facebook tracking image
How to Stay Mentally Present at Work During Difficult Times
Personal Development

How to Stay Mentally Present at Work During Difficult Times

လတ်တလောအခြေအနေမှာ အလုပ်ထဲအာရုံစူးစိုက်ပြီး စိတ်ထည့်မရတဲ့အခါ 

လတ်တလော နိုင်ငံရေးကြောင့်ဖြစ်စေ၊ မိသားစုပြဿနာကြောင့်ဖြစ်စေ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ လုပ်ကိုလုပ်ရမယ့် အလုပ်ရှိတာတောင် စိတ်မဝင်စားနိုင် ဖြစ်တတ်ကြပါတယ်။ ပထမဆုံးပြောချင်တာက ဒီလိုဖြစ်ခြင်းမျိုး လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်နေတာမျိုးဆိုရင်တော့ မကောင်းဘူးပေါ့။ ဒါကြောင့် ဒီလိုနေ့ရက်တွေမှာ အလုပ်ထဲကို စိတ်ပြန်လည်စုစည်းနိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။

အလုပ်မပြီးလို့ဖြစ်လာမယ့် ဆိုးကျိုးတွေကို တွေးကြည့်ပါ။
ဆိုကြပါစို့။ ဒီနေ့ မေးလ်ပို့စရာရှိတာကို မပို့မိရင် အဲဒီအလုပ်ကြီးကို နောက်ရက်ထိယူသွားရမယ့်အပြင်၊ အလုပ်မပြီးလို့ ကိုယ့်မန်နေဂျာက ဆူတာလည်း ခံရနိုင်ပါတယ်။ တကယ်လို့ Client ကို ပို့မယ်ပြောထားပြီး မပို့ဖြစ်တာမျိုးဆိုရင် ကိုယ့်ကို ကတိမတည်တဲ့လူတစ်ယောက်လို့ မြင်သွားနိုင်ပါတယ်။ နောက်ဆုံး ခွင့်တွေဘာတွေယူပြီး အိမ်မှာပဲ ထိုင်မှိုင်ဖို့ ရွေးချယ်မိတယ်ဆိုရင်လည်း အလကားသက်သက် ခွင့်ရက်တစ်ရက် ဆုံးရှုံးသွားမှာပါ။ ပြီးတော့ စိတ်ညစ်စရာကြီးကိုပဲ ခေါင်းထဲမှာ ထည့်ထားမယ်ဆိုရင် Productivity လည်းမရှိသလို ဘာ Idea အသစ်မှလည်း ပေါ်လာမှာမဟုတ်ပါဘူး။ အဆိုးဆုံးကတော့ ထိုင်စိတ်ညစ်နေလို့ လုပ်သင့်တာတွေ မလုပ်မိရင် အကျိုးဆက်က မကောင်းတာတွေပဲ ဖြစ်ဖို့များပါတယ်။ ဒါကို မမေ့ပါနဲ့။

စိတ်ကျန်းမာရေး ထိခိုက်ခံလို့မရတာကို သတိရပါ။
ကျွန်တော်တို့ လူသားတွေရဲ့ ကျန်းမာရေးအတွက် 70% လာက်က စိတ်နဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။ စိတ်ညစ်တယ်ဆိုပြီး စားချိန်တန်မစား၊ အိပ်ချင်တန်မအိပ်ဘဲ နေလိုက်ရင် ပြဿနာကပြေလည်သွားမှာ မဟုတ်သလို ကိုယ်ကျန်းမာရေးကိုပါ ထိလာနိုင်ပါတယ်။ အစာအိမ်အောင့်တာမျိုး၊ ခေါင်းကိုက်တာမျိုးတွေက Stress များခြင်းရဲ့လက္ခဏာတွေပါပဲ။ ဒီလိုမျိုး နေမကောင်းတဲ့အခါ အလုပ်ကိုလည်း ဘယ်လိုမှ ဖြောင့်ဖြောင့်တန်းတန်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်ထဲကို အာရုံစုစည်းဖို့အတွက် ကိုယ့်ရဲ့ကျန်းမာရေးကိုတော့ လျစ်လျူရှူလို့ မဖြစ်ပါဘူး။ ဒါဟာ မိုက်မဲတဲ့လုပ်ရပ်သာ ဖြစ်ပါတယ်။ ခက်ခဲပေမယ့်လည်း လုပ်စေချင်တာကတော့ မနက်စောစောပိုင်းမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ ဒီနည်းက ချွေးထွက်သွားတဲ့အတွက် ခေါင်းကြည်စေတဲ့အပြင် Motivation လည်း ရစေပါတယ်။

ဦးနှောက်မှာ အကန့်တွေ ခွဲထားပါ။
ကျွန်တော်တို့ဟာ ကိုယ့်ပြဿနာကိုသာ အကြီးဆုံးလို့ထင်တတ်ကြပါတယ်။ တကယ်တော့ လူသားတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေ့တိုင်း ပြသနာတွေဖြေရှင်းရင်း ဘဝကို ကုန်ဆုံးနေကြတာပါ။ ဒီကြားထဲမှာ အလုပ်ပါ မရှိတော့ဘူးဆိုရင် ပိုပြီး စိတ်ညစ်ဖို့ကောင်းမှာ အသေအချာပါပဲ။ ခဏပဲရှင်သန်နေထိုင်ရတဲ့ အချိန်တိုတိုလေးမှာ ပျော်စရာအချိန်၊ စိတ်ညစ်စရာအချိန်၊ ကျန်းမာရေးဂရုစိုက်ရမယ့်အချိန်၊ အလုပ်ကြိုးစားရမယ့်အချိန် စသဖြင့် အချိုးမျှမျှတတ ရှိသင့်ပါတယ်။ အပျော်ပဲများနေမယ် (ဒါမှမဟုတ်) တစ်ချိန်လုံးစိတ်ပဲညစ်နေမယ်ဆိုရင် အချိန်တစ်ခုကြာတဲ့အခါ ဘဝကတစ်ဖက်စောင်းနင်းကြီး ဖြစ်နေပါလိမ့်မယ်။ အဲဒီအချိန်ကျမှ ပြန်ကြိုးစားမယ်ဆိုရင် နောက်ကျကောင်းကျနေနိုင်ပါတယ်။ ဒါကြောင့် ဒီအကန့်တွေကို Balance ဖြစ်အောင်လုပ်ဖို့ အမြဲသတိရစေချင်ပါတယ်။ 

အလုပ်ကြိုးစားတဲ့သူတွေနဲ့ စကားပြောပါ။
အလုပ်ထဲ စိတ်နှစ်လို့မရတဲ့အခါ အားသွန်ခွန်စိုက်နဲ့ အလုပ်ကြိုးစားနေတဲ့သူတွေကို တစ်ချက်လောက် ကြည့်ကြည့်ပါ။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် သူတို့နဲ့အလုပ်ကိစ္စ ဆွေးနွေးကြည့်ပါ။ စကားပြောပါ။ မရပ်မနားပြေးနေတဲ့သူတွေ့ရင် ကိုယ်ပါ ပြေးချင်စိတ် အနည်းနဲ့အများတော့ ဖြစ်လာမှာပါ။ 

အလုပ်ထဲကို စိတ်ပြန်ထည့်ဖို့အတွက် ဒီနည်းလမ်းတွေထဲက အားလုံးမဟုတ်ရင်တောင် တချို့တဝက်တော့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016