How to Break Out of the Comfort Zone Built During Stay-At-Home Days
Stay Home ကာလရဲ့ Comfort Zone ကနေဘယ်လိုရုန်းထွက်ကြမလဲ?
ကဲ အခုတစ်ခေါက်တော့ COVID-19 ကြောင့် Stay Home နေရာက ကိုယ့်ကိုယ်ကို Comfort Zone ထဲရောက်မှန်းမသိ ရောက်သွားတဲ့သူတွေအတွက် ပြန်လည်ပြင်ဆင်ဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြချင်ပါတယ်။ Stay Home မှာ လူတွေဘာကို အဓိကအများဆုံးလုပ်ဖြစ်ကြလဲဆိုရင် အစားအသောက်တွေအချိန်ပြည့် နီးပါး စားမိကြတာတွေရှိမယ်၊ အလုပ်မရှိတော့ ပိုပြီးအိပ်ဖြစ်လာကြမယ်၊ ဖုန်းတွေ အရင်ကထက် နာရီပေါင်းများစွာ ပိုသုံးလာကြမယ်။ ဒါတွေဟာ တစ်နည်းအားဖြင့်ပြောရရင် လူကို Comfort ဖြစ်စေတဲ့အချက်တွေပါပဲ။
လူတွေဟာ အလုပ်တွေရှုပ်နေချိန်မှာတောင် ဒီလိုအရာတွေကို တမ်းတမက်မောတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ အားတဲ့အချိန်လေးတွေမှာ ဒီနည်းလေးတွေနဲ့ Relax လုပ်တတ်ကြပါတယ်။ ဒါပေမယ့် အခုကာလက Stay Home ကာလ ဖြစ်တဲ့အတွက် ဒါတွေကို အချိန်တစ်ခုပေးပြီး Relax လုပ်စရာမလိုတော့ဘဲနဲ့ အချိန်ပြည့်လုပ်ဖြစ်သွားတဲ့အရာတွေ ဖြစ်လာပါပြီ။ ဒီလိုနဲ့ လူတွေအကုန် Comfort Zone ထဲရောက်မှန်းမသိရောက်နေကြတာပါ။
ဒါပေမယ့် လုပ်ငန်းခွင်ထဲပြန်ဝင်ရမယ့် အချိန်ရောက်လာရင် ဒါမှမဟုတ် Work From Home လုပ်ရတော့မယ်ဆိုရင် အရင်အတိုင်း ပြန်ပြီးလှုပ်ရှားရုန်းကန်ရတော့မှာပါ။ အဲ့ဒီအတွက် စိတ်ကိုအရင်လိုပြန်လည်နိုးကြားအောင်လုပ်ရတော့မယ်။ ကဲ ဒါဆို ဘာတွေနဲ့စကြမလဲ?
Set Up Alarm
အလုပ်ချိန်မှီအောင် စောစောထပြီးပြင်ဆင်ဖို့ လိုအပ်လာပြီ။ WFH လုပ်ရတယ်ဆိုရင်တောင် အိပ်ယာထနောက်ကျလို့ အလုပ်စတာနောက်ကျတာ၊ Daily Meeting ဝင်တာ နောက်ကျပြီဆိုရင် တစ်နေ့တာလုံး အရာရာဟာ ကိုယ့်စိတ်တိုင်းကျဖြစ်လာမှာ မဟုတ်တော့ပါဘူး။
Dress Up
WFH လုပ်ရပေမယ့်လည်း ကိုယ်ကလုပ်ငန်းခွင်မှာပဲ ရှိနေသေးတယ်ဆိုတာကိုတော့ မမေ့ပါနဲ့။ အိမ်နေရင်းဝတ်စုံနဲ့အိပ်ယာပေါ်မှာပဲအလုပ်လုပ်နေတာက ဘယ်လိုမှ Productive ဖြစ်စေမှာမဟုတ်ပါဘူး။ သင့်တော်ကောင်းမွန်တဲ့ အဝတ်အစားဝတ်ဆင်ပြီး သပ်သပ်ရပ်ရပ် အလုပ်စားပွဲမှာသေချာထိုင်လုပ်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး အလုပ်လုပ်ချင်စိတ်ဖြစ်ပေါ်လာစေမှာပါ။
Make A List To Do
ရုံးပြန်ဖွင့်ချိန်မှာ ဘာတွေကိုအရင်စလုပ်ရမလဲ မသိနိုင်တော့ဘဲ စိတ်တွေရှုပ်ထွေးသွားနိုင်ပါတယ်။ ဒါကြောင့် To Do List ကို Prioritize လေးခွဲပြီး Note Down လုပ်ပါ။ ဒါမှ ဘယ်အရာတွေက ကိုယ့်အတွက်ပိုအရေးကြီးလဲသိရှိပြီး အချိန်မှီလုပ်နိုင်မှာပါ။
Remember to have lunch on time
ဒီအချက်လေးက အရေးကြီးပါတယ်။ ဘာလို့ဆို Stay Home ကာလမှာ အစာအိမ်ကို အလိုလိုက်ခဲ့တဲ့အတွက် သူဟာ အချိန်မှန်အစာတောင်းတနေမှာ။ ဒါကြောင့် အချိန်မှန် နေ့လည်စာ မစားဘဲ အလုပ်လုပ်မိနေရင်တော့ ကျန်ရှိတဲ့အလုပ်ချိန်တွေမှာ စိတ်အလိုမကျနဲ့ အဆင်မပြေမှုတွေ ဖြစ်သွားနိုင်လို့ပါ။
Look For Opportunities To Have Fun
ဒီအချက်လေးကတော့ ပထမဆုံးရုံးတက်တဲ့ရက် ဒါမှမဟုတ် WFH လုပ်နေတဲ့အချိန်တွေမှာ လိုအပ်တဲ့အချက်လေးပါ။ ဘာလို့ဆို သင်ဟာ Comfort Zone က စပြီးထွက်တဲ့နေ့လေးဖြစ်တဲ့အတွက် သင့်ဆီမှာ ပျင်းတတ်တဲ့အကျင့်လေးတော့ ကျန်နေဦးမှာပါ။ ဒါကြောင့် သင်ဟာ စကားပြောဖော် Colleagues လိုအပ်ပါတယ်။ သင့်ရဲ့ Colleagues တွေနဲ့ ပျော်စရာအကြောင်းအရာလေးတွေ၊ Stay Home မှာ ဘာတွေလုပ်ဖြစ်လဲဆိုတဲ့ အကြောင်းလေးတွေကို အပြန်အလှန်ပြောပေးခြင်းကလည်း သင့်ကို အလုပ်ခွင်မှာ ပျော်ရွှင်စေမှာပါ။
ဒီအချက် (၅) ချက်က Staying Home Comfort Zone ကနေထွက်နိုင်ဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။