facebook tracking image
Does Uploading Your CV Across Multiple Channels Help You Get a Job Faster?
Career Advice

Does Uploading Your CV Across Multiple Channels Help You Get a Job Faster?

ကိုယ့်ရဲ့ CV ကို Channel ပေါင်းစုံကနေတင်တာ အလုပ်မြန်မြန်ရဖို့အထောက်အကူဖြစ်လား?

Recruiter တယောက်အနေနဲ့ မြင်နေကျအရာတစ်ခုကတော့ Candidateတွေ အလုပ်လျှောက်တဲ့အခါ Channel မျိုးစုံကနေလျှောက်တတ်ကျတာပဲဖြစ်ပါတယ်။ အဲလိုလျှောက်တဲ့အခါကိုယ့်ရဲ့ CVက Hiring manager ဆီကို Channel အစုံကနေလာတာဖြစ်တဲ့အတွက် ပိုပြီး Notice ဖြစ်မိနိုင်ပြီး အလုပ်ရဖို့ပိုမြန်လိမ့်မယ်လို့ တွေးကျတဲ့သူတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး Recruiter တယောက်အနေနဲ့ရှင်းပြချင်ပါတယ်။

ကိုယ့်ရဲ့ CV ကိုနေရာပေါင်းစုံကနေတင်တဲ့အခါ HR နဲ့ Hiring manager တွေဟာ တခါတရံမှာ ဒီလို CV မျိုးကို မရွေးချယ်တာမျိုး၊ နောက်ဆုံးမှာထားလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Candidate ဟာ အလုပ်လျှောက်တဲ့အခါ သေချာပြင်ဆင်မှုအားနည်းတယ်လို့ ယူဆသွားတတ်ကျပါတယ်။ နေရာပေါင်းစုံကနေတင်တာဟာ ကိုယ့်အတွက် impression ကောင်းတာမျိုးလုံးဝမဖြစ်စေပါဘူး။ ဘယ် Channel ကို Follow up လိုက်ရမှန်းမသိ၊ ဘယ်လိုပြောထားမှန်းမမှတ်မိတာတွေဖြစ်တတ်တာမို့ channel အစုံကနေအလုပ်တခုထဲကိုလျှောက်တာမျိုးမလုပ်မိဖို့အထူးလိုအပ်ပါတယ်။ ကိုယ့်ရဲ့ CV က တနေရာထဲကို Channel မျိုးစုံကနေဝင်နေတဲ့အခါ ကိုယ်ဟာ Stand out မဖြစ်ပဲ annoying ဖြစ်သွားဖို့ ပိုများသွားနိုင်ပါတယ်။ တခါတလေမှာအဲ့လိုလျှောက်ဖြစ်သွားရင်လည်း သေချာမှတ်ထားပြီး channel တခုခုကပြန်ဆက်သွယ်လာတဲ့အခါမှာ သေချာပြောဖို့လိုအပ်ပါတယ်။ ကိုယ်တကယ်လိုချင်တဲ့အလုပ်တွေ့တဲ့အခါ Direct applying နဲ့သွားမလား၊ recruiter နဲ့သွားမလား၊ referral ကနေတဆင့်သွားမလားဆိုတာကို သေချာလေ့လာပြီး ကိုယ့်အတွက်အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ရတဲ့နေရာတခုထဲကနေလျှောက်ပြီး သေချာ process သွားဖို့အကြံပေးလိုပါတယ်။

MyWorld Careers ဟာ အလုပ်ရှာနေတဲ့ candidate တွေကို သင့်တော်တဲ့အလုပ်ကိုဆက်သွယ်ပေးရုံသာမက Career နဲ့ပတ်သက်တာတွေကိုအမြဲအကြံပြုပေးလျက်ရှိပါတယ်။ MyWorld မှာ လက်တလော open ဖြစ်နေတဲ့ position တွေကို https://www.myworld.com.mm/jobs ဝင်ရောက်ကြည့်ရှုနိုင်ပြီး စိတ်ဝင်စားတဲ့ position ကို job link ကနေတဆင့် CV တင်ပြီး တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ ဒါမှမဟုတ် support@myworld-careers.com ကို CV ပေးပို့ပြီးလည်း လျှောက်ထားနိုင်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020