facebook tracking image
Engineering Careers and Job Opportunities in the Telecom Industry
Career Advice

Engineering Careers and Job Opportunities in the Telecom Industry

အင်ဂျင်နီယာနှင့်အလုပ်အကိုင်အခွင့်အလမ်း (Telecom Industry)

ပထမဆုံးအချက်အနေနဲ့ ဒီ Article က ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်နဲ့ ထင်မြင်ယူဆချက်တွေအပေါ်အခြေခံထားတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိခဲ့မယ်ဆိုရင် အပြုသဘောဆန်တဲ့အကြံပြုချက်တွေကို ကြိုဆိုပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖွံဖြိုးဆဲကာလတွေမှာ အတော်လေး အရှိန်ယူခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ တော်တော်လေးများပြားလာတာကိုတွေ့ရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ များပြားလာတဲ့အညီ အင်ဂျင်နီယာတော်တော်များများလျှောက်ချင်ကြတဲ့ Industry သုံးခုရှိပါတယ်။ အဲဒါတွေကတော့

၁) Telecom Industry
၂) Construction Industry
၃) Manufacturing Industry တို့ဖြစ်ပါတယ်။

အင်ဂျင်နီယာတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ခေတ်စားတာနဲ့အညီ Construction အပိုင်းကို ဦးစားပေးလျှောက်ကြတဲ့အခြေအနေတွေကို တွေ့ခဲ့ရပေမယ့် အခုအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့အပြိုင် တခြားသောရွေးချယ်စရာအလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာနေပြီဖြစ်ပါတယ်။

တခြားအရာတွေကို ကြည့်စရာမလိုပဲ ကျွန်တော်တို့နေ့စဉ်လူနေမှုဘဝတွေရဲ့ မရှိမဖြစ်အစိတ်အပိုင်းဖြစ်လာတဲ့ မိုဘိုင်းဖုန်းတွေရဲ့ အော်ပရေတာတွေကသက်သေပဲဖြစ်ပါတယ်။

ယခုလက်ရှိအချိန်အထိမှာတော့ (၁) MPT (၂) Ooredoo (၃) Telenor ဆိုတဲ့ Telecom Operator ၃ ခုဟာ စျေးကွက်ထဲမှာ အပြိုင်အဆိုင်ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။ ၄ ခုမြောက်ဖြစ်လာမယ့် Mytel ကလည်း လုပ်ငန်းတွေစတင်လုပ်ကိုင်နေပြီဖြစ်တဲ့အတွက် သိပ်မကြာတော့တဲ့အချိန်ကာလတွေမှာ စျေးကွက်ထဲမှာ တွေ့ရတော့မှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အင်ဂျင်နီယာအလုပ်အကိုင်တွေထဲမှာ ရေပန်းအစားဆုံးဖြစ်လို့လာတာက Telecom Industry ဖြစ်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ 

ယခု Article မှာတော့ Telecom Industry မှာ လုပ်ကိုင်နေကြတဲ့ အင်ဂျင်နီယာတွေအတွက် Engineering Recruitment Consultant အနေနဲ့ ကျွန်တော်သိထားတဲ့ အချက်အလက်လေးတွေအနည်းငယ်ကို ဝေမျှပေးချင်ပါတယ်။

၁) ရည်မှန်းချက် ပန်းတိုင်
Telecom Industry မှာ လုပ်နေကြတဲ့ အင်ဂျင်နီယာတွေအနေနဲ့ Telecom Operator Level အထိအရောက်လှမ်းနိုင်ဖို့ကို ဦးစားပေးလာကြပါတယ်။ Telecom Operator တစ်ယောက်အတွက် လိုအပ်တဲ့ လုပ်ငန်းအတွေ့အကြုံတွေကို Telecom Operator တွေရဲ့ Vendor တွေဆီမှာအဓိကသင်ယူသွားကြတာကိုတွေ့ရပါတယ်။ Telecom Vendor တွေဆီမှာကတော့ Technical ပိုင်းနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေကိုလေ့လာဆည်းပူးနိုင်ပြီး Telecom Operator တွေမှာတော့ Management ပိုင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ရယူနိုင်မှာဖြစ်ပါတယ်။

၂) လုပ်ငန်းခွင်တည်မြဲမှု
အလုပ်ရှင်တွေဘက်က အခုနောက်ပိုင်း အဓိက ကြည့်လာကြတဲ့အချက်တစ်ချက်ကတော့ အလုပ်တစ်ခုနဲ့တစ်ခုကို မကြာခဏ ကူးပြောင်းလေ့ရှိတဲ့သူတွေကို သူတို့ကုမ္ပဏီမှာအလုပ်ခန့်ဖို့ မရွေးချယ်ချင်ကြတာကို ကျွန်တော်တွေ့လာရပါတယ်။ တစ်ချို့့သောသူတွေဟာ လုပ်ငန်းခွင်စွမ်းဆောင်မှုအပိုင်း၊ Technical အပိုင်းတွေမှာ တော်တော်လေး Strong ဖြစ်ပေမယ့် လုပ်ငန်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းက အရမ်းကို မြန်ဆန်လွန်းတာကိုတွေ့ရပါတယ်။ လက်ရှိရောက်နေတဲ့ နေရာတစ်ခုထက် မြင့်တဲ့နေရာကို ရောက်ဖို့ကိုခုန်ရမှာဖြစ်ပေမယ့် ခဏခဏခုန်နေခြင်းက ကိုယ့်ရဲ့ Resume ထဲမှာလည်း သိပ်မကောင်းတဲ့အချက်တစ်ခုလိုဖြစ်လာပါလိမ့်မယ်။

၃) လုပ်ငန်းခွင်နဲ့ Flexible ဖြစ်မှု
Telecom Industry မှာ လုပ်ကိုင်နေကြတဲ့သူတွေအတွက်ကတော့ လူပေါင်းစုံနဲ့ထိတွေ့ရမှာဖြစ်သလို လုပ်ငန်းအချိန်၊ လုပ်ငန်းနေရာမျိုးစုံကိုလည်း အဆင်ပြေပြေသွားနိုင်၊ လုပ်နိုင်ဖို့လိုအပ်ပါတယ်။ အလုပ်ရဲ့လိုအပ်ချက်အရ ခရီးသွားရခြင်း၊ အလုပ်အနည်းအများပေါ်မူတည်ပြီး သတ်မှတ်ထားသော Working Hour ထက်ပိုပြီး အလုပ်လုပ်ရခြင်းတို့လည်း ရှိလာနိုင်တဲ့အတွက် အဆင်ပြေစွာ ပူးပေါင်းလုပ်ကိုင်သွားနိုင်ဖို့အတွက်လည်း မျှော်မှန်းထားသင့်ပါတယ်။

၄) လိုအပ်တဲ့ဖြည့်စွက်ချက်များ
မိမိရဲ့လက်ရှိ Skills ထက် ပိုတက်လာစေဖို့အတွက်ကို လုပ်ငန်းခွင်အတွေ့အကြုံတွေအပြင် ဘာသာစကားကျွမ်းကျင်မှုကလည်း အရေးပါလို့လာပါပြီ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ တော်တော်များများဝင်လာတဲ့ အကျိုးဆက်ကတော့ လုပ်ငန်းရှင်များက English ဘာသာစကားကျွမ်းကျင်တဲ့ ပညာရှင်တွေကိုသာ သူတို့ Company မှာ ခန့်အပ်လိုတဲ့ ဆန္ဒရှိကြပါတယ်။ လုပ်ငန်းခွင်ပြင်ပအချိန်တွေမှာလည်း ကိုယ့်ဘဝတက်လှမ်းဖို့အတွက် လိုအပ်မယ့် ဘာသာစကားသင်တန်းများ၊ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်မယ့် ဆက်စပ်သင်တန်းများကိုလည်း တက်ထားသင့်ပါတယ်။

၅) ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးစွမ်းရည်
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်းဟာလည်း လုပ်ငန်းခွင်မှာသာမက လုပ်ငန်းခွင်ပြင်ပဖြစ်တဲ့ လူနေမှုဘဝကိုပါ ကောင်းမွန်တဲ့ ရလဒ်တွေကို ရစေနိုင်မှာဖြစ်ပါတယ်။ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်အခြေအနေတစ်ခု ဖြစ်လာဖို့အတွက် ကိုယ်တိုင်လည်း ပူးပေါင်းပါဝင် ဖန်တီးသင့်တာဖြစ်သလို လုပ်ငန်းခွင်မှာပျော်ရွှင်မှသာ လုပ်ငန်းခွင်စွမ်းဆောင်ရည် Performance ပိုမိုတိုးတက်လာစေမှာလည်း ဖြစ်ပါတယ်။

အထက်ပါအချက်အလက်တွေကို သေသေချာချာသိရှိနားလည်ထားရင်တော့ သိပ်မကြာခင်အချိန်ကာလမှာ အလုပ်ရှင်တော်တော်များများက လိုချင်လာကြတဲ့ အင်ဂျင်နီယာပညာရှင်ကောင်းတစ်ယောက်ဖြစ်လာမှာပါ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020