Expectations & Practices in Workplace
One People, Million Expectations လို့ပြောလို့ရလောက်တဲ့အထိ လူတစ်ယောက်ချင်းစီတိုင်းမှာ မရေတွက်နိုင်လောက်တဲ့ မျှော်လင့်ချက်ထားတဲ့အရာတွေများပြားလှပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘဝတိုးတက်ရေး၊ အချစ်ရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံတစ်ခုချင်းစီမှာ အသေးအဖွဲလေးကစပြီး အကောင်းဆုံးကိုပဲ မျှော်လင့်ချက်ထားကျတာက လူ့လောက၊ လူ့သဘာဝရဲ့ပြရုပ်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီနေရာမှာ အားလုံးသတိချပ်စေလိုတာက ဘယ်အရာမဆို မျှော်လင်းထားရုံနဲ့မပြီးဘဲ ကြိုးစားအကောင်အထည်ဖော်ဖို့ကတော့ သေချာပေါက်လိုအပ်ပါတယ်။
ဒါ့အပြင် တိကျတဲ့ Expectations နဲ့ Goals တွေရှိတာဟာ အကောင်အထည်ဖော်ကြိုးစားတဲ့အဆင့်ကိုများစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ ဒီတစ်ခေါက် အကြောင်းအရာလေးကတော့ ကိုယ့်ရဲ့ Expectations တွေကို လုပ်ငန်းခွင်ထဲမှာ သေချာစီမံခန့်ခွဲနိုင်ခြင်းကနေ ရလာနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။ ဘယ်လို Expectations တွေက လက်တွေ့ပိုကျပြီး ကိုယ့်အတွက် ပိုအကျိုးရှိစေမလဲ?
Positive Attitude အမြဲရှိအောင်နေနိုင်ဖို ကြိုးစားမယ်။
(အလုပ်ခွင်မှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်၊ စိတ်ရှုပ်ရတာတွေ ရှိလာနိုင်ပေမယ့် ဘယ်လိုကိစ္စမျိုးမဆို နှစ်ဦးနှစ်ဖက် မျှတွေးပေးတတ်မယ်ဆိုရင် အလုပ်ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ အထိုက်အလျောက်သက်သာသွားနိုင်ပါတယ်။)
ဒါကတော့ လူတစ်ယောက်ရဲ့ personalityမဆိုင်ဘဲ နားလည်ပေးနိုင်စွမ်းနဲ့တိုက်ရိုက်သက်ဆိုင်တာမို့ စိတ်ရှည်ရှည်ထားနိုင်လေ ကောင်းလေပါပဲ။ စိတ်ထောင်းလိုကိုယ်အကြေမခံပဲ Positive Attitude or Vibe လေးနဲ့ပဲ Daily ဖြတ်သန်းနိုင်အောင် ကြိုးစားစေလိုပါတယ်။)
ကိုယ့်ရဲ့ Organization ကို ကိုယ်စားပြုတဲ့ ပုံစံကောင်းတွေကို အမြဲပြသနိုင်ဖို့ ကြိုးစားမယ်။
(အလုပ်မှာ ကိုယ်လုပ်မိတဲ့ အပြုအမူတစ်ခုချင်းစီတိုင်းဟာ ကိုယ့် Company ကိုကိုယ်စားပြုတာဖြစ်တဲ့အတွက် ဒီအချက်ကိုလည်း မဖြစ်မနေကြိုးစားအကောင်အထည်ဖော်သင့်၊ မျှော်မှန်းထားသင့်တဲ့အချက်တစ်ချက်လို မှတ်ယူထားနိုင်ပါသေးတယ်။)
ကိုယ့် Performance ကို အမြဲရနေကျ Standard တစ်ခုထက်ပိုနိုင်အောင် မျှော်လင့်ပြီး ကြိုးစားမယ်
(ဆိုလိုတဲ့သဘောသည် Increment နဲ့ Promotion တွေက ထိုင်နေရုံနဲ့ဖြစ်မလာတဲ့အတွက် ကိုယ့် performance ကိုသာအမြင့်ဆုံးမှာတင်ထားပါ၊ ဒါဆို ဘယ်လို Opportunity မျိုးပဲအလုပ်မှာရှိလာပါစေ။ ကိုယ်တိုင်ဖမ်းဆုပ်နိုင်ဖို့ အကြီးကြီးမျှော်လင့်ထားလိုရတာပေါ့။)
Career Development အတွက် ကိုယ့်အလုပ်ကပေးတဲ့ experience တွေကို Knowledge အဖြစ်ပြောင်းလဲနိုင်ဖိုကြိုးစားပါ။
ငယ်ငယ်တုန်းက လူကြီးတစ်ချိုဆုံးမဖူးတဲ့ အဆိုတစ်ခုလို "စာတစ်ပုဒ်ကို အလွတ်ကျက်မှတ်ခြင်းထက် သေချာသဘောပေါက်နားလည်အောင် ဖတ်နိုင်စွမ်းကပိုပြီးအဓိကကျတယ်" ဆိုသလိုပေါ့။ Experienceတွေကို ကောင်းတယ်၊ ဆိုးတယ်ဆိုတဲ့ ခေါင်းစဉ်တပ်မနေပဲ အတွေ့အကြုံတွေကတဆင့်ရလာတဲ့ Message တွေ၊ Solution တွေကို Knowledge (ဗဟုသုတ) အနေနဲ့ ပြန်လည် ပုံသွင်းထားဖို့လည်း မျှော်လင့်ချက်ထားပြီး ကြိုးစားစေလိုပါတယ်။)
တိကျတဲ့ မျှော်လင့်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်တာဟာ ကိုယ့်ရဲ့ Standard Value တစ်ခု နဲ့ Branding ကို အလိုအလျောက်မြှင့်တင်ပြီးသားဖြစ်သွားပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး Expectations နဲ့ Goals တွေကို လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံး Set Up ချပြီး အကောင်အထည်ဖော်နိုင်ကြပါစေ။
ဒီဆောင်းပါးလေးရဲ့ အဆုံသတ်ကိုတော့ အမေရိကန်စာရေးဆရာ Tony Robbins ရဲ့လက်စွဲဆောင်ပုဒ်လေးတစ်ခုနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
"The only impossible journey is the one you never begin" - Tony Robbins