facebook tracking image
How to Balance Work and Life Effectively
Personal Development

How to Balance Work and Life Effectively

အလုပ်နဲ့ ဘဝကို ဘယ်လိုညီမျှအောင်နေမလဲ?

အခု​ခေတ်​လူ​တော်​​တော်​များများမှာ ကိုယ့်ရဲ့ Personal Life နဲ့ အလုပ်​နဲ့ညီမျှအောင်​​နေထိုင်​ဖို့ဆိုတာ​တော်​​တော်​​လေးခက်​ခဲ​တာကို​တွေ့ရမှာပါ။ ပြီးပြည်​့စုံတဲ့ Career Life နဲ့ Personal Life ကိုလိုချင်​တယ်​ဆို​ရင်​​တော့ ဒီနှစ်​ခုကိုညီမျှအောင် ဘယ်​လို Manage လုပ်​မလဲဆိုတာကို အရင်​ဆုံးစဉ်းစားရမှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်အ​ခြေခံကျတဲ့အချက်​ ၅ ချက်​ကို ​ဖော်​ပြ​ရေးသားလိုက်​ပါတယ်​။ 

၁။ ကိုယ်​ဘာကိုဦးစား​ပေးမလဲဆိုတာကိုသိ​အောင်​အရင်​လုပ်​ပါ။ 
အလုပ်​ကအ​ရေးကြီးလား? မိသားစုကအ​ရေးကြီးလား? ဆိုရင်​ ၂ ခုစလုံးက ဘဝရှင်​သန်​ရပ်​တည်​ဖို့အတွက်​ အ​ရေးကြီးတယ်​လို့ ဆိုရမှာပါပဲ။ ဒါ​ပေမယ့်အ​ခြေ​အ​နေအချိန်​အခါ​ပေါ်မူတည်​ပြီး ကိုယ့်ရဲ့ ဦးစား​ပေး​တွေကို အဆင့်သတ်​မှတ်​ထားတတ်​ဖို့လိုအပ်ပါတယ်​။ ဥပမာ - ဒီ​နေ့ည​နေကိုယ်​ကမိသားစုစုံစုံလင်​လင်နဲ့ Dinner သွားစားမယ်​လို့ စီစဉ်​ထားတဲ့အချိန်​မှာ အလုပ်​​တွေမပြီးလို့ ဖျက်​လိုက်​ရတယ်​ဆိုရင်​ ကိုယ်​့မိသားစုကလည်းစိတ်​​ကောင်းမှာမဟုတ်​ပါဘူး။ အဲ့လိုပဲ မိသားစု ဒါမှမဟုတ်​ Relationship ကိုဦးစား​ပေးလို့ ဒါ​တွေနဲ့သက်​ဆိုင်​တဲ့ Personal Feeling ​တွေကို အလုပ်​ကိုယူလာပြီး အလုပ်​မှာအဆင်ပြေပြေမလုပ်​နိုင်​ဘူးဆိုရင်​လည်း ဒါဟာကိုယ့်ပတ်​ဝန်​းကျင်​မှာ Professional ပီသတဲ့လူ​တစ်​​ယောက်​ဖြစ်​လာမှာမဟုတ်​ပါဘူး။ ဒါ​ကြောင့် ကိုယ်နံပါတ်​တစ်လို့သတ်​မှတ်​ထားတဲ့အရာကို အချိန််​တစ်​ခုအတွင်းမှာ အာရုံစိုက်​ပြီး ပြီး​မြောက်​​အောင်​လုပ်​​ဆောင်​တတ်​ဖို့ အ​ရေးကြီးပါတယ်​။ 

၂။ အလုပ်​မှာ မိမိရဲ့တစ်​​နေ့တာပန်းတိုင်​ရှိပါ​စေ။ 
အိမ်​မှာဘာ​တွေပဲဖြစ်​ခဲ့ဖြစ်​ခဲ့ အလုပ်​လုပ်​​နေတဲ့အချိန်​မှာ ကိုယ့်အလုပ်​ကိုဘဲ အာရုံစိုက်​တတ်​ဖို့ အ​ရေးကြီးပါတယ်​။ ကိုယ်​ဒီ​နေ့ဒါကိုပြီး​အောင်​လုပ်​မယ်​လို့ ဆုံးဖြတ်​ထားရင်​ ပြီး​မြောက်​​အောင်​လုပ်​​ဆောင်​ပါ။ ဒါဆိုရင်​ ကိုယ်​ဟာ အချိန်​တစ်​ခုအတွင်​းမှာ တာဝန်​​ကျေလုပ်​​ဆောင်နိုင်​သူတစ်​​ယောက်​ဖြစ်​ပြီး Performance ​ကောင်​းမွန်​သူလို့သတ်​မှတ်​ခြင်​းကိုခံရမှာပါ။ ​နောက်​တစ်​ချက်​က တစ်​​နေ့တာအလုပ်​ကို ပြီး​အောင်​လုပ်​ခဲ့တဲ့အတွက်​ ကိုယ်​အနားယူချိန်​မှာလည်​း အလုပ်​မပြီးလို့ စိတ်​ညစ်​တာ၊ စိတ်​ဖိစီးမှုများ​နေတာမျိုး​တွေလည်​း ရှိ​တော့မှာမဟုတ်​ပါဘူး။ အဲ့ဒီအတွက်​​ကြောင့် ကိုယ်​ရဲ့ကိုယ်​ပိုင်​အချိန်​​တွေကိုလည်း အပြည့်အဝ Enjoy လုပ်​နိုင်မှာပါ။ 

၃။ ကျန်းမာ​အောင်​​နေပါ။ 
“ကျန်းမာခြင်းသည်​လာဘ်​တစ်​ပါး” ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ မိမိကိုယ်​ကို ကျန်းမာ​အောင်​ဂရုစိုက်​ပါ။ အာဟာရရှိပြီး ကျန်းမာတဲ့အစားအ​သောက်​​တွေကို စားသုံးတာ၊ တစ်​ပတ်​မှာအနည်​းဆုံး ၃ ရက်​​လောက်​ ကိုယ်​လက်​လှုပ်​ရှားအားကစားပြုလုပ်​ခြင်းက ကိုယ့်အတွက်​အကျိုးရှိ​စေမှာ အမှန်​ပါပဲ။ ​ရေများများ​သောက်​ပါ။ တစ်​ရက်​ကို ၈ နာရီပြည့်ဝအောင်​အိပ်​ပါ။ ​နောက်​ထပ်​အ​ရေးကြီးတာတစ်​ခုက အားလပ်​ချိန်​မှာ Technology Device ​တွေနဲ့ ​ဝေး​ဝေးမှာ​နေဖို့ပါ။ ဘယ်​ Technology Device မှာမဆိုဖွင့်တဲ့ခလုပ်​ပါရင်​ ပိတ်​တဲ့ခလုပ်​လည်းပါပါတယ်​။ ဒါ​ပေမယ့် ကိုယ်​ကိုယ်​တိုင်​က ဒီခလုပ်​​တွေကို on မလား off မလားဆိုတာက​တော့ ကိုယ့်​ရွေးချယ်​မှုပါပဲ။ ဒီအချက်​​တွေဟာ အစပိုင်းမှာ လိုက်​လုပ်​ဖို့ခဲယဉ်​း​ပေမယ့် အ​လေ့အက​ျင့်လုပ်​​ပေးမယ်​ဆိုရင်​ အကျိုးအများကြီးရှိစေတာကို ​တွေ့ရမှာပါ။ 

၄။ ငြင်းရမှာမ​ကြောက်​ပါနဲ့။ 
ကျွန်​မတို့မြန်​မာလူမျိုး​တွေရဲ့အားနည်းချက်တစ်ခုက အရမ်းကိုအားနာတတ်​ကြတာပါ။ အားနာလို့သွားလိုက်​ရတယ်​၊ အားနာလို့ကူညီ​ပေးလိုက်​ရတယ်​ ဆိုတာမျိုးတွေကို ပတ်​ဝန်းကျင်​မှာ ကြား​နေကြဖြစ်​မှာပါ။ တစ်​ခါတစ်​​လေမှာ ကိုယ့်အားလပ်​ချိန်​ကို အပြည့်အဝနားတတ်​ဖို့ သေသေချာချာအသုံးချတတ်​ဖို့လိုပါတယ်​။ ကိုယ့်ကို ဖိတ်​ထားတဲ့ ဘယ်​ပွဲကိုမဆိုလုံးဝကိုသွားရမယ်​လို့ မဆိုလိုပါဘူး။ ဒီ​နေရာမှာကိုယ်​ဘာကိုဦးစား​ပေးသင့်လဲဆိုတာ ကိုယ့်ဘာသာကိုယ်​ပဲစဉ်းစားရမှာပါ။ ဥပမာ Family Dinner နဲ့ သူငယ်​ချင်း​တွေနဲ့ Night out ထွက်​ဖို့ဆိုရင်​ Family Dinner ကိုဦးစား​ပေးလိုက်​ခြင်းက သဘာဝကျပါတယ်​။ ပြီး​တော့ အားနာလို့ မသွားချင်​သွားချင်​နဲ့ သွားရတာထက်​ မလာဖြစ်​ဖူးဆိုတာ​ကို တစ်​ဖက်​သားကို တ​လေးတစားနဲ့အသိ​ပေးခြင်းကတစ်​ခါတစ်​​လေမှာပို​ကောင်းပါတယ်။ 

၅။ မိမိကိုယ်​ကို အချိန်​​ပေးပါ။ 
အထက်​မှာ​ဖော်​ပြထားတဲ့အ​ကြောင်းအရာ​တွေထက်​ အ​ရေးအကြီးဆုံးက​တော့ ကိုယ့်ကိုယ်​ကို အချိန်​​ပေးတတ်​ဖို့ပါပဲ။ တစ်​ခါ​တ​လေ အလုပ်​မှာပင်​ပန်​း​ပေမယ့်အဆင်​​ပြေ​အောင်​​နေရတာ၊ မိသားစု ဒါမှမဟုတ်​ အ​ပေါင်းအသင်း​တွေထဲမှာ လိုက်​​လျောညီ​ထွေဖြစ်​​အောင်​​နေရတာ၊ Relationship နဲ့ပတ်သက်​ပြီးစိတ်​ညစ်တာ ဒါ​မျိုး​တွေကြုံတဲ့အခါ စိတ်​ပင်​ပန်းတာ အသေအချာပါပဲ။ ဒါ​ကြောင့်ကိုယ်​ပိုင်​အချိန်​​လေးမှာ ကိုယ်​​စိတ်​​ပျော်​သလို​လေး​နေဖို့အတွက်​​ ဘယ်​​တော့မှမတွန့်ဆုတ်​ပါနဲ့။ ပန်းပင်​စိုက်​တာ၊ စာ​ရေးတာ၊ စာအုပ်​ဖတ်​တာ၊ သီချင်​းနား​ထောင်​တာ၊ ရုပ်​ရှင်​သွားကြည့်တာ၊ မုန့်သွားစားတာ၊ ဘာသာစကား ဒါမှမဟုတ်​ ပညာရပ်​တစ်​ခုခုကို​လေ့လာတာဒါမျိုး​တွေလုပ်​နိုင်​ပါတယ်။​ကိုယ်ဖြစ်​တည်​မှုဟာ လူတိုင်းသ​ဘောကျ​အောင်​ စိတ်​​ကျေနပ်​​အောင်​​နေတာမျိုးမဟုတ်​ဘဲနဲ့ ကိုယ့်စိတ်​နဲ့ကိုယ်​လွတ်​လွတ်​လပ်​လပ်​​နေကြည့်ပါ။ တစ်​ခါတစ်​​လေမှာ လူ​တွေနဲ့​တွေ့ဆုံစကား​ပြောပြီး စိတ်​ထဲမှာ Empty ဖြစ်​​နေတာထက်​ ဘယ်​သူနဲ့မှမ​တွေ့ဘဲ တစ်​​ယောက်​တည်း​တွေးပြီး တိတ်တိတ်​ဆိတ်​ဆိတ်​ အချိန်​ကုန်​ရတာက ပို​ကောင်းပါတယ်​။ 

အခု​လောက်​ဆို​ရင်​​တော့ Work နဲ့ Life ကိုဘယ်​လို Balance ဖြစ်​​အောင်​လုပ်​မလဲဆိုတာနဲ့ပတ်သက်​ပြီး Idea တစ်​ချို့ ရသွား​လောက်​ပြီလို့ထင်​ပါတယ်​​နော်​။ ​ရှေ့ဆက်​ပြီးတော့လည်​း လုပ်​ငန်​းခွင်​နဲ့ပတ်သက်​ပြီး အသုံးဝင်​မယ့် Tips ​တွေကို​ဖော်​ပြသွားပါဦးမယ်။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016