facebook tracking image
How to Enjoy and Make the Most of Your Personal Time
Personal Development

How to Enjoy and Make the Most of Your Personal Time

ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေမှာ ပျော်ရွှင်အောင်ဘယ်လိုနေထိုင်မလဲ?

ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အညီ ကုန်ပစ္စည်းတွေစားသောက်နေထိုင်မှုစရိတ်တွေကလည်း တစ်ဟုန်ထိုးမြင့်တက်လာပါတယ်။ ထိုအရာတွေကို Cover ဖြစ်ဖို့အတွက် လူတိုင်းပိုက်ဆံနောက်ကိုလိုက်မှန်းမသိလိုက်လာကြပြီး ကိုယ်ပိုင်အချိန်တွေပျောက်ဆုံးမှန်းမသိပျောက်ဆုံးလာကြတယ်။ ပျော်ရွှင်မှုဆိုတာဘာမှန်းမသိအောင်ဖြစ်လာကြပြီး အလုပ်ခွင်မှာလုပ်ရတာစိတ်ဖိစီးမှုတွေပိလာကြပါတယ်။ ဒါတွေကိုဘယ်လိုလျှော့ချပြီး ပျော်ရွှင်မှုကိုဘယ်လိုဖန်တီးယူရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာပြောပြပေးချင်ပါတယ်။

(၁) တစ်နေ့ကိုအနည်းဆုံးတစ်နာရီလောက် ဝါသနာပါတာကိုလုပ်ပါ။
လူတိုင်းမှာကိုယ်ဝါသနာပါတာ အနည်းဆုံးတစ်ခုလောက်တော့ရှိပါတယ်။ တချို့ကစာဖတ်တာသဘောကျတယ်။ တချို့ကတော့သူငယ်ချင်းတွေနဲ့အပြင်သွားတာသဘောကျကြတယ်။ တချို့ကျတော့ပန်းချီဆွဲတာ အစရှိသည်ဖြင့်ပေါ့။ ဒါပေမယ့် တစ်နေ့တစ်နေ့လုပ်ရတဲ့ Funtions တွေကများနေလို့ဆိုပြီး ကိုယ်ဝါသနာပါရာကို သေချာအချိန်မပေးနိုင်ကြပါဘူး။ “အလုပ်ကပြန်လာတော့ပင်ပန်းပြီးမလှုပ်နိုင်တော့ဘူး” ဆိုတဲ့ဆင်ခြေတွေနဲ့ ကိုယ်ရဲ့ပျော်ရွှင်စရာအချိန်တွေကိုလက်လွှတ်လိုက်ကြပါတယ်။ တကယ်တော့ကိုယ်တကယ်ဝါသနာပါတာလေးတစ်ခုက ကိုယ့်ရဲ့အလုပ်ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးနိုင်တယ်ဆိုတာမသိကြသေးလို့ပါ။ တစ်နေ့ကို အနည်းဆုံးအချိန်တစ်နာရီလောက်ပေးပြီး ကိုယ်ဝါသနာပါရာတစ်ခုခုကိုလုပ်ကြည့်ပါ။

(၂) ဘာသာစကားအသစ်တစ်ခုကိုသင်ယူပါ။
ဒီနေရာမှာ English ဘာသာစကားတစ်မျိုးထဲကိုမဆိုလိုပါဘူး။ ကိုရီးယား၊ ဂျပန်၊ တရုတ် စသဖြင့်ကိုယ်စိတ်ဝင်စားတဲ့ဘာသာစကားတစ်ခုခုပေါ့။ တချို့ကတော့စာကျက်ရတာပိုပင်ပန်းတယ်လို့ထင်ကြပါလိမ့်မယ်။ တကယ်တော့မဟုတ်ပါဘူး။ အားလပ်ချိန်မှာကိုယ်မသိသေးတဲ့ ဘာသာစကားအသစ်တစ်ခုကိုသင်ယူရတာဟာ အလုပ်ခွင်ရဲ့ပြဿနာတွေကိုမတွေးမိတော့တဲ့အပြင် ကိုယ့်ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကိုလည်းမြင့်တက်စေနိုင်ပါတယ်။ အလုပ်မအားလို့မတက်နိုင်ပါဘူး ဆိုတာမျိုးကိုမေ့ပစ်ပီးအချိန်ပေးကြည့်ပါ။ ကိုယ်အသက်ရှိနေသ၍ အလုပ်တာဝန်တွေဆိုတာပြီးဆုံးမှာမဟုတ်တဲ့အတွက် ကိုယ့်အတွက်တိုးတက်မှုရှိစေမယ့်၊ စိတ်အပန်းပြေစေမယ့်အရာတွေပေါ်မှာလည်း အချိန်ပေးပါ။

(၃) မိသားစုနဲ့အချိန်ပေးပြီးခရီးထွက်ပါ။
လူတိုင်းဟာအလုပ်ဆိုတဲ့သံသရာထဲမှာလည်ပတ်နေကြပြီး အားလပ်ချိန်တွေပျောက်ဆုံးကာ မိသားစုနဲ့ပါဝေးကွာမှုတွေဖြစ်လာကြပါတယ်။ အလုပ်ကပင်ပန်းပီးပြန်လာရင် ဘယ်သူနဲ့မှစကားမပြောချင်ဘဲအိပ်ရာထဲဝင်ပီးအိပ်ပျော်၊ ဒီလိုနဲ့ပဲတစ်နေ့တာကိုကုန်ဆုံးသွားရကြတယ်။ နေ့စဉ်သူစိမ်းတွေကို ကောင်းကောင်းဆက်ဆံနေပေမယ့် အလုပ်မှာဖြစ်လာတဲ့ စိတ်မကျေနပ်မှုတွေ၊ စိတ်ဖိစီးမှုုတွေကြောင့် ကို်ယ့်ရဲ့အရင်နှီးဆုံးအိမ်သားတွေအပေါ်မှာ ကောင်းကောင်းမဆက်နိုင်တော့ပါဘူး။ ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြတော့ဘဲ မိသားစုပျော်ရွင်စရာကိုယ်ပိုင်အချိန်တွေလည်းပျောက်ဆုံးသွားပါတယ်။ ဘယ်လောက်ပဲအရေးကြီးတဲ့အလုပ်ဖြစ်နေပါစေ၊ မိသားစုလောက်တော့အရေးမကြီးပါဘူး။ နေ့တိုင်းအချိန်မပေးနိုင်ဘူးဆိုရင်တောင်မှ အားလပ်ချိန်လေးတွေဖန်တီးပြီး သူတို့နဲ့အတူနေရာသစ်လေးတွေကိုခရီးထွက်ကြည့်ပါ။ အရင်ကထက်ပိုပြီး မိသားစုုနွေးထွေးမှုတွေ၊ ပျော်ရွှင်မှုလေးတွေရှိလာမှာပါ။

(၄) ပြဿနာကိုကြာကြီးစိတ်ထဲမှာမမွေးမြူပါနဲ့။
လူတိုင်းမှာအလုပ်ပြဿနာ၊ မိသားစုပြဿနာ၊ Relationship ပြဿနာ စသဖြင့် တစ်ခုမဟုတ်တစ်ခုကတော့ရှိစမြဲပါ။ ဘယ်တော့မှပြီးဆုံးသွားတယ်ဆိုတာမရှိပါဘူး။ အဓိကက ကိုယ်စိတ်သက်သာအောင်ဘယ်လိုဖန်တီးနေထိုင်မလဲဆိုတာပါပဲ။ ဘာပြဿနာပဲဖြစ်ဖြစ်ခေါင်းထဲမှာတစ်ချိန်လုံးမထည့်ထားပါနဲ့။ ဥပမာ အလုပ်ကပြဿနာကိုအလုပ်မှာပဲထားခဲ့ပြီး အိမ်ကိုသယ်မလာတာမျိုး သို့မဟုတ် အိမ်ကပြဿနာကိုအလုပ်ထိသယ်မလာတာမျိုးပေါ့။ တစ်ချိန်လုံးစိတ်ညစ်စရာတွေခေါင်းထဲပြည့်နေရင် ပျော်စရာဆိုတာရှာမတွေ့နိုင်တော့ပါဘူး။

(၅) ကိုယ့်ရဲ့အချိန်တွေကိုတခြားသူဆီမပါပါစေနဲ့။
အထူးသဖြင့် ကျွန်မတို့မြန်မာလူမျိုးတွေဟာအားနာတတ်ပါတယ်။ ကိုယ့်အတွက်အရေးမပါတဲ့အရာတွေကို "No" လို့ပြောရမှာဝန်လေးတတ်ကြပါတယ်။ ကိုယ့်ရဲ့အားလပ်ချိန်မှာ တခြားသူတယောက်ကအရေးမပါတာတွေလာပြောနေတာပဲဖြစ်ဖြစ်၊ သူ့အလုပ်ရဲ့သူတွေမကောင်းကြောင်းတွေလာပြောနေတာပဲဖြစ်ဖြစ် ငြင်းတတ်အောင်ကြိုးစားပါ။ ကိုယ့်ရဲ့အားလပ်ချိန်တွေကိုတန်ဖိုးထားပြီး အားမနာတတ်အောင်ကြိုးစားပါ။ မဟုတ်ရင်သူ့ရဲ့ပြဿနာတွေဟာကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုပါဖျက်စီးနိုင်ပါတယ်။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016