facebook tracking image
Final Interview Preparation: What You Need to Know
Career Advice

Final Interview Preparation: What You Need to Know

၂၀၂၁ အောက်တိုဘာလနောက်ပိုင်းကစပြီး Recruitment Process တွေ အရင်ကထက်ပိုပြီး Active ဖြစ်ဖြစ်နဲ့ Company တွေက Hiring လုပ်လာကြပါတယ်။ Job Seeker တွေအနေနဲ့ ကိုယ်Interview ဝင်ထားတဲ့ Clientတွေမှာ Final Interviewကိုရောက်ခဲ့ရင် အဓိကထားပြင်ဆင်ထားရမှာတွေ၊ စဉ်းစားရမယ့်အချက်တွေကို အကြံပေးချင်ပါတယ်။

​၁။ Final Interview ကိုဘယ်လိုပြင်ဆင်ရမလဲ

First Interview, Second Interview တွေမှာများသောအားဖြင့် HR ရယ်၊ Line Manager ရယ်နဲ့တွေ့ပြီးလို့ ကိုယ်က Finalist ထဲပါခဲ့ရင် များသောအားဖြင့် Final Round ကို Senior Management Level တွေ့ရတာများပါတယ်။ Final Stage ကိုရောက်ရင်တော့ Client/Company ပေါ်မှာမူတည်ပြီး တချို့ Interview က Formal တချို့ Interview ကတော့ Informal စီစဉ်လေ့ရှိတာကြောင့် Job Seeker တွေအနေနဲ့ ကိုယ့်ကိုဆက်သွယ်လာတဲ့ HR ဒါမှမဟုတ် Recruitment Agency တွေကိုသေချာလေးမေးပေးထားပါ။ ပြီးတော့ ကိုယ်တွေ့ရမယ့် Senior Management ကဘယ်သူလဲ သူကရောဘယ် Background ကလဲဆိုတာ Linkedin Profile ကနေတချက်ဝင်ကြည့်ထားရင်တော့ သူဘယ်လိုမေးခွန်းတွေ အမေးများနိုင်လဲဆိုပြီး ခန့်မှန်းလို့ရမှာပါ။

​၂။ New Environment တစ်ခုမှာအလုပ်လုပ်ဖို့ Challenging လုပ်နိုင်ပြီလား (သို့) Company က Job Offer ပေးရင်ဘယ်လိုအချက်တွေကြောင့် လက်ခံဖြစ်မလဲ  

ဒီမေးခွန်းကို Candidate တော်တော်များများ စဉ်းစားကြမှာပါ။ ကိုယ်ကိုယ်တိုင် အလုပ်ရှာပြီ၊ Agency တွေကဆက်သွယ်ပေးတဲ့ Job Opportunity ကို စိတ်ဝင်စားတယ်ဆိုထဲက လက်ရှိ ကုမ္ပဏီကနေ အကြောင်းတစ်ခုခုကြောင့် အလုပ်ထွက်ဖို့စဉ်းစားကြသူတွေပါ။။ အဲဒီတော့ ကိုယ်က Finalist ထဲရောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မေးခွန်းလေးတွေပြန်မေးခြင်းက ကိုယ်ဘယ်လမ်းကြောင်းကိုသွားမှာလဲ၊ သွားချင်လဲဆိုတာ ဒွိဟမဖြစ်တော့မှာပါ။ ဥပမာအနေနဲ့... ​

  • ကိုယ်လက်ရှိ Company ကကိုယ်အလုပ်ထွက်မှာမို့လို့ Counter Offer ပေးခဲ့ရင်ရော အလုပ်ထွက်ဖြစ်မလား?  
  • ကိုယ်လက်ရှိရာထူးထက် ရာထူးတဆင့်နိမ့်ပြီး Offer ပေးရင်ရောလက်ခံနိုင်လား? (များသောအားဖြင့် Company Organization ကွာရင်ဖြစ်တတ်ပါတယ်)  
  • နောက်ဆုံးတခုက ကိုယ်သဘောကျတဲ့ Company က ကိုယ်လက်ရှိရနေတဲ့လစာထက်လျော့ပေးရင်ရော လက်ခံနိုင်မလား (ဘယ်လိုအကြောင်းကြောင့်လက်ခံနိုင်မလဲ လက်မခံနိုင်ဘူးလဲ)
  • ဒီအချက်လေးတွေက ကိုယ်သေချာပြန်ဆန်းစစ်ရမယ့်အပိုင်းလေးတွေပါ။

၃။ Client တွေက Job Offer မပေးခင်ဘယ်လို အချကိအလက်တွေကိုတောင်းနိုင်လဲ  

အခုနောက်ပိုင်း Client တော်တော်များများ Job Offer မပေးခင်မှာ Candidate ကို Reference Check လိုက်တာ၊ Payslip တောင်းတာလေးတွေရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က ကိုယ်နောက်ဆုံးရတဲ့ ၃လစာ Payslip ကိုသေချာသိမ်းပေးထားရင် ပိုကောင်းပါတယ်။ မဟုတ်ရင်တော့ Bank Slip လေး သိမ်းထားတာအကောင်းဆုံးပါ။  ​

နောက်ပြီး Reference Check လိုက်ဖို့ ကိုယ့်လက်ရှိအလုပ် (သို့) အရင်အလုပ်က ကိုယ့် Line Manager ရဲ့ Contact Number ဒါမှမဟုတ် Mail တောင်းတာပါ။ အဲ့ဒါတွေကနောက်ပိုင်းမဖြစ်မနေအရေးပါတဲ့အချက်လေးတွေပါ။  

​ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်ထားရင်းနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ Job Offer တွေကို လက်ခံနိုင်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020