Does Your Effort Get the Recognition It Deserves at Work?
လုပ်ငန်းခွင်မှာ သင့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု ခံရပါသလား?
လုပ်ငန်းခွင်မှာ သင်တို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု ခံရပါသလား? ဒီမေးခွန်းအတွက် အဖြေက Yes or No နှစ်ခုပဲ ရှိပါလိမ့်မယ်။ အသိအမှတ်ပြုခံရသူတွေ အတွက်ကတော့ ရှေ့ဆက်မယ့်နေ့ရက်တွေမှာ အထက်လူကြီး စိတ်မပျက်အောင် အစဉ်တဆက် ကြိုးစားနေဖို့ပါပဲ။ ဒီနေ့ content လေးမှာကိုယ်က ဘယ်လောက်ကြိုးစားကြိုးစား အထက်လူကြီးရဲ့ အသိအမှတ်ပြုခြင်း ချီးကျူးခြင်းကို မခံရဘူးဆိုပြီး မိမိကိုယ်ကို အားမလို အားမရဖြစ်နေတယ့်သူတွေအတွက် ဒီစာလေးဖတ်ပြီးတာနဲ့ အင်အားတစ်ခု၊ အတွေးတစ်ခု ရအောင် ရည်ရွယ်ပြီး ရေးသားထားပါတယ်။ အဲဒီလို အခက်အခဲတွေနဲ့ ကြုံတွေ့နေရသူတွေအတွက် လုပ်သင့်/လုပ်ကြည့်သင့်တယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။
1. Please communicate
ဒီမှာ တော်တော်များများက ကိုယ့်ရဲ့ Report Person/Line Manager တွေနဲ့ ပြောဆိုဆက်ဆံဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ အရေးကြီးတာက သူတို့နဲ့ သေချာ ပြောဆိုမေးမြန်းရပါမယ်။ ကိုယ့်ရဲ့ Performance နဲ့ ပတ်သက်ပြီး ဘယ်အရာက ကောင်းတယ် မကောင်းဘူး၊ ဘာတွေ တိုးတက်အောင် လုပ်သင့်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။
2. Let them know what you have done
Company တိုင်းမှာ Weekly Meeting လုပ်တယ့်အခါ ဘာတွေ ဘယ်လိုပြီးမြောက်ခဲ့တယ်ဆိုတာ ပြောနေကြဖြစ်မှာပါ။ အဲ့အချိန်တွေမှာလည်း ကိုယ်က ဒီတစ်ပတ်အတွက် ဘာတွေလုပ်ခဲ့တယ်၊ ဘယ်အရာတွေက ကိုယ့်ရဲ့ Company အတွက် Effective ဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပါ။ တချို့သူတွေက အဲလိုမျိုး လူအများရှေ့မှာ ပြောပြဖို့ မရဲတာမျိုးတွေလည်းရှိပါတယ်။ ကိုယ့်ကို တခြားသူ ဘယ်လိုမြင်မလဲပေါ့။ ကိုယ့်ဆီမှာ အဲ့လို အတွေးမျိုးရှိနေတယ်ဆိုရင် ဖယ်ထုတ်လိုက်ပါ။ အထက်လူကြီးတွေက တစ်ယောက်ချင်းစီကို အသေးစိတ်လိုက်မကြည့်နိုင်ပါဘူး။ ကိုယ့်ဘက်ကသာ ကိုယ့်ရဲ့ Achievement တွေကို Share မှသာ သူတို့လဲ Appreciate လုပ်ပေးနိုင်မှာပါ။
3. Share your ideas
ကိုယ်တွေက Market နဲ့ အနီးကပ်ဆုံး အလုပ်လုပ်ရတာ ဖြစ်တယ့်အတွက် Market အတွင်းက လိုအပ်ချက်တွေကို သိရှိမှာ အမှန်ပါပဲ။ အဲလို အခြေအနေမျိုးမှာဆို လုပ်သင့်တဲ့ ပြင်ဆင်သင့်တဲ့ အရာတွေကို ကိုယ့်ဘက်က initiate လုပ်ပြီး ပြောပြပါ။ သင် share လုပ်လိုက်တဲ့ idea တိုင်းကတော့ မအောင်မြင်နိုင်ပါဘူး။ အဲလို အချိန်တွေမှာလဲ အားမလျှော့ဘဲ အမြဲ market ကို update လုပ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ။ တချိန်မှာတော့ သင့်ရဲ့ ကြိုးစားမှုတွေကို မြင်တွေ့လာမှာ အမှန်ပါပဲ။
4. Don't compare yourself with others
သင့်ကို သင်ပဲ ပိုင်ပါတယ်။ တခြားသူနဲ့ နှိုင်းယှဉ်ပြီး "ငါ အသုံးမကျဘူး" "ငါ သူ့လောက် မတော်ဘူး" ဆိုတယ့် အတွေးမျိုးကို အဝင်မခံပါနဲ့။ အဲ့အတွေးတွေက ကိုယ့်ရှေ့ဆက်မယ့်နေ့ရက်တွေမအတွက် အကြီးမားဆုံး အတားအဆီးတစ်ခုပါပဲ။ လူသားတိုင်းက ကိုယ်ပိုင် အရည်အချင်းနဲ့ မွေးဖွားလာကြတာပါ။ သူတော်တယ့်နေရာမှာ သင် မတော်ငလ်ု သင်တက်မြောက်နေတယ့် နေရာမှာလဲ သူ မရတာမျိုး ရှိပါတယ်။ ဘယ်တော့မှ ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့။ Self-confident နဲ့ ရှေ့ဆက်ပါ။
ကြိုးစားမှုနဲ့ အောင်မြင်မှုဆိုတာ အမြဲဒွန်တွဲနေတာပါ။ ဘယ်အောင်မြင်မှုမှ လွယ်လွယ်မရနိုင်ဘူးဆိုတယ့် ဆောင်ပုဒ်ရှိသလို သင်လည်း သင့်အောင်မြင်မှုကိုရနိုင်ဖို့ အချိန်ယူရပါမယ် စိတ်ရှည်ရပါမယ်။ အသိအမှတ်ပြုမခံရဘူးဆိုပြီး စိတ်ဓာတ်တွေကျ ဘာမှဆက်မလုပ်ချင်ဖြစ်တာတွေက တကယ်တော့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ အဲလိုအချိန်တွေဆို ပြောပြပါ၊ ဆွေးနွေးပါ၊ မိမိကိုယ်ကို အားပေးပါ၊ ဆက်လက်ကြိုးစားပါ။