facebook tracking image
Essential Qualities of a Good Procurement Professional
Career Advice

Essential Qualities of a Good Procurement Professional

Procurement သမားကောင်းတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအခြေခံအချက်တွေ လိုအပ်သလဲ?

Supply Chain and Logistics business လုပ်ငန်းများဟာ မြန်မာစျေးကွက်မှာ တဖြည်းဖြည်းကျယ်ပြန့်စွာ လုပ်ကိုင်လာကြပြီဖြစ်ပါတယ်... ထို့အတူ လုပ်ငန်းရှင်များဘက်မှလဲ ကျွမ်းကျင်သော Procurement ဝန်ထမ်းကောင်းများကို ပိုမိုအလိုရှိလာကြပါတယ်။ ထို့ကြောင့် Professional Procurement သမားကောင်းတစ်ယောက်ဖြစ်စေဖို့ရန်အတွက် အခြေခံလိုအပ်တဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

Supplier များနှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်ခြင်း။ (Building Relationship with Suppliers)
Procurement အလုပ်တစ်ခုတွင် Supplier တွေနဲ့ ခိုင်မာတဲ့ ရင်းနှီးမှုတည်ဆောက်နိုင်ခြင်းသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ခိုင်မာတဲ့ Relationship ရှိမှသာ မိမိလုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ပစ္စည်းတွေကို ပိုမိုလျှော့ပေါ့တဲ့စျေးနှုန်းတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

စေ့စပ်ညှိုနှိုင်းခြင်း။ (Negotiation)
စေ့စပ်ညှိုနှိုိုင်းခြင်းဆိုင်ရာ အတတ်ပညာသည် Procurement လုပ်ငန်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အကျိုးအမြတ်ရနိုင်မည့် Supplier များကို မှန်ကန်စွာ ရွေးချယ်ရှာဖွေနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီသော Supplier အချက်အလက်များ ရှာဖွေစုဆောင်းခြင်း နှင့် စိစစ်ရွေးချယ်ခြင်း စသည်တို့သည် Procurement နယ်ပယ်တွင် အဓိက ကြုံတွေ့ရလေ့ရှိသော အခက်အခဲများပဲ ဖြစ်ပါတယ်။ ထို့ကြောင့် Procurement အလုပ်ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်သူတစ်ယောက်အနေနဲ့ ကုန်ကျစရိတ်များကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်ခြင်း၊ Supplier များနှင့် အပြန်အလှန် သဘောတူညီမှုရယူနိုင်ခြင်း စသည့် စေ့စပ်ညှိုနှိုင်းနိုင်ခြင်းဆိုင်ရာအတတ်ပညာများကို မဖြစ်မနေတတ်မြောက်ထားသင့်ပါတယ်။

သဘောတူညီမှု ရယူနိုင်ခြင်း။ (Agreements)
Procurement နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် လုပ်ဖော်ကိုင်ဖက်များ၊ Supplier များ၊ ဌာနပိုင်းဆိုင်ရာ အကြီးအကဲများနှင့် နေ့စဉ်ပြောဆိုဆက်ဆံနေရတဲ့အတွက် ရည်ရည်မွန်မွန်နှင့် ယဉ်ကျေးပျူငှါစွာပြောဆိုဆက်ဆံတတ်သည့်အရည်အချင်းရှိသင့်ပါတယ်။ ဒါမှသာ အပြန်အလှန် အကျိုးအမြတ်ရရှိနိုင်စေမည့် သဘောတူညီမှုများကို အလွယ်တကူရယူညှိုနှိုင်းနိုင်မှာဖြစ်ပါတယ်။

ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်ခြင်း။ (Analysis)
Market မှရရှိလာသော စျေးနှုန်းအချက်အလက်များကို သုံးသပ်လေ့လာခြင်း၊ သင့်တင့်သော စျေးနှုန်း အချက်အလက်များအား စိစစ်ရွေးချယ်ခြင်း နှင့် စျေးကွက်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကို ကြိုတင်ခန့်မှန်းခြင်းတို့ ပြုလုပ်နိုင်ရန် စျေးကွက်ကို သုံးသပ်နိုင်စွမ်းသည်လည်း အရမ်းအရေးပါပါတယ်။ 

Achievement ရရှိနိုင်ခြင်း။ (Achievements)
Procurement လုပ်ကိုင်နေသော သူတစ်ယောက်သည် မိမိ၏ လုပ်ကိ်ုင်နိုင်စွမ်းကို ပြသဖို့ရန်အတွက် မိမိဘယ်လောက်အကျိုးအမြတ်များများ ရရှိအောင် လုပ်ကိုင်နိုင်သည်ဆိုသည့် အချက်အလက်များကို ပြသနိုင်ရန် အရေးကြီးပါသည်။ သို့မှသာ မိမိသည် လုပ်ငန်းတိုးတက်မှုအတွက် မည်မျှအရေးပါကြောင်း သက်သေပြနိုင်မည်ဖြစ်ပေသည်။

ဖော်ပြပါအချက်အလက်တွေက Procurement သမားတစ်ယောက်အနေဖြင့် သိသင့်သိထိုက်တဲ့ အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ အထက်ပါအချက်အလက်များ ကိုကြိုးစားလေ့ကျင့်ပါက ပိုမိုအရည်အချင်းပြည့်ဝတဲ့ Procurement သမားကောင်းတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020