facebook tracking image
Job Searching During a Crisis
Career Advice

Job Searching During a Crisis

​အခု Market အခြေအနေနဲ့ COVID-19 ကြားမှာ Unemployed Rate တွေ များလာသလို Employer တွေဘက်မှာလည်း Business ကို Maintain လုပ်ဖို့ ပိုပြီး ပြင်ဆင်လာရတာမျိုးလည်း ရှိလာတာကြောင့် လူလျှော့ရတာမျိုးလည်း ရှိလာပါတယ်။ COVID-19 First Wave ကနေ အခု Third Wave ထိ FMCG Business တွေကတော့ အကောင်းဆုံး ထိန်းထားနိုင်ပါတယ်။

Stay Home အချိန်မှာ Online Service တွေပါ တွဲလာပေးတော့ Consumer Side အတွက် ပိုအဆင်ပြေလာသလို Company Side မှာလည်း ဝန်ထမ်းအင်အား ပိုလိုလာတော့ Vacancy တွေက အမြဲရှိနေတတ်ပါတယ်။ Actively အလုပ်ရှာနေတယ့် Candidate တွေအတွက်လည်း လုပ်ခဲ့တယ့် Industry မတူပေမယ့် Vacancy တခုပေါ်လာတိုင်း New Challenge အနေနဲ့ အလုပ်မလျှောက်ခင် ပြင်ဆင်ထားသင့်တယ့် အချက်လေးတချို့ကို ပြောပြပေးချင်ပါတယ်။

၁။ Job Description ကို သေချာနားလည်အောင် လုပ်ပါ။
အလုပ်တစ်ခု မလျှောက်ခင် မိမိလျှောက်မယ့်အလုပ်ရဲ့ JDနဲ့ Requirement တွေကို သေချာဖတ်ပါ။ အဲဒီအလုပ်ရဲ့၈၀% အထက်ကို ကိုက်ညီမှုရှိတယ် ယုံကြည်မှုရှိတယ်ဆိုမှ လျှောက်ပါ။

၂။ လျှောက်လိုက်တယ့် Company Profile ကို လေ့လာပါ။
နံပါတ် ၁ နဲ့ချိတ်ဆက်ရလျှင် အဲဒီအလုပ်ကိုလျှောက်ပြီးချိန်မှာ ခေါ်တဲ့ Company ရဲ့ လတ်တလော လုပ်နေတဲ့လုပ်ငန်းစဉ်တွေကို Social Media Platform တွေဖြစ်တဲ့ Facebook နဲ့ LinkedIn ကတစ်ဆင့် ကြိုတင်ရှာဖွေ လေ့လာပါ။ Market ထဲမှာသူတို့ Operation ဘယ်လိုသွားနေတယ်၊ မိမိလျှောက်လိုက်တဲ့ ရာထူးနဲ့ ဘယ်လိုမျိုး ချိတ်ဆက်လိုက်ရင် Business အတွက် ပိုကောင်းသွားနိုင်လည်း အစရှိသဖြင့် ကြိုတင်ပြင်ဆင်ပါ။

၃။ မိမိ ကိုယ်ပိုင် Strategy ကို ကြိုတင်စဉ်းစားထားပါ။
စိတ်ဝင်စားလို့ လျှောက်လိုက်တဲ့အလုပ်တစ်ခုကိုရခဲ့ရင် ဘယ်လို Planတွေ Strategyတွေနဲ့ တိုးတက်အောင် လုပ်မလဲဆိုတဲ့ အဖြေတစ်ခုလည်း ချမှတ်ထားပါ။

၄။ အကောင်းနှင့်အဆိုးအတွက် စိတ်ကို ပြင်ဆင်ထားပါ။
ဒီတစ်ချက်ကတော့ အရေးအကြီးဆုံးပါ။ အလုပ်တစ်ခုလျှောက်တိုင်း Interview ရမယ်ဆိုတာကို တထစ်ချ မမှတ်ယူထားပါနဲ့။ Vacancy တစ်ခုကို ပျမ်းမျှ ဝန်ထမ်း ၁၅၀ လောက်က လျှောက်ထားကြပါတယ်။ Client ရဲ့ Requirement နဲ့အကိုက်ညီဆုံးသူကိုသာ Interview ခေါ်မှာဖြစ်လို့ ကိုယ်မပါခဲ့ဘူးဆိုရင်တောင် Another Opportunity ကို စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားပါ။

Crisis တဖက်နဲ့ အလုပ်ရှာနေတယ့် Candidate တွေ အတွက် အပေါ်က အချက်လေးတွေက တနည်းနည်းနဲ့အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ MyWorld မှ Consultant တွေနဲ့လည်း Free Consulting And Career Discussion လေး ပြုလုပ်ဖို့လည်း CV လေးတွေကို MyWorld Website မှာ Register လုပ်ထားလို့ရပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020