facebook tracking image
Feeling Like Your Current Career Isn’t Right for the Long Run?
Career Advice

Feeling Like Your Current Career Isn’t Right for the Long Run?

လက်ရှိ Career က မိမိနဲ့ရေရှည်မှာမကိုက်ညီနိုင်ဘူးလို့ ခံစားမိနေပြီလား?

ကျွန်တော်အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိမိလက်ရှိလုပ်နေတဲ့ Career ဟာ မိမိနဲ့ကိုက်ညီမှုမရှိဘူးလို့ ခံစားလာမိတဲ့အခါ ၊ ဒီအလုပ်လုပ်ကို လုပ်နေရတာကို မပျော်ဘူး၊ မလုပ်ချင်ဘူး လို့ ခံစားလာမိတဲ့အခါ မိမိစိတ်ဝင်စားတဲ့ နောက် career တစ်ခုကို ရှာဖွေဖို့ပါ။ 

ကျွန်တော်တို့တွေ အလုပ်တစ်ခုခုကို စိတ်ဝင်စား၍ဖြစ်စေ၊ စိတ်မဝင်စားပဲဖြစ်စေ စားဝတ်နေရေးအရ ကမူးရူးထိုး ဝင်လုပ်လိုက်ရတာမျိုးရှိပါတယ်။ တစ်ချို့ကံကောင်းတဲ့သူတွေကတော့ မိမိနဲ့ကိုက်ညီမယ့်အလုပ်နဲ့တန်းတိုးပြီး အဆင်ပြေသွားကြတယ်ပေါ့။ တစ်ချို့ကတော့ အစပိုင်းမှာစိတ်ဝင်စားသလို ရှိပေမယ့်လည်း အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါမှာတော့ ငြီးငွေ့လာမယ်၊ စိတ်ဝင်စားမှုမရှိတော့တာဖြစ်လာမယ် မိမိအတွက် တိုးတက်မှု မရှိတော့ဘူးလို့ထင်လာမယ်။ နောက်ပီး ငါက ဘယ်လိုလေးလုပ်ချင်တာဆိုတဲ့ အတွေးတွေရှိလာမယ်။ 

အဲ့ဒီလိုစိတ်ခံစားမှုဖြစ်ပေါ်လာပြီး နောက်အလုပ်တစ်ခုပြောင်းလုပ်ချင်ပါသော်လည်း များသောအားဖြင့် တွေဝေကြတတ်ပါတယ်။ ဘာကိုတွေဝေလဲဆိုတော့  လက်ရှိမှာ ငါကအရာရာ အသားကျပြီးသား... ဒါပေမယ့်နောက်အလုပ်တစ်ခုပြောင်းရင် အစကပြန်စရမယ်… လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့တွေ့ရမယ်... အဲ့ဒီ့အခါကျ သူတို့ကငါ့ကိုကြိုဆိုပါ့မလား… ငါကရောသူတို့ကို သဘောကျပါ့မလား… လုပ်ငန်းခွင်သစ်မှာ လိုက်လျောညီထွေဖြစ်ပါ့မလား… စတဲ့ အတွေးတွေ အနည်းနဲ့အများရှိနေတတ်ကြပါတယ်။ လက်ရှိနေရာမှာအသားကျ သွားတဲ့အခါ ကိုယ်မသိတဲ့အရာတစ်ခုကို စလုပ်ရမှာကြောက်ကြတယ်။ 

အမှန်တော့ ဒီအကြောက်တရားကို ရင်ဆိုင်နိုင်မှ ကျွန်တော်တို့အနာဂတ်အတွက်လဲပိုကောင်းမှာပါ။ ကိုယ်လုပ်နေကျ အလုပ်ကို စိတ်ပါပါမပါပါ အမြဲလုပ်သွားတဲ့အခါ ကိုယ်တစ်ခြားအသစ်တွေလုပ်ဖို့ လက်လွှတ်ရပါတော့တယ်။ အဲ့ဒီတော့ ကိုယ်ရဲ့တိုးတက်မှုမရှိတော့ပဲဖြစ်လာပါတယ်။ အဲ့တော့ မိမိလက်ရှိအလုပ်ပေါ် စိတ်ဝင်စားမှုလည်းမရှိတော့ပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့အခြားတစ်ခုကိုလည်း တွေ့ထားပြီဆိုရင် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီး ကူးပြောင်းလိုက်ပါ။ 

ကျွန်တော်တို့တစ်နေ့တာရဲ့ အချိန်တော်တော်များများဟာ လုပ်ငန်းခွင်မှာ ကုန်ဆုံးရတာပါ။ ဒါကြောင့် ကိုယ်လုပ်ငန်းခွင်ကနေ ကိုယ့်ကို ပျော်ရွှင်မှု ၊ စိတ်ဓာတ်တက်ကြွမှု ၊ စိတ်ပါဝင်စားစေမှု တွေ ရရှိဖို့လိုအပ်ပါတယ်။ ဟုတ်ပါတယ် အလုပ်သစ်တစ်ခုခုစလုပ်တဲ့အခါ ရုန်းကန်ရပါတယ်။ လေ့လာရပါတယ်။ “The beginning is always the hardest” ဆိုတဲ့စကားပုံလေးလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမှန်တကယ်တိုးတက်ချင်တဲ့အခါ အသစ်တွေကိုသိချင်တဲ့အခါ ဒီအခက်အခဲတွေကိုရင်ဆိုင်ရပါတယ်။ လှောင်အိမ်ထဲမှာနေတဲ့ငှက်က သဘာဝရဲ့အလှတရားမြင်ဖူးမှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်ကတော့ လှောင်အိမ်ထဲကနေ ထွက်ပြီး ဝေဟင်မှာပျံသန်းနေတဲ့ငှက်ကို ဥပမာယူဖို့ အကြံပေးချင်ပါတယ်။ အခုပြောခဲ့တာတွေကတော့ ကျွန်တော့်အတွေ့အကြုံအရနဲ့ တွေးခေါ်မှုသက်သက်သာဖြစ်ပါတယ်ကြောင့် မှန်ကောင်းမှန်နိုင်သလို  မှားကောင်းလည်းမှားနိင်ပါတယ်။ အမှားပါခဲ့ပါက စာဖတ်သူတို့အနေနဲ့ သဘောထားကြီးစွာ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020