facebook tracking image
Effective Tips for Fitting In at Your New Workplace
Career Advice

Effective Tips for Fitting In at Your New Workplace

အလုပ်အသစ်မှာ အံဝင်ခွင်ကျဖြစ်ဖို့ဆိုရင် 

ဒီ Blog ကတော့ အလုပ်သစ်တစ်ခုကို Join တဲ့အခါ အဆင်ပြေချောမွေ့ပြီး အဲဒီ Working environment နဲ့လည်း လိုက်လျောညီထွေရှိစေဖို့အတွက် လုပ်ဆောင်သင့်တဲ့ Tips တွေကို ပြောပြပေးမှာဖြစ်ပါတယ်။

On time, every time

အလုပ်ပထမဆုံးရက်ကတည်းက ရုံးနောက်ကျနေမယ်ဆိုရင် တခြားသူတွေရဲ့ ကိုယ့်အပေါ် Impression က ဘယ်လိုမှ ကောင်းမှာမဟုတ်ပါဘူး။ HR အနေနဲ့လည်း First Day Orientation အတွက် ပြင်ဆင်ထားမှာဖြစ်လို့ ကိုယ့်ဖက်ကလည်း အလုပ်စတက်ရမယ့်နေ့အတွက် လိုအပ်တာတွေ ကြိုပြီး ပြင်ဆင်သင့်ပါတယ်။ ဖြစ်နိုင်ရင် စောစောထွက်ပါ။ အလုပ်က Lift နဲ့တက်ရတာမျိုးဆိုရင် စောင့်ရတာမျိုး ရှိတတ်တဲ့အတွက် ၉နာရီ ရုံးချိန်ဆိုရင် ၈:၄၅ လောက် ရုံးခန်းထဲရောက်နေဖို့ စီစဉ်ထားပါ။ နောက်ရက်တွေမှာလည်း အသားကျသွားပြီဆိုပေမယ့် ရုံးချိန်မှန်ဖို့ ဂရုပြုသင့်ပါတယ်။

Put personal affairs/Things aside

Employees bonding အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လယ်စာ အတူစားတာမျိုး၊ Break time လို အချိန်မျိုးမှာ ကိုယ့်အနေနဲ့ ဖုန်းပဲ သုံးနေတာမျိုး လုပ်မယ့်အစား၊ သူတို့နဲ့ ရင်းနှီးအောင် စကားစမြည် ပြောဆိုသင့်ပါတယ်။ အလုပ်ချိန်မှာဆိုလည်း Personal ဖုန်းကို အသံပိတ်ထားသင့်ပါတယ်။ အသစ်တစ်ယောက်အနေနဲ့ ပထမဆုံး အလုပ်စတက်တဲ့ တစ်ပတ်က Learning ‌from others ကို ကောင်းကောင်း Focus လုပ်သင့်တဲ့ကာလ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ်က အလုပ်မှာ တကယ်စိတ်ဝင်စားလို့ Team ကို Value added လုပ်မယ့် Member တစ်ယောက်အနေနဲ့ ကြိုဆိုကြမှာ ဖြစ်ပါတယ်။ အလုပ်ချိန် ၈နာရီဟာ အလုပ်အတွက်သာ ဖြစ်သင့်ပါတယ်။

Be humble and say thank you

မသိတာ၊ နားမလည်တာကို ပြန်မေးဖို့ ဘယ်တော့မှ မရှက်ပါနဲ့၊ မကြောက်ပါနဲ့။ သိသလိုလို၊ နားလည်သလိုလို ဟန်ဆောင်ခြင်းကိုသာ လူတွေက မကြိုက်ကြတာပါ။ နောက်ပိုင်း ကိုယ့်အတွက်လည်း ဒုက္ခရောက်စေမယ့် ခြေလှမ်းမျိုး ဖြစ်ပါတယ်။ ရိုးရိုးသားသားနဲ့ ကိုယ့်ရဲ့ နားလည်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း Level ကို ပြောပြသင့်ပါတယ်။ ဘယ်လို Position မျိုးနဲ့ ဝင်သည်ဖြစ်စေ အသစ်တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်ကို အသားကျပြီးသား ဝန်ထမ်းဟောင်းတွေကို Respect တစ်ခု ရှိရမှာဖြစ်ပါတယ်။ Toilet ဘယ်မှာမှန်းမသိလို့ လမ်းညွှန်ပေးတဲ့ Cleaner ကိုလည်း ကျေးဇူးတင်ပါတယ် လို့ပြောဖို့ မမေ့ပါနဲ့။

Improve (even a little) every day

လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိဖို့အတွက် အရင်ဆုံး အလုပ်နဲ့အကျွမ်းတဝင်ရှိရပါတယ်။ အဲဒီလို ရင်းနှီးလာဖို့အတွက် ဘယ်လိုလုပ်တယ်၊ ဘာကြောင့်လုပ်တယ် ဆိုတဲ့ SOP တွေ၊ Work Flow တွေကို လေ့လာသင့်ပါတယ်။ ကိုယ်လုပ်မိတဲ့ဟာတစ်ခုကြောင့် အများကို ထိခိုက်ခဲ့သည်ရှိသော် တောင်းပန်စကား ဆိုသင့်ပါတယ်။ အသစ်ဆိုပေမယ့်လည်း ကိုယ့်အမှားကို တာဝန်ယူတတ်တဲ့စိတ်မျိုး ရှိတဲ့သူကို ဘယ်သူမှ မချစ်ခင်ဘဲမနေနိုင်ပါဘူး။ အမှားထဲကနေ သင်ခန်းစာယူပြီး တစ်ရက်ထက်တစ်ရက် တိုးတက်အောင် ကိုယ့်ဖက်က ဇွဲမလျှော့ဘဲ ကြိုးစားမယ်ဆိုရင် အလုပ်မှာ အားကိုးရတဲ့သူတစ်ယောက် ဖြစ်ကိုဖြစ်လာမှာပါ။ ​

အထက်ပါအချက်တွေကို လိုက်နာပြီး လုပ်ငန်းခွင်မှာ အောင်မြင် ပျော်ရွှင်တဲ့သူတွေ ဖြစ်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။​

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020