facebook tracking image
How to Avoid Procrastination
Personal Development

How to Avoid Procrastination

အချိန်ဆွဲတာတွေ ဘယ်လိုရပ်တန့်ကြမလဲ?

ကျွန်တော်တို့ နေ့စဉ်ဘဝတွေမှာ အချိန်ဆွဲခြင်းဆိုတာ ဘယ်ရှု့ထောင့်ကကြည့်ကြည့် ကောင်းတဲ့အမူအကျင့်မဟုတ်တာ အားလုံးလက်ခံကြမယ်ထင်ပါတယ်။ သိသိရက်နဲ့တမင် အချိန်ဆွဲတာကို ပျင်းတယ်လို့ အများစုကသတ်မှတ်ကြပြီး မေ့မေ့လျော့လျော့နဲ့ Deadline ကျော်သွားတဲ့အခါမျိုးကိုတော့ အလေးမထား ပေါ့ပျက်ပျက်နိုင်တယ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဆိုတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကိုယ်လုပ်ရမယ့်ကိစ္စ သို့မဟုတ် အလုပ်တစ်ခုကို Deadline ကျော်မှပြီးတာမျိုးကိုတော့ ချီးမွမ်းမယ့်ပုဂ္ဂိုလ် မရှိပါနိုင်ပါဘူး။

အချိန်ဆွဲတာပဲဖြစ်ဖြစ် မေ့သွားပြီးအချိန်ဆွဲသလိုဖြစ်သွားတာမျိုးပဲဖြစ်ဖြစ် အောက်မှာဖော်ပြပေးမယ့် အချက်လေးတွေကိုတွေ့ပြီးရင်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။

1) Daily Schedule

တစ်နေ့တာ မနက်အိပ်ယာနိုးချိန်ကစပြီး ကိုယ့်ရဲ့ Schedule ကိုကောင်းကောင်းစီစဉ်ထားပါ။ ဒါမှသာ လုပ်စရာတစ်ခုပြီးတစ်ခု မှန်မှန်လေးလုပ်ဖြစ်ပါလိမ့်မယ်။ To Do List ရှိနေတာဟာ လူတွေကို Motivation တက်စေတယ်လို့ ဆေးဘက်ဆိုင်ရာစာတမ်းတွေမှာလည်း အတိအလင်းဖော်ပြထားတာဖြစ်လို့ Daily Schedule လေးတွေကိုတက်နိုင်သလောက် စနစ်တကျလုပ်တက်တဲ့ အကျင့်လေးမွေးမြူထားဖို့လိုပါတယ်။

2) Set simple and achievable goals

"ငါဒီညကို စာဖတ်ရမယ်" ဆိုတာထက် "ငါဒီည မိုးမိုး(အင်းလျား)ရဲ့ ဝထ္ထုတို ၂ ပုဒ်ပြီးအောင်ဖတ်ရမယ်" ဆိုတာမျိုးက ပိုလို့ဖြစ်သင့်ပါတယ်။ အကြမ်းဖျဉ်းထက် တိတိကျကျရှိနေတော့ လုပ်ဖြစ်ဖို့ပိုနီးစပ်ပါတယ်။

3) Set a deadline

လူတော်တော်များများပြောကြတာရှိပါတယ် "တစ်နေ့နေ့မှာ ဘာဖြစ်ရမယ် ညာဖြစ်ရမယ်..." အစရှိသည်ဖြင့်ပေါ့။

တစ်နေ့နေ့ဆိုတာ မြန်မာသဒ္ဒါသဘောအရကိုက မသေချာသောအနာဂါတ်ကိုပိုပြီး ရည်ညွှန်းပါတယ်။ ဒါကြောင့် တစ်နှစ်အတွင်း ဒါမှမဟုတ် လာမယ့်ငါးနှစ်အတွင်း အစရှိသဖြင့် အချိန်ကာလတစ်ခုခုကိုသတ်မှတ်ပြီး ကြိုးစားလုပ်ဆောင်တာကသာ ပိုမိုထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။

4) Time Limit

လုပ်စရာရှိတဲ့ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ကျောင်းစာပဲဖြစ်ဖြစ် အချိန် Limit လေးနဲ့ထားပြီးလုပ်သင့်ပါတယ်။ "ဒီ အလုပ်ကိုဒီနေ့ အပြီးလုပ်ရမယ်" ဆိုတာထက်

"ဒီအလုပ်ကို ဒီနေ့ နေ့လည် ၁ နာရီမှာအပြီးလုပ်ရမယ်" ဆိုတာမျိုးဖြစ်သင့်ပါတယ်။ ဒီအချက်ကိုတော့ ကိုယ့်ရဲ့ Daily Schedule နဲ့ချိတ်ဆက်မှုကောင်းကောင်းလုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

5) Get the hard stuff done first

လွယ်ကူတာနဲ့ခက်တာဆို လွယ်တာပဲအရင်လုပ်ပြီး ခက်တာကျနောက်မှလုပ်ဖြစ်ကြတာများပါတယ်။ ဒါကြောင့် အခုကစလို့ လွယ်တာနဲ့ခက်တာ ၂ ခုယှဉ်လာရင် ခက်ခဲတာကို အရင်လုပ်ကြည့်ကြတာပေါ့ဗျာ။

6) Reward yourself

ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးပါ။ ဒီအပိုင်းကတော့ Self-Control ဘယ်လောက်ကောင်းတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း စစ်ဆေးပြီးသားဖြစ်တာပေါ့။ ဆုပဲပေးနေပြီး ဒဏ်မပေးနိုင်ပြန်ရင်လည်း သိပ်မထိရောက်နိုင်ပါဘူး။ ဒါကြောင့် ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးပါ။

7) Take a break

ခေတ္တအနားယူပါ။ "နောက်မှလုပ်တော့မယ်ကွာ" ဆိုတာထက် ၁၀ မိနစ် ၁၅ မိနစ်လောက် စိတ်ပြေလက်ပျောက်တစ်ခုခုလုပ်ပြီးတာနဲ့ ချက်ချင်းပြန်အစပြုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဒါကြောင့်မို့ တိကျသေချာတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် သေးသေးလေးကအစ သတိထားလုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ရေတွက်မှုတိုင်းဟာ ၁ ကစပါတယ်။ ကျွန်တော်ကတော့ သေးသေးလေးတွေကစပြီး ပြောင်းလဲမှုတွေ စပြီးလုပ်နေပါပြီ။ ဒီ Blog လေးကိုလည်း လိုအပ်တဲ့အချက်အလက်တွေစုဆောင်းပြီးတာနဲ့ တစ်ညအတွင်းအပြီးရေးထားခြင်းဖြစ်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016