facebook tracking image
How To Succeed As A Team
Workplace Etiquettes

How To Succeed As A Team

အဖွဲ့အစည်းတစ်ခုမှာ ကိုယ်တစ်ယောက်တည်း ချွန်ပြီး ထူးချွန်နေရုံနဲ့ မလုံလောက်ပါဘူး။ “မြန်မြန်ရောက်ချင်ရင် တစ်ယောက်တည်းသွားပါ။ ဝေးဝေးရောက်ချင်ရင် အဖွဲလိုက်သွားပါ” ဆိုတဲ့စကားပုံကို ကြားဖူးကြမယ်ထင်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ အောင်မြင်မှုတစ်ခုအဓွန့်ရှည်တည်မြဲစေမယ့် နည်းလမ်းလေးတွေ တစ်ချက်လောက် လေ့လာကြည့်ရအောင်။

Set a common goal
အဖွဲ့အစည်းတစ်ခုမှာ Common goal အနည်းဆုံးတစ်ခုတော့ ရှိထားသင့်ပါတယ်။ Common Goal ထားရှိခြင်းအားဖြင့် အားလုံးဟာ ပန်းတိုင်တစ်ခုတည်းကို အတူတူအရောက်လှမ်းကြတာဖြစ်လို့ မနာလိုတာ၊ အချင်းချင်းတိုက်ခိုက်တာမျိုးတွေရှိတော့မှာမဟုတ်သလို လုပ်ငန်းထဲမှာလည်း Positive Competition တွေရှိလာနိုင်တာဖြစ်လို့ တစ်ဦးတစ်ယောက်ချင်းအတွက်ရော Organization အတွက်ပါ အောင်မြင်မှုတွေရရှိစေမှာဖြစ်ပါတယ်။

Have team spirit
အဖွဲ့အစည်းတစ်ခုမှာ ညီညွတ်မှုရှိခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ ထွေထွေထူးထူးပြောစရာ မလိုသလောက် အားလုံးလဲသိထားနှင့်ပြီးဖြစ်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ထပ်လောင်းပြောလိုတာကတော့ Colleague တစ်ယောက်ယောက်ရဲ့ အောင်မြင်မှုဟာ Organization ရဲ့ အောင်မြင်မှုဖြစ်သလို၊ Organization ရဲ့ အောင်မြင်မှုဟာ မိမိရဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ထို့ကြောင့် မိမိ Colleague တစ်ယောက်ယောက်ရဲ့ အောင်မြင်မှုဟာ မိမိရဲ့ အောင်မြင်မှုလို့ ပြောရင်လဲမမှားပါဘူး။ အဓိကကတော့ ဘယ်လိုအခြေအနေဘဲရောက်ရောက် မိမိ Team အပေါ် လက်မလျှော့ဖို့နဲ့ Team Spirit ကောင်းကောင်းထားရှိဖို့ဘဲလိုအပ်ပါတယ်။

Effective communication
Communication ဆိုတာ Organization တစ်ခုရဲ့ အသက်လို့ပြောလို့ရပါတယ်။ Internal မှာ Information မဝေမျှဘဲ ထိန်ချန်ထားတာ၊ မပွင့်လင်းတာ၊ Data Records တွေ မှန်မှန်ကန်ကန် မထားရှိတာစတဲ့ကိစ္စသေးသေးလေးတွေက အချိန်အတိုင်းအတာတစ်ခုမှာ မသိသာပေမယ့် ရေရှည်မှာ အဆင်မပြေဖြစ်တတ်ပါတယ်။

Encouragement
တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုအပြန်အလှန်ထားကြတယ်ဆိုတာ ထင်ထားတာထက် ပိုပြီးလေးနက်ပါတယ်။ တစ်ယောက်ယောက်အောင်မြင်တဲ့အခါ Appreciate လုပ်ပေးပါ။ ပတ်ဝန်းကျင်က ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး ချီးမွမ်းပါ။

ခက်ခက်ခဲခဲ ရလာတဲ့ အောင်မြင်မှုဟာ ဘာနဲ့မှတန်ဖိုးဖြတ်လို့မရတာ အမှန်ပါဘဲ။ အထက်ပါအချက်လေးတွေအတိုင်းလိုက်နာပြီးလုပ်ကြည့်မယ်ဆိုရင် Team Spirit အပြည့်နဲ့ ကိုယ်လိုချင်တဲ့ Target ပန်းတိုင်ကို အချိန်တိုတိုနဲ့ အတိန်းအစောင်းမရှိမြန်မြန်ရောက်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016