Is Your Job Aligned with Your Personality?
သင့်အလုပ်က သင့် Personality နဲ့ကိုက်ညီမှုရှိရဲ့လား?
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လုပ်နေရတဲ့အလုပ်ကို ကိုယ်တကယ်စိတ်ဝင်တစားရှိကြလားလို့ Analysis လုပ်ဖူးကြမှာပါ။ ကျွန််တော်အခုပြောမဲ့အကြောင်းကတော့ အဲ့လမ်းကြောင်းကနေ နည်းနည်း ဆင့်ပွားပြီးပြောသွားမှာပါ။
ဆိုကြပါစို့ ဝန်ထမ်းတစ်ယောက် အသက် ၂၈နှစ် ရှိပြီ၊ အလုပ်တော့လုပ်နေတယ်၊ လုပ်နေတဲ့ အလုပ်အပေါ်လည်း စိတ်ဝင်စားမှုနည်းနေတယ်၊ Motivation ကလည်းနေ့စဉ်လုပ်ယူနေရတယ်၊ Career Development ကလည်းရှိသင့်သလောက်မရှိ၊ အဲ့ပုံစံမျိုးကြုံတွေ့နေရပြီဆိုရင် အရင်ဆုံးလူအများစု စဉ်းစားမိတာက ဒီအလုပ်အဆင်မပြေဘူးပေါ့။ တခြားအလုပ်ပြောင်းမယ်၊ ဘယ်အလုပ်တွေတော့ အဆင်ပြေနေကြတယ်၊ ဝင်ငွေကောင်းရင်ကိုယ်လည်းလုပ်နိုင်လောက်တယ်ထင်ပြီးတော့ ပြောင်းကြတယ်။ Career တစ်ခုကနေတစ်ခုအပြောင်း ဥပမာအားဖြင့် Procurement ဘက်ကနေ Sales & Marketing ဘက်ကို ပြောင်းမယ်ဆိုပါစို့၊ အကြမ်းအားဖြင့်ကြည့်ရင် ကိုယ်မလုပ်နိုင်စရာအကြောင်းမရှိဘူးပေါ့ နည်းနည်းပါးပါး Product အကြောင်းလေ့လာမယ်၊ Training ရှိမယ်ဆိုအဆင်ပြေပြီ၊ ထပ်ပြောရရင် လူတိုင်းမွေးကတည်းကတော့ ဘာမှမလုပ်တတ်ပါဘူး ကြိုးစားရင်အကုန်လုပ်နိုင်ပါတယ်ပေါ့။ ဒီနေရာမှာပြောရရင် ကျွန်တော်ပြောချင်တဲ့အကြောင်းအရာနဲ့ နီးစပ်လာပါပြီ။ လူတိုင်းမှာ Own Personality တစ်ခုစီရှိကြပါတယ်။ ကိုယ်ကဘယ်လို Personality ဆိုတာကိုအတိအကျသိထားရင် အလုပ်အကူးအပြောင််း ဒါမှမဟုတ် အလုပ်စဝင်မဲ့ Fresh Grads တွေအတွက် အစကတည်းကသိရင် အရမ်းအသုံးဝင်ပါတယ်။ တကယ်လို့ ကိုယ့် Personality က Sales Person တစ်ယောက်မှာရှိသင့်တဲ့ အဓိကအချက်တွေမပါခဲ့ရင် အထက်ကပြောခဲ့တဲ့ အပြောင်းအလဲဟာလည်း ဝန်ထမ်းအတွက် အမှားတစ်ခုဆက်ဖြစ်နေအုံးမှာပါပဲ။ ထိုနည်းလည်းကောင်း ကိုယ်ကိုုယ်တိုင်က လူကို လူလိုပဲ သဘောထား တန်ဖိုးထားတတ်ပြီး Flat Management ကိုနှစ်သက်တဲ့သူမျိုး အဲ့လိုလူမျိုးက Commercial အရမ်းဆန်ပြီး Top Down Management Style ရှိတဲ့ Company တစ်ခုမှာ Job Offer ရရင်သေချာစဉ်းစားသင့်ပါတယ်။ ဒီတော့ အလုပ်တစ်ခုကတစ်ခုမပြောင်းခင် သို့မဟုတ် လုပ်ငန်းခွင်စဝင်မဲ့ Fresh Grad များအနေနဲ့ ကိုယ့် Personality ကိုအတိအကျသိရှိပြီး တကယ်ကိုယ်နဲ့ Fit ဖြစ်မဲ့ အလုပ်ကိုရှာနိုင်ဖို့ အရေးကြီးပါတယ်။
ကျွန်တော်တို့ အလုပ်ပတ်ဝန်းကျင်မှာ မြင်တွေ့ရလေ့ရှိပါတယ်။ အလုပ် Interview မှာ အလုပ်ရချင်ဇောနဲ့ ကိုယ့်မှာမရှိတဲ့ Personality တွေထုတ်ပြောတတ်ကြပါတယ်။ ကိုယ်တိုင်က Introvert အရှက်အကြောက်ကြီးမယ်၊ စကားပြောနည်းနေမယ် စသဖြင့်ပေါ့။ ဒါပေမယ့် Extrovert ပါဆိုပြီး အတင်းဟန်လုပ်ပြီး Sales Organization မှာအလုပ်ဝင်ကြတယ်ပေါ့။ လုပ်ငန်းခွင်စဝင်တော့ Sales နဲ့ပတ်သက်ပြီး Client တွေနဲ့ အလုပ်တွဲလုပ်ဖို့မရောက်ခင် ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်းချင်း စကားပြောဖို့တောင် အဆင်မပြေကြတော့ဘူး။ ကိုယ့် Team နဲ့လည်း ကိုယ်ကိုယ်တိုင်က Social Dealing အားနည်းတော့ အလှမ်းဝေးသထက်ဝေးလာတယ်။ စကားများများမပြောချင်တဲ့ ကိုယ့်ရဲ့အားနည်းချက်ကြောင့် အလုပ်နဲ့ပတ်သက်တဲ့ Performance တွေလည်းကျလာမယ်။ နောက်ဆုံး စိတ်ဓါတ်ကျပြီး အချိန်တိုတိုနဲ့ အလုပ်ထွက်လာရမယ်ပေါ့။ ဒီနေရာမှာ ဆုံးရှုံးမှုက Company ဘက်ရယ် Employee ဘက်ဆိုပြီးတော့ နှစ်ဘက်ရှိပါတယ်။ Company အတွက်ဆုံးရှုံးမှုက ဝန်ထမ်းတစ်ယောက်ဆုံးရှုံးမယ် ဒါပေမယ့် ကျွန်တော့်အမြင်အရ အတွေ့အကြုံရင့်ဝန်ထမ်းတစ်ယောက် မဟုတ်သေးတဲ့အတွက် သူ့ဆုုံးရှုံးမှုက ကြီးကြီးမားမားမရှိနိုင်သေးဘူးလို့ဆိုရမယ်။ Employee တစ်ယောက်အနေနဲ့ကျ ဒီအပေါ်မှာ လေ့လာနိုင်ရမယ်။ ကိုယ့် Personality နဲ့ Fit မဖြစ်နိုင်တဲ့ အလုပ်တစ်ခုမှာ လစာယူ အချိန်လာဖြုန်းတီးနေသလို ကိုယ့် Career Development အတွက်လည်း နှောင့်နှေးစေပါတယ်။ Interview ဝင်ကတည်းက ကိုယ့် Personality နဲ့ Fit ဖြစ်နိုင်ပါ့မလားလို့ ဆန်းစစ်မိခဲ့ရင် အမှားနည်းနိုင်ပါမယ်။ ဒီနေရာမှာ အများစုပြောကြပါတယ်။ ဘယ်အလုပ်မဆို အတွေ့အကြုံကောင်းတွေရရှိနိုင်ပါတယ်ပေါ့။ မှန်သင့်သလောက်မှန်ပါတယ်။ တကယ်လို့ Employee ဘက်ကသာ သူ့ Personality အတိုင်း Fit ဖြစ်နိုင်မယ့်အလုပ်ကိုသာ ရွေးချယ်ရှာဖွေခဲ့ရင် အခုလို နှစ်ဦးနှစ်ဖက်နစ်နာစေမယ့် အကြောင်းအရာတွေကို ရှောင်နိုင်မှာပါ။
ဒီအပေါ်မှာ မေးခွန်းပြန်ရှိနိုင်ပါတယ်။ ကိုယ့် Personality နဲ့ ကိုက်ညီမဲ့အလုပ်ကို ဘယ်လိုရွေးချယ်ကြမလဲ? ဒီမေးခွန်းအတွက် အဖြေက လွယ်မလိုနဲ့ ခက်ခဲပါတယ်။ လူတိုင်း အလုပ်တစ်ခုမရခင် သို့မဟုတ် အလုပ်တစ်ခုကနေတစ်ခုမပြောင်းခင် စားဝတ်နေရေးအတွက် အသေးစိတ်မစဉ်းစားနိုင်ပဲ Job Offer Letter ကိုလက်ခံလိုက်ရတဲ့ အခြေအနေတွေရှိိုနိုုင်လို့ပါ။ ဝန်ထမ်းတွေအနေဖြင့် အနည်းဆုံး ကိုယ်လျှှောက်မဲ့ အလုပ်တစ်ခုကို CV မတင်မီ ဒါမှမဟုတ် Interview မသွားခင် Self Analysis နဲ့ Company Information Survey လုပ်ဖို့ အကြံပြုချင်ပါတယ်။ ကျွန်တော့်အနေနဲ့ Self Analysis လုပ်ဖို့ အဓိကအချက်အလက်များကို ဆက်လက်ဖော်ပြပေးထားပါတယ်။ Fresh Grads တွေအတွက်ဆိုပိုလို့တောင်အသုံးဝင်နိုင်ပါတယ်။