facebook tracking image
How to Stay Proactive and Energetic in the Workplace?
Workplace Etiquettes

How to Stay Proactive and Energetic in the Workplace?

လုပ်ငန်းခွင်မှာအမြဲတက်ကြွနေအောင် ဘယ်လိုနေထိုင်ကျင့်သုံးကျမလဲ?

လုပ်ငန်းခွင်မှာ Motivation အပြည့်နဲ့အလုပ်လုပ်နိုင်ဖို့က အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ သို့ပေမယ့်နေ့စဉ်နဲ့အမျှ Motivation တွေအမြဲပြည့်နေဖို့ကတော့ မလွယ်ကူပါဘူး။ တစ်ခါတစ်ရံမှာ နေ့တိုင်းတသမတ်တည်း ရုန်းကန်လှုပ်ရှားနေရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဘဝကို ငြီးငွေ့စိတ်ကုန်လာတာမျိုးဖြစ်တတ်ကြပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်က စဝင်ခါစကလို စိတ်ဝင်စားစရာမကောင်းတော့တာမျိုး၊ အသစ်အဆန်းတွေမရှိတော့တဲ့အခါ ရိုးအီပြီး Motivation တွေကျဆင်းလာတတ်ပါတယ်။  

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကိုတောင်မှ သန့်စင်လန်းဆန်းနေစေဖို့အတွက် နေ့တိုင်းရေချိုးရပါတယ်။ စိတ်လည်း ဒီလိုပါပဲ။ ကိုယ်ဒီနေ့သွားရမယ့် အလုပ်ခွင်နေရာမှာ ကိုယ့်အတွက် သင်ယူလေ့လာစရာအသစ်တွေ၊ စိတ်ဝင်စားဖန်တီးချင်စိတ်တွေ၊ လုပ်ချင်ကိုင်ချင်စိတ်တွေ အမြဲဖြစ်ပေါ်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှာ  Motivation တွေရနေစေဖို့အတွက် အထောက်အပံ့ပေးနိုင်မယ့် အချက်လေးတွေကို ဒီဆောင်းပါးမှာ မျှဝေပေးချင်ပါတယ်။  

1. သင်ဒီအလုပ်ကို ဘာကြောင့်လုပ်ချင်သလဲ ဆိုတာစဉ်းစားပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ယခုအလုပ်ကိုလုပ်ဖို့အတွက် တွန်းအားတစ်ခုလိုအပ်ပါတယ်။ ဥပမာ ကျွန်တော်တို ့ Gym ဆော့ခြင်းဟာ ၀ိတ်ချ ချင်လို ့ ဒါမှမဟုတ် ကျန်းမာရေးကောင်းဖို ့အစရှိသည်ဖြင့် ဦးတည်ချက်၊ ရည်မှန်းချက်ကြောင့် Gym မှာပုံမှန်အားကစားလုပ်ကြပါတယ်။ အလုပ်ခွင်မှာလည်း ထိုနည်းတူပဲ ကိုယ်ဘာလို ့ဒီအလုပ်ကိုလုပ်လဲ၊ ကိုယ့်အတွက် သင်ယူရမယ့်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကြောင့်လား၊ လစာကောင်းကောင်းရတာကြောင့်လား၊ ရှေ့ဆက်ရာထူးတက်ဖို့လား စသည်ဖြင့် ရည်မှန်းချက်တစ်ခုခုရှိဖို့ကြိုးစားပါ။ မရှိသေးရင်လည်း ရှိလာဖို့အတွက်အားထုတ်ပါ သိအောင်လုပ်ပါ။  

2. မနက်စာကို သေချာစားပါ။ လူတစ်ယောက်အတွက် အရေးအကြီးဆုံးကမနက်စာပါပဲ။ သင်ဟာ သင့်ရဲ့အလုပ်ပေါ် တိုးတက်မှုအားကောင်းစေချင်ရင် မနက်စာကောင်းကောင်းစားထားပြီး Energy တွေပြည့်နေဖို့လိုအပ်ပါတယ်။ အလုပ်နောက်ကျအောင် မစားဖို့တော့သတိရှိပါ။ ဝီရိယရှိစွာ စောစော ထစားနိုင်ဖို့လိုအပ်ပါတယ်။ မနက်စာကောင်းမွန်စွာစားခြင်းက သင်ရဲ့အလုပ်လုပ်နိုင်စွမ်းကို ကော်ဖီထက်ပို ပြီးအထောက်အကူပြုပေးနိုင်ပါတယ်။

3. မနက်ပိုင်းကစလို ့သင်လုပ်ရမည့်အလုပ်များကို သေချာခွဲခြားပါ။ အရေးကြီးသောအလုပ်များ၊ အရေးကြီးသောအလုပ်များကို သေချာခွဲခြားပါ။ မိမိ ပထမဦးဆုံးလုပ်ဆောင်သင့်သည်များကို ပြီးမြောက်အောင်လုပ်ပါ။ လွယ်ကူတာကနေ ခက်ခဲတာ ဒါမှမဟုတ် ခက်ခဲတာကနေလွယ်ကူရာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းပေါ်မူတည်ပြီး အစီအစဉ်ချမှတ်လုပ်ဆောင်သင့်ပါတယ်။

4. သင့်ရဲ့အစီအစဉ်တိုင်းလုပ်ရာကနေ အလုပ်တစ်ခုကိုအောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့အခါ သင့်ကိုသင် ဆုတစ်ခုခုပေးကြည့်ပါ။ ဥပမာ - ဒီတစ်ခုပြီးတော့ ၅ မိနစ်နားလိုက်မယ်... ဒါမှမဟုတ် ကော်ဖီကောင်းကောင်းတစ်ခွက်မှာသောက်လိုက်မယ် စသည်ဖြင့် ဆုတစ်ခုပေးတတ်တဲ့ အလေ့အကျင့်မျိုးထားကြည့်ပါ။  

5. အလုပ်ခွင်သို့ရောက်တဲ့အခါ အကောင်းမြင်စိတ်နှင့်လူရှိသလို မကောင်းမြင်စိတ်နှင့်လူတွေကိုလည်း ကြုံ တွေ့့ရတတ်ပါတယ်။ သင့်အလုပ်မှာအောင်မြင်ဖို့ဆိုရင် အကောင်းမြင်စိတ်နှင့်သာနေထိုင်ပါ။ အခက်အခဲများစွာရင်ဆိုင်ရသော်လည်း အလုပ်မှာ Positive Thinking နှင့် ရင်ဆိုင်ခြင်းအားဖြင့် သင့် အတွက်များစွာအထောက်အကူပြုပါတယ်။ 

6. အလုပ်ကြိုးစားသူ၊ အကောင်းမြင်ဝါဒရှိသူ၊ ကူညီဖေးမသူများဖြင့်သာ အလုပ်ခွင်တွင်ပေါင်းသင်းဆက်ဆံပါ။ မကောင်းမြင်စိတ်များသူတွေဟာ သင့်ရဲ့ရည်မှန်းချက်တွေကို အမှောင်ဖုံးစေပါတယ်။ သင့်အား အားပေးသူ ကူညီထောက်ပံ့ပေးတဲ့သူ အကောင်းမြင်သူများနှင့်သာ ပေါင်းသင်းဆက်ဆံပါ။

ဖော်ပြပါအချက်များကို လိုက်နာခြင်းအားဖြင့် လုပ်ငန်းခွင်မှာသာမကဘဲ မိမိဘဝမှာလည်းရည်မှန်းသမျှ ဖြစ်ထွန်းပြီး အစစအရာရာအဆင်ပြေစေဖို့တောင်းဆုပြုလိုက်ပါတယ်။ 

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016