facebook tracking image
How to Achieve Personal Development Through Your Daily Work?
Personal Development

How to Achieve Personal Development Through Your Daily Work?

နေ့စဉ် အလုပ်တွေကနေ ကိုယ့်ရဲ့ Personal Development ရအောင် ဘယ်လိုလုပ်မလဲ?

  • သင့်ရဲ့ လက်ရှိအခြေအနေကနေ ပိုမိုကောင်းမွန်တဲ့အခြေအနေကိုရဖို့အတွက် သင့်ရဲ့အတွေးအခေါ် အယူအဆအသစ်တွေလိုပါတယ်။ အခုထက်လည်း သင်ပိုတော်ဖို့လိုပြီး သင့်မှာရှိနေတဲ့အားသာချက်၊ အရည်အချင်းတွေနဲ့ သင့်ကိုယ်သင်တိုးတက်အောင် လုပ်ဆောင်ရမယ့် Personal Development  ဆိုင်ရာအကြောင်းအရာများစွာကို လေ့လာသင်ယူရပါမယ်။
  • Continuous Personal Development ဖြစ်ဖို့က အားလုံး အတွက် အရေးကြီးပါတယ်။ အလုပ်ခွင်မှာ နေ့စဉ်ဒီအလုပ်ပဲလုပ်နေရတယ်ဆိုပြီး အဲ့အလုပ်ကနေ ဘာမှသင်ယူလို့မရတော့ဘူး ကိုယ့်ရဲ့ JD ကြီး ကို ပျင်းလာလို့နောက်အလုပ်တစ်ခုကို ပြောင်းချင်တယ် ဆိုပြီး Candidate တစ်ချို့ ဆီ ကကြားရလေ့ရှိပါတယ်။
  • အလုပ်လုပ်ပြီး ၂ နှစ်လောက်မှာ နေ့စဉ် ရုံး လာရမှာကို ဘာလို့ ပျင်းသွားတာလဲ ? ကိုယ်လုပ်ကိုင်ရမယ့်အပိုင်းတွေကို သေချာလည်းကျွမ်းကျင်နေပြီ Training တွေကလည်း တခြားလိုအပ်နေသူတွေရှိလို့ဦးစားပေးနေတဲ့အတွက် အရင်ကလောက်မရတော့ဘူး။

အဲ့ဒါဆို ဒီလိုအချက်လေးတွေကို တစ်ချက် လုပ်ကြည့်ပါ။

  • ကိုယ့်ဘာ သာ Weekly/ Monthly Goal ချမှတ်ပါ။ အနောက်မရွှေ့ပါနဲ့။ တခါနဲ့ တခါ မတူညီတဲ့ challenge ဖြစ်တဲ့ Goal များ သတ်မှတ်ပါ။ Goal တွေဖြစ်မြောက်သွားတိုင်း ကိုယ့်ဘာသာ award ပေးပါ။
  • ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေဆီကနေ တစ်ဆင့် ကိုယ် အားနည်းတဲ့ အပိုင်း တွေကို သူတို့ဘယ်လို ကိုင်တွယ်လဲ သေချာနားထောင်ပါ လေ့လာပါ။ သင်ယူဖို့မကြောက်ရွံ့ပါနဲ့။
  • Self Learning အတွက် အချိန် တစ်ခု သတ်မှတ်ထားပါ။ သတ်မှတ်ချိန်အတွင်း တစ်ခုခု ရအောင်သင်ယူပါ။ လုပ်ငန်းခွင်အတွင်းပြန်အသုံးချပါ။
  • ကိုယ့်ရဲ့အောင်မြင်မှု အတွေ့အကြုံအတိုင်း ကို ပြန် Sharing လုပ်ပါ။
    လက်ဆင့်ကမ်းပါ။ ငါလုပ်မှဖြစ်မယ်ဆိုတာထက်ငါမလုပ်ဘဲပြီးမြောက်အောင် တခြားသူတွေကိုပါတွဲခေါ်ပါ။ ဘဝတွင်ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များချနိုင်သော အလေ့အထကိုတိုးတက်စေပါ။

သင်ရွေးချယ်သောဆုံးဖြတ်ချက်သည်နောက်ဆုံးသင်ဦးဆောင်မည့်ဘဝကိုဆုံးဖြတ်သည်။
သင်၏ဆုံးဖြတ်ချက်များသည်သင်၏ဘ ၀ ကိုပုံဖော်သည်၊ ထို့ကြောင့် ပို၍ အရေးကြီးသည်။
သင်ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များချလေလေ၊ သင်၏ဘဝသည်ပိုမိုကောင်းမွန်လေလေဖြစ်သည်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016