတ်မယ်ဆိုတာမျိုး သတ်မှတ်ထားသင့်ပါတယ်)
၅) ပထမရက် စိတ်မပါတပါ ဖတ်ရပေမယ့် မိမိသတ်မှတ်ထားတဲ့ Target ထိပြီးဆုံးအောင်ဖတ်ပါ။ဒုတိယရက် ထိုအတိုင်းဆက်လုပ်ပါ။
၆) တတိယရက်မှာ သင့်ရဲ့ စိတ်ဝင်စားမှု Level တိုးတက်လာခြင်းနှင့်အမျှ Target ကိုပိုတိုးကာ သတ်မှတ်ခြင်းဖြင့် သင့်ရဲ့စာဖတ်ဝါသနာပါမှု အရှိန်ကိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။
ထိုနည်းဖြင့် စာဖတ်ပျင်းသော သင့်စိတ်ကို အနိုင်ယူနိုင်မှာဖြစ်ပါတယ်။ စာချစ်သူတွေအနေနဲ့ ဒီစာကို အဆုံးထိဖတ်ပြီးပြီ ဆိုကတည်းက သင်ဟာစာဖတ်ဖို့ ဝါသနာပါသူဆိုတာ သတ်မှတ်လို့ရနေပြီ ဆိုတာ မမေ့နဲ့နော်…