facebook tracking image
How to Handle Stress
Personal Development

How to Handle Stress

စိတ်ဖိစီးမှုကိုဘယ်လိုဖြေရှင်းကြမလဲ?

အပြိုင်အဆိုင်များတဲ့ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုဆိုတာ ထူးဆန်းတဲ့အရာတော့မဟုတ်တော့ပါဘူး။

စိတ်ဖိစီးမှုဘာလို့ဖြစ်ပေါ်လာရတာလဲ? ဘာကြောင့်စိတ်ဖိစီးကြရတာလဲဆိုတာ ကြည့်ကြည့်ရအောင်။

စိတ်ဖိစီးမှုဖြစ်ရတဲ့အဓိကအကြောင်းအရင်းအများစုက အရက်သေစာသောက်စားခြင်းကရတယ်၊ တစ်ချို့ကြတော့ မူးရစ်ဆေးဝါးသုံးစွဲခြင်းကရတယ်။ မိသားစုအရေးအဆင်မပြေမှု၊ Bully လုပ်ခြင်းခံရမှုနဲ့ လုပ်ငန်းခွင်မှာ Struggle လုပ်ရခြင်းတို့ကြောင့် စိတ်ဖိစီးမှုတွေဖြစ်လာပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်ဖြစ်နေတာနဲ့ထပ်တူမကျတာမျိုး ဥပမာအားဖြင့် ငွေရေးကြေးရေးမပြေလည်တာ၊ Relationship အဆင်မပြေတာ၊ မိသားစုရေးအဆင်မပြေတာမျိုး စတာတွေကြောင့်လည်း စိတ်ဖိစီးမှုရတတ်ပါတယ်။  

ဒီလိုစိတ်ဖိစီးမှုတွေဖြစ်လာပြီဆိုရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကဘာတွေရှိမလဲ?  

  • ဝက်ခြံပေါက်ခြင်း
  • ကျန်းမာရေးထိခိုက်ခြင်း (ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ နှလုံးအောင့်ခြင်း)  
  • အလိုလိုစိတ်ဓာတ်ကျနေခြင်း
  • ဒေါသထွက်လွယ်ခြင်း
  • ပတ်ဝန်းကျင်နှင့်အဆင်မပြေမှုများကြုံတွေ့ရခြင်းစတဲ့လက္ခဏာရပ်တွေပေါ်ပေါက်လာနိုင်ပါတယ်။

ဒါဆိုရင်စိတ်ဖိစီးမှုကိုဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ?

  1. သီချင်းဆိုပါ။ သီချင်းဆိုုခြင်းကစိတ်ကိုအများကြီးအပန်းပြေစေပါတယ်။စိတ်တွေအရမ်းရှုပ်ပြီးညစ်ညူးနေတယ်ဆိုရင်တော့ ကိုယ်အရမ်းကြိုက်တဲ့သီချင်းတွေသာ အော်ဆိုပစ်လိုက်ပါ။ 
  2. အစားစားပါ။ အရသာကောင်းတဲ့အစားအသောက်တွေကလူကိုပျော်ရွှင်စေတယ်လေ။ 
  3. အားကစားလုပ်ပါ။ အားကစားလုပ်ခြင်းကလည်း ချွေးထွက်ပြီး စိတ်လက်ပေါ့ပါးစေပါတယ်။ 
  4. ခရီးသွားပါ။ စိတ်တူကိုယ်တူသူငယ်ချင်းတွေ၊ မိသားစု၊ ချစ်သူ ဒါမှမဟုတ် တစ်ကိုယ်တော်ခရီးသွားခြင်းကလည်း စိတ်ကိုအာဟာရပေးခြင်းတစ်မျိုးပါပဲ။  
  5. တရားထိုင်ပါ။ စိတ်တည်ငြိမ်အေးချမ်းစေဖို့အတွက် တစ်နေ့ကို ၁၅ မိနစ် လောက်အချိန်ပေးပြီးတရားထိုင်ကြည့်ပါ။  
  6. ဟာသရုပ်ရှင်တွေကြည့်ပါ။  
  7. အိပ်ရေးဝဝအိပ်ပါ။  

အပေါ်မှာဖော်ပြထားတဲ့နည်းလမ်းလေးတွေနဲ့ စိတ်ဖိစီးမှုကိုလျော့ကျအောင် အရင်ဆုံးကြိုးစားကြည့်ပါ။ တကယ်လို့ကြိုးစားကြည့်ပြီးတာတောင် စိတ်ဖိစီးမှုဒဏ်ကို ဆက်လက်ခံစားနေရတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့တိုက်တွန်းပါရစေ။

ဒီလိုအချိန်မှာတော့ ဆရာဝန်က ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုကုသပေးတာမျိုးမဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲရောဂါဝေဒနာတွေကို ကုသပေးမှာပါ။  

စာဖတ်သူတွေရော စိတ်ဖိစီးမှုတွေခံစားနေရပြီလား? ခံစားနေရပြီဆိုရင်တော့ အပေါ်မှာဖော်ပြသွားတဲ့လိုက်နာရလွယ်ကူတဲ့အချက်လေးတွေနဲ့  စိတ်ဖိစီးမှုကိုကျော်လွှားကြည့်ပါလို့ အကြံပေးပါရစေ။ ကိုယ့်ဘေးပတ်ဝန်းကျင်က အသိမိတ်ဆွေတွေမှာလည်း စိတ်ဖိစီးမှုဒဏ်ခံစားနေရတဲ့သူတွေရှိရင် ဒီ Blog လေးမျှဝေပေးပြီး ကူညီလိုက်ပါဦး...

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016