facebook tracking image
Effective Ways to Improve Your Customer Service
Workplace Etiquettes

Effective Ways to Improve Your Customer Service

Customer Service ပိုင်းကို ကောင်းမွန်အောင် ဘယ်လိုလုပ်သင့်လဲ?

Customer Service လို့ပြောတာနဲ့ လူတစ်ယောက်ရဲ့စိတ်မကြည်မှုကို ကြည်အောင်ဖြေရှင်းနည်းလို့ပဲ အကြမ်းဖျဉ်းအားဖြင့်သိထားကြပါတယ်။ အဲ့လိုဖြေရှင်းတဲ့နေရာမှာ နည်းလမ်းကျကျရှင်းတာနဲ့ နည်းလမ်းမကျရှင်းတာဆိုပြီး ၂ မျိုး ခွဲနိုင်ပါတယ်။ ဒါဆိုနည်းလမ်းတကျနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲ?  ​

1. တစ်ဖက်ကပြောတာသေချာနားထောင်ပါ။  

ရှိပြီးသား Format တွေနဲ့နားမထောင်ပါနဲ့။ Complaint ဆိုတာက စိတ်မကြည်လို့ ဒေါသထွက်လို့လာကြတာမျိုးပါ။ အချိန်ပေးပြီး သေချာနားထောင်နိုင်ရပါမယ်။ သူ့နေရာမှာ ကိုယ်ဆိုတဲ့စိတ်လေးထားလေးနဲ့ သူဘယ်လိုအဆင်မပြေတာတွေကြုံတွေ့နေသလဲဆိုတာကို Empathy ထားပြီး Actively Listen လုပ်သင့်ပါတယ်။ ​

2. တောင်းပန်ဖို့ဝင်မလေးပါနဲ့။  

ဒီနေရာမှာ ကိုယ်မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ Customer Always Right ဖြစ်တယ်လို့ ပြောကျပေမယ့် သွေးပူနေတဲ့အချိန် တစ်ဖက်ကဒေါသထွက်နေတဲ့အချိန်မှာ အရင်ဆုံးတောင်းပန်လိုက်ခြင်းက တစ်ဖက်လူအတွက် အဆင်ပြေစေပါတယ်။ Positive Attitude နဲ့ဆက်ဆံလိုက်ခြင်းက ရေရှည်အတွက်လည်းကောင်းပါတယ်။  

​3. Complaint တတ်သူကို Relax ဖြစ်အောင် ဖြေသိမ့်ပါ။  

Customer ကို Relax ဖြစ်အောင် နှစ်သိမ့်ပါ။ ဖြေရှင်းဖို့နည်းလမ်းပါ တစ်ခါတည်းစဉ်းစားထားပါ။့ Customer Experience နဲ့ပတ်သက်လာရင် အများစုက မိမိတို့ရဲ့အချိန်ကို အရေးကြီးတဲ့အရာအဖြစ်သတ်မှတ်ကြပါတယ်။  Complaint တွေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်နဲ့ဖြေရှင်းတတ်ဖို့က Customer Service ပိုင်းမှာ အလွန်ပဲအရေးကြီးပါတယ်။

4. တိကျသေချာတဲ့ Solution ပေးပါ။  

Technical ကျကျ ဖြေရှင်းတဲ့အခါမှာ ပြဿနာကို သေချာစစ်ဆေးပြီး ရလာတဲ့အဖြေကို နားလည်အောင်ရှင်းပြပြီး နောက်မဖြစ်စေရန် ကတိပေးပါ။ ကောင်းမွန်စွာနှုတ်ဆက်ခြင်းဖြင့် အဆုံးသက်ပါ။ ဖြေရှင်းချက်အပေါ်လည်း ကျေနပ်အားရမှုရှိမရှိ ပြန်မေးပေးပါ။  နောက်ပြီး Customer ကို ကိုယ့်ရဲ့ Product or Service နဲ့ပတ်သက်ပြီး ပေးထားတဲ့ ကတိအတိုင်း Commitment ယူနိုင်ရပါမယ်။ ​

Customer Service ဆိုတာ  ပြင်ပ Customer တွေ Client တွေနဲ့မှ မဟုတ်ပါဘူး။ ကိုယ်ရဲ့လူမှုအသိုင်းအဝိုင်းထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ အသိမိတ်ဆွေတွေ၊ မိသားစုနဲ့  အဆင်ပြေအောင် ပြောဆိုဆက်ဆံခြင်းကလည်း Customer Service ပါပဲ။ Customer Service ပိုင်းကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်လာစေဖို့ ဒီအချက်လေးတွေကို သတိပြုစေချင်ပါတယ်။ ​​

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016