How to Dress Professionally in the Workplace?
လုပ်ငန်းခွင်မှာ Professional ကျကျအဝတ်အစားနဲ့ စမတ်ကျကျလှဖို့
အခုခေတ်မှာ International Organization တွေများလာတာနဲ့အမျှ Company တော်တော်များရဲ့ Environment ကလည်း Professional ဆန်ဖို့အတွက် အလေးပေးလာကြပါတယ်။ အဲဒီအထဲမှာမှ ဝတ်စားဆင်ယင်မှုကလည်း အခန်းကဏ္ဍတစ်ခုကပါဝင်နေပါတယ်။ “Never Underestimate the Power of a Good Outfit” ဆိုတဲ့အတိုင်း Outfit ကောင်းကောင်းတစ်ခုက သင့်ရဲ့ Mood ကိုသာမက Confidence Level ကိုပါ မြင့်တက်စေမှာပါ။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် Interview သွားတာကအစ Business Meeting သွားတဲ့အထိ ကိုယ်ရဲ့ဝတ်စားဆင်ယင်မှုက သပ်သပ်ရပ်ရပ်ဖြစ်ဖို့နဲ့ Professional ဆန်နေဖို့အရေးကြီးပါတယ်။
အဲဒါကြောင့် ဒီ Blog မှာ Professional Oufit နဲ့ပတ်သက်တဲ့ Ideas နဲ့ Tips လေးတွေကို ဝေမျှပေးချင်ပါတယ်။
Professional Outfit လို့ဆိုတဲ့အခါ Business Casual နဲ့ Formal ဆိုပြီး အခြေခံအားဖြင့် ရွေးချယ်စရာ ၂မျိုးရှိလာပါတယ်။ Business Casual ကတော့ တွဲဖက်ရွေးချယ်စရာပိုများပြီး Formal Casual ကတော့ များသောအားဖြင့် Suits ဝတ်ကြရပါတယ်။
Business Casual Outfit တစ်ခုရဖို့အတွက်ဆိုရင် ဘာတွေရှိတွဲဖက်ဝတ်ဆင်သင့်လဲ?
အဓိကအားဖြင့်ဆိုရင်တော့ ရှပ်အဖြူရောင်၊ Blouse အကျီပြောင်နဲ့ Turtleneck လို့ခေါ်တဲ့ လည်ပင်းအပိတ်အကျီတွေကို Coat တို့ Blazer တို့နဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ Printed Blouse တွေလည်းရွေးချယ်ဝတ်ဆင်လို့ရပေမယ့် Pattern အရမ်းမကြီးတဲ့ Design မဖြစ်ဖို့ သတိထားသင့်ပါတယ်။
Bottom အနေနဲ့ဆိုရင်လည်း Pencil Skirt, Midi Tight Skirt, Wide Leg Pant, Cropped Pant နဲ့ Chino Pant တွေကို ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။ ဒါပေမယ့် Jean Pant Jean Shirt တွေကိုတော့လုံးဝရှောင်သင့်ပါတယ်နော်။ Dress ရွေးချယ်မယ်ဆိုရင်လည်း Pattern အရမ်းမများတဲ့ ရိုးရိုးရှင်းရှင်း Dress တွေက Professional ဆန်တဲ့ Look ရစေပါတယ်။
ဒီ Outfit လေးတွေကို ပိုပြီးမြင်သာအောင် Reference Photo လေးတွေပါ ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံလေးတွေကြည့်ပြီး စမတ်ကျကျနဲ့ ရုံးတက်ဖို့ Idea လေးတွေရမယ်လို့လည်းမျှော်လင့်ပါတယ်။
Pencil Skirt, Shirt, Blouse and Turtleneck Top
Blazer, Cropped Pants, Skirt
Turtleneck Top, Wide Leg Pants, Cropped Pant
White Shirt, Cropped Pants
Colorful Blouse, Cropped Pants, Wide Leg Pant
Photo Reference: Pinterest