facebook tracking image
How Sales & Marketing Professionals Can Get Ready for 2021 Job Opportunities
Career Advice

How Sales & Marketing Professionals Can Get Ready for 2021 Job Opportunities

​၂၀၂၁ အတွက် Sales and Marketing Candidate တွေ အလုပ်ရှာမယ်ဆိုရင် ပြင်ဆင်ရမယ့်အချက်များ 

 

အခုဆိုရင် မြန်မာပြည်မှာ COVID 19 ဖြစ်နေတာလည်း တစ်နှစ်နီးပါးရှိခဲ့ပါပြီ။ ကာကွယ်ဆေးကိုလည်း အစိုးရကတတ်နိုင်သလောက် နောက်နှစ်မှာစတင်ထိုးပေးတော့မယ်ဆိုတဲ့ သတင်းကောင်းနဲ့အညီ တစ်ဘက်မှာလည်း ပိတ်ထားတဲ့ စီးပွါးရေးတွေကလည်း ပြန်ဖြေလျော့တော့မယ်ဆိုတော့ လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း ၂၀၂၁ မှာ New Normal နဲ့ လုပ်ငန်းတွေချဲ့ထွင်ဖို့ စတင်ကြတာတွေလည်းရှိပါတယ်။

အဲ့ဒီအချိန်အတွင်းမှာလည်း လက်ရှိဈေးကွက်မှာ အလုပ်ရှာနေတဲ့သူတွေ ဒါမှမဟုတ် Organization တစ်ခုကနေနောက်ထပ် Organization တစ်ခုကိုပြောင်းဖို့စဉ်းစားနေတဲ့သူဆိုရင်တော့ ဘယ်လိုအချက်လေးတွေကို ထည်သွင်းစဉ်းစားရမလဲ၊ ဘယ် Sector ကို အခုချိန်ထဲက လေ့လာထားရမလဲဆိုတဲ့ အချက်လေးတွေပြောပြချင်ပါတယ်။

E-Commerce
အခုဆိုရင် လူတိုင်းသတိထားမိကြမှာပါ။ E-Commerce Business ကအရင်ကထက်ပိုပြီး တွင်ကျယ်လာပြီး လူသုံးကုန်ပစ္စည်းကအစ အိမ်သုံးပစ္စည်းတွေ Digital Product တွေကိုတောင် E-Commerce Platform တွေမှာတွင်တွင်ကျယ်ကျယိမြင်တွေ့နေရပါတယ်။ ဒါကြောင့် Candidate တွေအနေနဲ့ အခုလက်ရှိအလုပ်ရှိပြီးသားသူ သို့မဟုတ် အလုပ်ရှာဖွေနေတဲ့သူတွေဆိုရင် E-Commerce နဲ့ပတ်သက်တဲ့ Knowledge တွေကို ရသမျှသင်ယူမှတ်သားဖို့အရေးကြီးပါတယ်။

Digital Marketing
Digital Platform တွေကို တွင်ကျယ်စွာသုံးလာတဲ့အတွက် Candidate တွေအနေနဲ့ Marketing Sector မှာ Traditional Marketing အပြင် Digital Marketing ကို အသေးစိတ်လေ့လာထားရင် အလုပ်ရနိုင်တဲ့ Percentage ကပိုများနိုင်ပါတယ်။ Digital Marketing လို့ဆိုရာမှာလည်း Facebook Boost တင် Content ရေးဆိုတာထက် Google Keywords တွေ၊ Digital Media Planning တွေ၊ Media Buying တွေကို သေချာသိထားဖို့လိုပါမယ်။ ဒါ့အပြင် Data Analysis တွေ၊ Website Analysis တွေပါ သိထားသင့်ပါတယ်။

Retail
2021 အတွင်းမှာ ဝင်လာမယ့် Retail Chain တော်တော်များများလည်းရှိလာကြပြီ။ ဒါကြောင့် Retail Channel မှာအလုပ်လုပ်နေတဲ့ Candidate တွေလည်း ကိုယ်နောက်တစ်ခုသွားမယ့် Business အကြောင်းကိုနားစွင့်ထားဖို့လိုပါမယ်။ ဒါ့အပြင် Business Sector တွေအကုန်လုံးက Digital Transformation ကိုပြောင်းနေတာဖြစ်တဲ့အတွက်လည်း ကိုယ်လက်ရှိလုပ်နေတဲ့ Retail Channel မှာ Up to Date ဖြစ်နေတဲ့အရာတွေကို သေချာလေ့လာစေချင်ပါတယ်။

Food and Beverage
ဒီနှစ်နောက်ပိုင်းမှာတော့ Client တော်တော်များများ အရမ်း Demand ဖြစ်လာတာကတော့ Modern Trade ပိုင်းကိုအရမ်း Demand များလာပါတယ်။ Product ကို ကုန်စုံဆိုင်တွေကအစ အခုအဝယ်အရမ်းများလာတဲ့ Convenience Store တွေ၊ Supermarket and Shopping Mall တော်တော်များများကိုပါ တိုးချဲ့လာပြီဖြစ်တဲ့အတွက် Food and Beverage Sector မှာအလုပ်လုပ်နေတဲ့ Candidate အနေနဲ့ General Trade အပြင် Modern Trade မှာပါ အတွေ့အကြုံရှိထားရင်တော့ ကိုယ့်အတွက်ပိုပြီး Potential များပါတယ်။

ထို့အပြင်နောက်ဆုံးအချက်အနေနဲ့ သတိထားရမှာကတော့ ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီရဲ့ Mission, Vision, Market Expansion တွေပါ အင်တာဗျုးရဲ့နောက်ဆုံးမှာ သေချာမေးခဲ့သင့်ပါတယ်။ Candidate တွေအနေနဲ့ Pandemic Situation ကြောင့်ဝန်ထမ်းလျော့တာတွေ လစာလျော့တာတွေကို ကြုံတွေ့နေရတဲ့ Candidate တွေလည်းရှိမှာပါ ဒါကြောင့်ကိုယ်က နောက်အလုပ်တခုရှာတဲ့အခါ ကုမ္ပဏီရဲ့ Background ရယ် Market မှာ ဘယ်လိုရပ်တည်နေလဲဆိုတာကိုလဲ သေချာရွေးစေချင်ပါတယ်

အခုဆိုရင် Sales and Marketing Industry မှာအလုပ်လုပ်နေတဲ့ Candidate တွေအနေနဲ့ ကိုယ်နောက်ပိုင်းအလုပ်ရှာရင်အခုပေးတဲ့ Information လေးတွေက အထောက်အကူပေးမယ်လို့မျှော်လင့်ပါတယ်ရှင့်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020