facebook tracking image
How Hiring Managers Judge Candidates in Interviews
Career Advice

How Hiring Managers Judge Candidates in Interviews

ဒီမေးခွန်းရဲ့အဖြေကိုသာ Interview ဖြေမယ့်လူတွေသိထားမယ်ဆိုရင် ရတနာတစ်ခုကိုပိုင်ဆိုင်ထားသလို၊ စာမေးပွဲမဖြေခင် စာမေးပွဲမှာမေးမယ့် မေခွန်းကိုကြိုသိထားသလို အသုံးတည့်မှာ အသေအချာပါပဲနော်။ အလုပ်ရှင်အများစုအနေနဲ့ သူတို့ဆီကို အလုပ်လာလျှောက်ကြတဲ့သူတွေကို စိီစစ်ရွေးချယ်တဲ့အခါမှာ အဓိကထားပြီး သတိပြုမိတတ်ကြတဲ့အချက်တွေထဲကမှ အဓိကျတဲ့အချက်များကိုဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ Interview ဖြေမယ့်သူများ အောင်အောင်မြင်မြင်နဲ့ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ကြပါစေ။

(၁) Stable Career Life Stable Career Life 
ကျွန်တော့်အနေနဲ့ အလုပ်တစ်ခုမှာ အနည်းဆုံး ၂နှစ်ကနေပြီးတော့ ၃နှစ်လောက်အထိလုပ်ခဲ့တာမျိုးလို့ သတ်မှတ်ချင်ပါတယ်။ ဒီတစ်ချက်ကို အလုပ်ရှင်အများစုက အဓိကထားပြီးသတိပြုတတ်ကြပါတယ်။ အလုပ်ရှင်ဘက်ကကြည့်မယ်ဆိုရင်လည်း သူတို့ဆီမှာအလုပ်လာလျှောက်တဲ့သူတစ်ယောက်က အလုပ်ခဏခဏပြောင်းနေတတ်တဲ့သူတစ်ယောက်ဆို အရည်အချင်းပြည့်မီနေသည့်တိုင်အောင် အလုပ်ခန့်ဖို့အတွက်ဆိုရင်ပြန်စဉ်းစားတတ်ကြပါတယ်။ အလုပ်လာလျှောက်တဲ့သူအနေနဲ့ကလည်း ကိုယ့်ရဲ့အလုပ်သက်တမ်းတစ်လျှောက်မှာ Company တစ်ခုကနေ နောက်တစ်ခုကို ပြောင်းခဲ့တယ်ဆိုရင်တောင် ခိုင်မာသင့်လျော်တဲ့အကြောင်းပြချက်တစ်ခုတော့ရှိထားသင့်ပါတယ်။ အလုပ်ရှင်အကုန်လုံးက သူတို့ဆီမှာ ရေရှည်လုပ်နိုင်မယ့်လူမျိုးကိုပဲ ပိုနှစ်သက်တတ်ကြပါတယ်။ အကယ်လို့ကိုယ့်ရဲ့ Career Life တစ်လျှောက်မှာ အလုပ်တစ်ခုကအလုပ်တစ်ခုကိုပြောင်းခဲ့တယ်ဆိုရင်တောင် ဘာကြောင့်ပြောင်းခဲ့တယ်ဆိုတဲ့ Reason တစ်ခုတော့ရှိထားသင့်ပါတယ်။

(၂) အမှန်တကယ်လက်တွေ့ကျနိုင်မည့် မျှော်မှန်းလစာ
ဒီအချက်ကလည်း တကယ်အရေးကြီးတဲ့အချက်ပါပဲ။ ဘယ်သူမဆိုကတော့ အလုပ်တစ်ခုကနေ နောက်အလုပ်တစ်ခုကိုပြောင်းရင် လက်ရှိရနေတဲ့လစာထက် ပိုရချင်ကြတာဆိုပေမယ့် တကယ်လက်တွေ့ကျနိုင်မယ့် လစာနှုန်းထားမျိုးကို မျှော်မှန်းတာက နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေနိုင်မယ့် Win-Win Situation တစ်ခုပါပဲ။ ကျွန်တော်ပြောချင်တာကတော့ ဥပမာ လက်ရှိအလုပ်မှာ လစာ ၁ဝ သိန်းရနေတဲ့သူတစ်ယောက်က နောက်အလုပ်တစ်ခုကိုပြောင်းတဲ့အခါမှာ Current Salary ရဲ့နှစ်ဆလောက်တက်ပြီး ၂ဝ သိန်းတောင်းမယ်ဆိုရင် အလုပ်ရင်ဘက်ကကြည့်ရင် သူဟာ Qualify Candidate တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် လက်ခံဖို့ တော်တော်ပြန်စဉ်းစားရမယ့် အခြေအနေတစ်ခုဖြစ်သွားပါပြီ။ လက်ရှိကျွန်တေ်တို့ရဲ့ Market အတွင်းမှာဆို Salary Increment က 30% to 40% က Realistic အဖြစ်ဆုံးလို့ ကျွန်တော်ယူဆပါတယ်။

(၃) Specialized Area
ဒီအချက်ကို ကျွန်တော်ဘာကြောင့်ထည့်ထားလည်းဆိုတာက ကိုယ်ရဲ့အားသာချက်ကို ကိုယ်ကိုယ်တိုင် ကောင်းမွန်စွာသိဖို့လိုအပ်သလို ကိုယ်သိထားသလို သူများလက်ခံနိုင်အောင်အတွက်လည်း အကောင်းဆုံးရှင်းပြပေးနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ Specailized Area ကိုပြောပြတဲ့အခါမှာတော့ ကိုယ်အခုလျှောက်ထားတဲ့ အလုပ်ရဲ့လိုအပ်ချက်နဲ့အကိုက်ညီဆုံးဖြစ်မယ့် အားသာချက်တွေ၊ ကျွမ်းကျင်မှုတွေကို အဓိက အသားပေးပြောပြသင့်တယ်လို့တော့ ကျွန်တော်ယူဆခြင်ပါတယ်။

(၄) Success Story
လူတိုင်းမှာတော့ ကိုယ်ကျင်သန်ရာ လုပ်ငန်းခွင်အလိုက် မတူညီတဲ့ Success Story ကိုယ်စီရှိခဲ့ကြမှာပါ။ အလုပ်ရှင်အများစုက စိတ်ဝင်စားကြတဲ့အချက်တွေထဲမှာ အရင်အလုပ်မှာ Achievement ဘယ်လိုမျိုးရခဲ့တယ်ဆိုတာကိုလည်း တစ်ချက်အနေနဲ့သွားတွေ့ရပါတယ်။ Candidate တွေအနေနဲ့လည်း ကိုယ်ရဲ့အလုပ်သက်တမ်းတစ်လျှောက်ရရှိခဲ့တဲ့ Achievement တွေကိုလည်း တစ်ဖက်သားကကောင်းမွန်စွာသဘောပေါက်နိုင်အောင်နဲ့ စိတ်ဝင်စားအောင်ပြောပြနိုင်ဖို့အတွက် သေချာစွာပြင်ဆင်ထားရင်တော့အကောင်းဆုံးဖြစ်မှာပါ။ ကိုယ့်ရဲ့ Success Story ကိုပြောပြတဲ့အခါမှာလည်း ကိုယ်ရရှိထားတဲ့့ Success Story တွေထဲကမှ ယခုကိုယ် လျှောက်ထားတဲ့အလုပ်ရဲ့လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် အရာတွေကို ပိုပြီးအသားပေးပြောတတ်ဖို့ပြင်ဆင်ထားပြီးသားဆိုရင်တော့ သင့်ကိုအလုပ်ရှင်ရဲ့စိတ်ထဲမှာတော့ သူတို့လိုချင်တဲ့ Candidate ကောင်းတစ်ယောက်ဖြစ်နိုင်မယ်ဆိုတဲ့အချက်က အလိုလိုဝင်ရောက်သွားစေနိုင်မှာပါ။ 

(၅) Attitude and Personality
အရေးကြီးတဲ့အချက်တွေ ပြောမယ်ဆိုရင် ဒီတစ်ချက်ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ အလုပ်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ Organization အတွင်းကိုဝင်ရောက်လာမည့် လူတစ်ယောက် ရဲ့ Attitude and Personality နဲ့ ပတ်သက်ပြီး သေချာဆန်းစစ် ကြည့်တတ်လေ့ရှိတဲ့အတွက် Candidate တွေအနေနဲ့လည်း နောင်တစ်ချိန်ကိုယ့်ရဲ့အလုပ်ရှင် ဖြစ်လာနိုင်တဲ့သူကို သင့်တင့်တဲ့ Respect ပေးသင့်ပါတယ်။ သင်ဟာသူတစ်ကာထက်ပိုထူးချွန်ပြီးတော်နေပေမယ့် လူအများနဲ့သဟဇာတမဖြစ်ဘူး၊ Team Spirit မရှိဘူးလို့ Interview မေးတဲ့လူကထင်သွားရင် သင်ဘယ်လောက် Skillful ဖြစ်ဖြစ်၊ သင့်ကိုအလုပ်ခန့်နိုင်ခြေနည်းသွားပါတယ်။ ဒါကြောင့် ဆက်ဆံရေးပြေပြစ်ကောင်းမွန်ခြင်းကလည်း လက်နက်ကောင်းတစ်ခုဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အချက်တွေကတော့ အလုပ်ရှင်အများစုသတိပြုမိတတ်ကြတဲ့အချက်တွေဖြစ်ပြီး ကျွန်တော်တို့ Engineer တွေအနေနဲ့ ဥပမာပေးရမယ်ဆိုရင် Telecom Filed ထဲမှာဆိုရင် Sub-Con ကနေ Vendor, Vendor ကနေမှတဆင့် Operator စသဖြင့် Career Life ပြောင်းလေ့ရှိပါတယ်။ အဲ့ဒီလိုပြောင်းကြတဲ့အချိန်မှာလည်း ကျွန်တော်အထက်ကပြောပြထားတဲ့အချက်လေးတွေက အထောက်အကူပြုနိုင်မယ်လို့လည်းယုံကြည်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020