facebook tracking image
CV vs Resume
Personal Development

CV vs Resume

အလုပ်လျှောက်တဲ့အခါမှာ တစ်ချို့သူတွေကတော့ CV လို့သုံးကြပြီး တစ်ချို့ကျတော့ Resume ပို့ကြတယ်ဆိုတာကိုကြားဖူးကြမှာပါ။ ဒီတော့ CV နဲ့ Resume ဟာ အတူတူပဲလား ဘာတွေကွာခြားမှုရှိလဲ? ဒီနှစ်ခုမှာ ဘယ်ဟာကအလုပ်လျှောက်တဲ့နေရာမှာ ပိုပြီးထိရောက်မှုရှိလဲ စသဖြင့် မေးတတ်ကြတာတွေရှိပါတယ်။ များသောအားဖြင့်တော့ CV နဲ့ Resume ကို အတူတူပဲလို့ထင်တတ်ကြပါတယ်။ တကယ်တော့ အနည်းငယ်ကွဲပြားခြားနာချက်တွေရှိတာကြောင့် မသိသေးတဲ့သူတွေအတွက် ကိုယ်တိုင်ရေးသားတဲ့အခါမှာ အထောက်အကူဖြစ်အောင် ဗဟုသုတအနေနဲ့မျှဝေပေးချင်ပါတယ်။ 


CV ဆိုတာဘာလဲ? 

CV ရဲ့ အပြည့်အစုံ အရှည်ကောက်ဟာ Curriculum Vitae ဖြစ်ပြီးတော့ ကိုယ့်ရဲ့ Career Course တစ်ခုလုံးကို အပြည့်အစုံဖော်ပြထားတဲ့ စာရွက်စာတမ်းတွေဖြစ်ပါတယ်။ CV တစ်ခုဟာ အနည်းဆုံး နှစ်မျက်နှာကနေ အများဆုံးဆယ်မျက်နှာထိ ရှိနိုင်ပါတယ်။ 


CV ထဲမှာ ဘာတွေပါဝင်လဲ? 

CV ထဲမှာဆိုရင် ဆက်သွယ်ရမယ့်လိပ်စာ အပြည့်အစုံ၊ Objective၊ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ ကိုယ့်ရဲ့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေ၊ ရရှိခဲ့တဲ့ Professional Qualification တွေ၊ Award တွေ နဲ့ Languages, Skills, Conference, Research Experiences နဲ့ Reference စတာတွေကို ပြည့်ပြည့်စုံစုံဖော်ပြရတာမျိုးဖြစ်ပါတယ်။ 


Resume ဆိုတာဘာလဲ? 

Resume ဆိုတာကတော့ ကျစ်ကျစ်လစ်လစ်နဲ့ အချက်အလက်ပြည့်စုံအောင်ရေးသားထားတဲ့ အလုပ်လျှောက်လွှာဖြစ်ပါတယ်။ Resume ကတော့ CV နဲ့ယှဉ်ရင် အနည်းငယ်ကွဲပြားပါတယ်။ CV မှာလိုမျိုး ကိုယ့်ရဲ့ Personal Statement နဲ့ Achievement တွေကိုဖော်ပြတာထက် လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေ၊ Specific Job တွေကို အသားပေးရေးသားတာမျိုးဖြစ်ပြီး စာမျက်နှာ နှစ်မျက်နှာခန့်ရှိတတ်ပါတယ်။ အလုပ်ခန့်မယ့် Recruiter တွေ၊ အလုပ်ရှင်တွေက ကိုယ့်ရဲ့ Work History ကို Overview အကျဉ်းချုပ်ကြည့်တဲ့အခါမှာလည်း ပိုပြီးလွယ်ကူစေနိုင်ပါတယ်။ 


Resume ထဲမှာ ဘာတွေပါဝင်လဲ?

Resume တစ်စောင်မှာဆိုရင် ဆက်သွယ်ရမယ့် လိပ်စာအပြည့်အစုံ၊ Resume Summary/Resume Objective၊ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်ရာထူးနဲ့ အခြားလုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်း၊ Professional Qualification တွေ၊ Skill တွေနဲ့ အခြား အချက်အလက်အနည်းငယ်တို့ပါဝင်ပါတယ်။

CV နဲ့ Resume ဘာတွေကွာခြားလဲဆိုတာ အချုပ်ပြောရမယ်ဆိုရင်တော့ CV မှာဘယ်နှရွက် ဘယ်လောက်ထိရေးရမယ်ဆိုတာ သတ်မှတ်ထားခြင်းမရှိပေးမယ့် Resume ကတော့ ပုံမှန်အားဖြင့် နှစ်မျက်နှာလောက်သာရှိသင့်ပါတယ်။ ကောင်းမွန်တဲ့ CV တစ်စောင်မှာ အလုပ်လျှောက်တဲ့သူရဲ့ Academic Career တစ်ခုလုံးကို အသေးစိတ်ရေးသားဖော်ပြထားတာဖြစ်ပြီး Resume ကတော့ Skill နဲ့ Working Experinence တွေကို လိုရင်းတိုရှင်း အချက်အလက်အပြည့်အစုံ ရေးသားထားတာဖြစ်ပါတယ်။ CV ကိုတော့ Academic Purpose အတွက် အသုံးပြုတာဖြစ်ပြီး Resume ကတော့ အလုပ်လျှောက်ဖို့အတွက် အသုံးပြုရတာဖြစ်ပါတယ်။ 

အပေါ်မှာပြောသွားခဲ့သလို အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ CV Template, Resume Template တွေကို MyWorld Careers Website ရဲ့ Resources ထဲက Resume and Cover Letter Section မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

ဒီလောက်ဆိုရင်တော့ CV နဲ့ Resume ဘယ်လိုတွေကွာခြားလဲဆိုတာ ကွဲကွဲပြားပြားသိလောက်ပြီထင်ပါတယ်။ ဒီဆောင်းပါလေးကိုဖတ်ရှုပြီးတော့ ကိုယ့်ရဲ့ Career Development အတွက်ကောင်းကောင်းအသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016