facebook tracking image
How to Become an Outstanding Salesperson
Career Advice

How to Become an Outstanding Salesperson

ယနေ့ခေတ်မှာ အဘက်ဘက်က အပြိုင်အဆိုင်တိုးတက်လာတာနဲ့အမျှ စျေးကွက်ထဲမှာရော မိမိလုပ်ကိုင်နေတဲ့လုပ်ငန်းထဲမှာပါ အရောင်းသမားတွေကပိုမိုများပြားလာပါတယ်။ အဲ့လိုများပြားတဲ့အထဲကမှ သာမန်အရောင်းသမားတစ်ယောက်အနေနဲ ့မဟုတ်ဘဲ ထူးချွန်တဲ့ အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို ့ဆိုရင်တော့ သူများနဲ့မတူတဲ့အရည်အချင်းတွေရှိနေဖို ့လိုတာတော့ အသေအချာပါပဲ။ ဒီနေ့ရေးမယ့်အကြောင်းအရာလေးကတော့ အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့ အခြေခံအရည်အချင်း (၃) ချက်ဖြစ်ပါတယ်။ အခြေခံကောင်းကောင်းအုတ်မြစ်ချလိုက်ရင် ဒီထက်ပိုမြင့်တဲ့နေရာကိုသွားတဲ့အခါ မခက်ခဲဘဲအဆင်ပြေချောမွေ့နိုင်မှာပါ။ ကဲ ဒါဆိုရင် စလိုုက်ရအောင်။

၁။ မိမိလုပ်ငန်းရဲ့ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုအကြောင်းကို သေချာနားလည်ထားရုံသာမက အားသာချက်၊ အားနည်းချက်တွေကိုပါရှင်းလင်းစွာသိထားရမှာဖြစ်ပါတယ်။ ဒါမှသာ စားသုံးသူ (Customer) က ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ ပြိုင်ဘက်ကုမ္ပဏီကထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းနဲ့နှို်င်းယှဉ်ပြီး မေးမြန်းလာတာတွေရှိနိုင်ပါတယ်။ ဒီလိုအချိန်ဆိုရင် ကိုယ်က Customer ကို ဘယ်လိုပြန်ပြောမလဲ? နမူနာအနေနဲ့ စံထားရမယ့်အဖြေလေးကိုအကြမ်းအားဖြင့်ဖြေပြပေးပါမယ်။ စားသုံးသူ။ ။ အစ်မတို့အိမ်မှာ ဆပ်ပြာမှုန့် A ကိုပဲသုံးတယ်။ အခုလာရောင်းတဲ့ ဆပ်ပြာမှုန့် B က ဘာပိုကောင်းလို့လဲ? စံပြအဖြေ။ ။ အစ်မပြောတဲ့ဆပ်ပြာမှုန့်ကို ကျွန်တော်သုံးဖူးတယ်ဗျ။ သူကအတော်လဲသုံးလို့ကောင်းပါတယ်။ ဒါပေမဲ့ အစ်မ ကျွန်တော်တို့ထုတ်တဲ့ဆပ်ပြာမှုန့်က အညစ်အကြေးတွေကို ခဏလေးနဲ့သန့်ရှင်းအောင်လုပ်ပေးနိုင်ပြီး Energy Saving Technology ကိုသုံးထားတဲ့အတွက်ကြောင့် ရေကုန်သက်သာစေပါတယ်။

၂။ မိမိလုပ်ငန်းနဲ့သက်ဆိုင်နေတဲ့ စားသုံးသူနဲ့စျေးကွက်ကို သေချာနားလည်ထားရမှာဖြစ်တယ်။ စားသုံးသူက ဘာကိုလိုအပ်နေတယ်။ စျေးကွက်ထဲမှာဘယ်လိုတွေပြောင်းလဲနေတာကိုသိပြီး လိုအပ်ရင် ကုန်ပစ္စည်းနဲ ့ဝန်ဆောင်မှုကိုပိုကောင်းမွန်အောင်အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ရပါမယ်။

၃။ အပြောအဆိုညက်ညောရည်မွန်ရမယ်။ ကိုယ်နဲ ့ပထမဆုံးတွေ့ဆုံတဲ့ သူတစ်ယောက်နဲ ့ပြောဆိုဆက်ဆံရမှာ ဖြစ်တဲ့အတွက် စစတွေ့ချင်းမှာ အရမ်းစီးပွားရေးဆန်ဆန်စကားပြောခြင်းထက် ကိုယ့်အပေါ်ကိုယုံကြည်မှုရှိလာအောင် အရင်တည်ဆောက်သင့်တယ်။ အထူးသဖြင့် မြန်မာစျေးကွက်မှာ တစ်ယောက်နဲ ့တစ်ယောက် ယုံကြည်မှုကို ပိုပြီးအလေးအနက်ထားကြတဲ့အတွက် ကိုယ့်ဘက်ကသာရိုးသားပြီးယုံကြည်မှုကိုမပျက်စီးအောင်စောင့်ထိန်းမယ််ဆိုရင် ပိုအောင်မြင်ပြီး ကိုယ့် Customer တွေနဲ့ကြာရှည်လက်တွဲလုပ်နိုင်မှာ ဖြစ်တယ်။

အခုအပေါ်က ဖော်ပြသွားတဲ့အချက်တွေကတော့ အောင်မြင်တဲ့အရောင်းသမားတိုင်း လိုက်နာကျင့်ုသုံးခဲ့တဲ့ အဓိကအချက်တွေပဲ ဖြစ်တယ်။ အပေါ်ကဖော်ပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာဆောင်ရွက်ပြီး ထူးချွန်တဲ့အရောင်းသမားတွေ ဖြစ်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020