facebook tracking image
From NGO to Business: How to Prepare for a Career Shift in Supply Chain
Career Advice

From NGO to Business: How to Prepare for a Career Shift in Supply Chain

NGO နဲ့ INGO မှ Supply Chain နယ်ပယ်တွင် လုပ်ကိုင်နေသူများအတွက် Business Sector ကို မဝင်မီ ပြင်ဆင်သင့်သောအချက်များ

လွန်ခဲ့တဲ့ Nargis Cyclone မုန်တိုင်းအပြီး 2008-2009 လောက်ကနေစပြီး လူသားချင်းစာနာထောက်ထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တော်တော်များများ မြန်မာနိုင်ငံကို ဝင်ရောက်လာပါတယ်။ Volunteer အလုပ်ကို စိတ်ဝင်စားတဲ့သူရော၊ Pay ကောင်းတာကြောင့်ရော တော်တော်များများ NGO နဲ့ INGO အဖွဲ့အစည်းတွေဆီ ဝင်ရောက်သွားပါတယ်။

အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ သိပ်ခေတ်မစား လူသိသိပ်မများသေးတဲ့ Career Opportunity တစ်ခု ရေပန်းစားလာခဲ့ပါတယ်။ အဲ့ဒါကတော့ Supply Chain & Logistics ဆိုတာပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့ စီးပွါးရေးကဏ္ဍမှာ Supply & Logistics Channel က International နဲ့ တစ်ချို့သော Local Company ကြီးတွေမှာပဲ ရှိပြီး Talented ဖြစ်တဲ့သူ အရမ်းရှားတဲ့အတွက်ကြောင့် Market ထဲမှာ အရမ်းမတွင်ကျယ်သေးတဲ့ Sector တခုလဲ ဖြစ်ပါတယ်။

2008-2009 နောက်ပိုင်းမှစလို့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေနဲ့ စီးပွားရေး စျေးကွက်အရ၊ International Company တော်တော်များများဝင်ရောက်လာတဲ့အခါမှာတော့ Supply Chain Market ဟာ ပိုမိုတွင်ကျယ်လာပြီး တော်တော်များများ Business Company တွေက Supply Chain & Logistics ပညာရှင်တွေကို လစာကောင်းကောင်းနဲ့ ခေါ်ယူလာကြပါတယ်။

အဲဒီအချိန်ကစလို့ NGO ထဲက ဝန်ထမ်းတော်တော်များများကလဲ Business ထဲကိုပြန်လည် ဝင်ရောက်လာပြီး တချို့ကလည်း ယခုချိန်ထိ INGO တွေမှာ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။ ဦးစားပေးပြောချင်တဲ့ အချက်ကတော့ ပြောင်းလဲလာတဲ့ Market မှာ NGO မှ Supply Chain & Logistics Specialist တော်တော်များများကလဲ စီးပွားရေး နယ်ပယ်ထဲကိုဝင်ဖို့ ပြင်ဆင်လာကြပါတယ်။

ယခုအချိန်ထိ Supply Chain & Logistics Market က INGO မှာ 50% နဲ့ Business မှာ 50% ရှိနေတုန်းပါပဲ။ လုပ်ရတဲ့ Trend နဲ့ Responsibility တွေ တူတယ်လို့ ထင်ရပေမယ့် NGO က ဝန်ထမ်းတွေ Business Company ကို အလုပ်လျှောက်ပေမယ့် သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့်ရော၊ NGO မှ Candidate တွေရဲ့ လိုအပ်တဲ့တောင်းဆိုမူတွေကြောင့်ရော တော်တော်များများ မအောင်မြင်ခဲ့ကြပါဘူး။ ဒါကြောင့် NGO ကနေ Business ကိုပြောင်းတော့မယ်ဆိုရင် ဦးစားပေးပြီး ပြင်ဆင်သင့်တဲ့ အချက်တွေနဲ့ သိသင့်တဲ့ အချက်တွေကတော့ - 

1. Business Sector မှာ International Companies တွေ ဝင်ရောက်လာလို့ လစာကောင်းကောင်းပေးတယ်ဆိုပေမယ့် Company တိုင်းမဟုတ်တဲ့အတွက်ကြောင့် ကိုယ်မလျှောက်ခင်မှာ Company ရဲ့ Basic Pay နဲ့ သူ့ရဲ့ business အကြောင်းကို ထဲထဲဝင်ဝင် လေ့လာထားသင့်ပါတယ်။ ( ဥပမာ - Company က Manager Position အတွက် လစာ ဆယ်သိန်းပဲ Budget သတ်မှတ်ထားပေမယ့် ကိုယ့်ရဲ့ Expectation က အဲဒီလစာထက် မြင့်နေတာမျိုး၊ ကိုယ်လုပ်ခဲ့တဲ့ NGO က Livelihoods ဦးစားပေးတဲ့ Sector ဖြစ်ပြီး ကိုယ်သွားလျှောက်တဲ့ Company က Pharmaceutical Industry ဖြစ်နေတာမျိုးတွေကို ကြိုတင်စဉ်းစားထားပြီး ချင့်ချိန်သင့်ပါတယ်။

2. NGO/ INGO အဖွဲ့အစည်းတွေက ကိုယ့်ရဲ့ဝန်ထမ်းတွေကို ဦးစားပေးပြီး ရပိုင်ခွင့်တွေ အပြည့်အဝပေးထားပေမယ့် Company တွေမှာ အဲ့လို အထူးခံစားခွင့်တွေ မရှိဘူးဆိုတာကိုလည်း ကြိုတင်လေ့လာပြီး သိရှိထားသင့်ပါတယ်။ (ဥပမာ - NGO တွေပေးတဲ့ Medical Allowance, Maternity Leave စတဲ့ခွင့်ရက်ရှည်တွေကို Company တိုင်းက မပေးနိုင်ပါဘူး)

3. Company တိုင်းမှာ တိကျသော ရုံးချိန်နဲ့ ရုံးချိန် flexible ပေးမှု မရှိသလောက်ဆိုတာကိုလဲ လက်ခံသိရှိနားလည်ထားရပါမယ်။

4. Business က profit ကိုသာ ဦးစားပေးလို့ ကိုယ်ယူရမယ့် Responsibility နဲ့ Stress ကတော့ NGO မှာ လုပ်ခဲ့ရတာနဲ့ လုံးဝ မတူပါဘူး။ အဲ့အတွက်လဲ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ နည်းနည်းလေးမှ အမှားမခံသလို Ownership Minded ထားရှိပြီး P&L (Profit and Loss) ကို တာဝန်ယူရဲရပါတယ်။

5. ကိုယ်အလုပ်လုပ်ရမယ့် ပတ်ဝန်းကျင်၊ လုပ်ဖော်ကိုင်ဖက်၊ Industry နဲ့ တာဝန်ယူရမယ့် အပိုင်းက လုံးဝ ကွာခြားသွားမှာဖြစ်တဲ့အတွက်ကြောင့် ရလာမယ့် Stress ကိုလဲ ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ဒါတွေက အခြေခံအနေနဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေဖြစ်လို့ ဒီထက် အများကြီး အသားကျကျနဲ့ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ ဘယ်ကနေ ဘယ်ကိုပြောင်းပြောင်း ကိုယ်သွားမယ့် Career နဲ့ ကိုယ်အလုပ်လျှောက်ထားချင်တဲ့ Company ရဲ့ Industry နဲ့ Background ကိုသေချာလေ့လာထားမယ်ဆိုရင် Interview အောင်မြင်ဖို့ ရာခိုင်နှုန်းတော်တော်များများ ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရွေးချယ်လိုက်တဲ့ Sector မှာ အောင်မြင်ကျွမ်းကျင်တဲ့ Specialist တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်နေသူများအတွက် ဒီ Article လေးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020