facebook tracking image
How to Manage Expectations Effectively
Personal Development

How to Manage Expectations Effectively

လူတိုင်းမှာ Expectations ဆိုတာရှိပါတယ်။ တစ်ချိန်ချိန်မှာဘယ်လိုလူမျိုးဖြစ်ချင်တယ်၊ ဘယ်လိုဘဝမျိုးဖြစ်ချင်တယ်၊ Relationship ကအစ ဘယ်လိုလူမျိုးနဲ့မှ ဖြတ်သန်းချင်တယ်ဆိုတာမျိုး Expect လုပ်ကြပါတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်ကစပြီးတော့ Higher Expectations တွေထားလိုက်ပြီဆိုတာနဲ့ ဒီ Expectation တွေကိုသေချာ Handle မလုပ်နိုင်တဲ့အခါမျိုးဆို ကိုယ်တွေရဲ့ပတ်ဝန်းကျင်မှာပြဿနာတွေဖြစ်လာတယ် စိတ်ပင်ပန်းမှုတွေကြုံလာရမယ် နောက်ဆုံး Depression ပါဝင်လာနိုင်ပါတယ်။ 

ဒါဆိုရင် Expectations တွေကိုဘယ်လို Manage လုပ်ကြမလဲ?

1. Improve Your Reality 
လက်တွေ့မကျတဲ့ Expectation တွေမထားပါနဲ့။ တကယ်တော့ အဲ့ဒီမျှော်လင့်ချက်တွေ ယုံကြည်မှုတွေက စိတ်ပျက်ခြင်းတွေ စိတ်ပင်ပန်းဆင်းရဲမှုတွေကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းပါ။ ဥပမာပြောရရင် ဒီလူတစ်ယောက်ကို ကိုယ့်စိတ်အတိုင်းတစ်သွေမတိမ်းတူရမယ်၊ သဘောထားချင်းထပ်တူကျရမယ် လို့ယုံကြည်နေတာက Unrealistic Expectation ပါ။ ဘယ်တော့မှလူနှစ်ယောက်ကထပ်တူမကျနိုင်တာကြောင့် ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေကိုဦးတည်စေသလိုမျိုးပေါ့။ Reality ကိုလက်ခံနိုင်ဖို့ သင်ယူပါ။ တစ်စုံတစ်ယောက်ဆီကပဲဖြစ်ဖြစ်၊ တစ်စုံတစ်ခုပဲကိုပဲဖြစ်ဖြစ် အမှန်တကယ် expect လုပ်သင့်တာကိုပဲလုပ်နိုင်အောင်ကြိုးစားပါ။ Everyone deserve to live an inspired life of full of joy, love and acceptance. 

2. Give someone without expectation
များများပေးဆပ်ပီး နည်းနည်းပဲမျှော်လင့်ပါ။ ပစ္စည်းတစ်ခုငှားတာပဲဖြစ်ဖြစ် တစုံတယောက်ကအကူအညီလိုလို့ပေးတဲ့အခါမှာပဲဖြစ်ဖြစ် သူ့ဆီကငါဘာပြန်ရမလဲဆိုတာထက် ကိုယ်ကူညီလိုက်လို့ ကိုယ်ပေးလိုက်လို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတခွန်းနဲ့တင် ကျေနပ်ရောင့်ရဲမှုရှိအောင်ကြိုးစားပါ။ တစ်ချိန်မှာသူကိုယ်တိုင်သိတတ်လို့ ပြန်ကူညီရင်အသိအမှတ်ပြုပီးလက်ခံလိုက်ပါ။ အနည်းဆုံးတော့ ပြန်ပေးဖို့ ပြန်ကူညီဖို့မေ့သွားတဲ့အခါ စိိတ်ပျက်မှုကိုလျော့ချနိုင်ပါလိမ့်မယ်။ အထူးသဖြင့် လူတယောက်ကိုပြောင်းလဲအောင်ကြိုးစားတဲ့အခါ ကျွန်မတို့ထင်ထားသလို မျှော်လင့်ထားသလိုဖြစ်မလာရင် စိတ်ပျက်မှုတွေကြုံလာရနိုင်လို့ လူတိုင်းက ကျွန်မတို့ထင်သလိုတွေးသလို မဖြစ်နိုင်ဘူးဆိုတာ Realize ဖြစ်တတ်ပါစေ။ 

3. Prepare for the unexpected things with a positive attitude to life
ချက်ချင်းဆိုသလို မျှော်လင့်ချက်တွေမထားဖို့ဆိုတာတကယ်တမ်းတော့ မလွယ်ပါဘူး။ မျှော်လင့်ချက်မရှိရင် အသက်မရှင်နိုင်ဘူးဆိုတဲ့စကားတွေလည်းရှိပါတယ်။ အဲ့တော့ ကိုယ်ကမျှော်လင့်ချက်ကြီးကိုမစွန့်လွှတ်နိုင်သေးရင် မမျှော်လင့်ပဲဖြစ်လာနိုင်မယ့်အရာတွေအတွက် Positive Attitude ထားပီးပြင်ဆင်ထားပါ။ ကိုယ့် Expectations တွေဖြစ်မလာတဲ့အချိန်မှာ Depression ဝင်ပီးနစ်မြုပ်သွားမယ့်အစား ''This is not bad life, just bad day'' ဆိုပီး Motivation ပြန်ယူနိုင်အောင်လေ့ကျင့်ယူပါ။ တကယ်တော့ Reality ကိုလက်ခံနိုင်တယ်ဆိုတာ အရမ်းကိုအသုံးဝင်တဲ့ Healthy lifestyle တခုပါ။ Expect less but hope that the best is still to come.

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016