facebook tracking image
Key Considerations for Accepting Your First Job Offer as a Fresh Graduate
Career Advice

Key Considerations for Accepting Your First Job Offer as a Fresh Graduate

Fresh graduate တစ်ယောက်အနေနဲ့ မိမိရဲ့ First Job Offer ကိုစတင်လက်ခံတော့မယ်ဆိုရင် စဉ်းစားရမယ့် အချက်များ    

Fresh graduate တစ်ယောက်အနေနဲ့ မိမိရဲ့ First Job Offer ကိုစတင်လက်ခံတော့မယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေကို အနည်းငယ်ပြောပြချင်ပါတယ်။ များသောအားဖြင့် မြန်မာပြည်က တက္ကသိုလ်ကျောင်းသား အများစုဟာ တက္ကသိုလ်က Bachelor ဘွဲ့ရမှသာ လုပ်ငန်းခွင်ဝင်ရောက်ကြတာမို့ ဘယ်လိုအချက်အလက်တွေထည့်သွင်းစဉ်းစားရမလဲဆိုတာ သေချာသိပ်ပြီးမသိကြပါဘူး။  

ပထမဆုံး offer ကိုစတင်ရရှိပြီဆိုတာနဲ့ တစ်ပြိုင်နက် ချက်ချင်းလက်ခံလိုက်တာမျိုးထက် မိမိနဲ့လုပ်ငန်းခွင်ဟာ ဘယ်လောက်ကိုက်ညီမှုရှိမလဲဆိုတာ စဉ်းစားသင့်ပါတယ်။ သင်ယူထားတဲ့ပညာရပ်ဘွဲ့၊ မိမ်ိစိတ်ပါဝင်စားမှုဘယ်လောက်အတိုင်းတာထိရှိလဲ၊ မိမိဝင်ရောက်မယ့်လုပ်ငန်းခွင်နဲ့ ဘယ်လောက်သက်ဆိုင်မှုရှိမလဲ ဆိုတာစဉ်းစားသင့်ပါတယ်။ ဒါကြောင့် Fresh graduate တွေအနေနဲ့ ပထမဆုံး offer ကိုလက်ခံတဲ့အခါ အောက်ပါအချက်တွေကို ပထမဆုံးစဉ်းစားသင့်ပါတယ်။ 

(1) မိမိယူရမယ့်တာဝန်ကို အသေးစိတ်ကအစသိထားသင့်ပါတယ်။ Recruiter or Hiring Manager နဲ့အသေးစိတ်ဆွေးနွေးပါ။ လက်ရှိလုပ်ငန်းခွင်ထဲမှာရှိနေတဲ့ မိမိနဲ့ position တူမယ့်သူနဲ့ စကားပြောဆိုကြည့်ခြင်းအားဖြင့် Job Description မှာဖော်ပြထားတဲ့အချက်အလက်တွေထက်ပိုမိုတိကျတဲ့ Job Description ကိုနားလည်နိုင်ပါတယ်။ 

(2) နောက်တစ်ခုအနေနဲ့ မိမိရဲ့ Career Path ကိုလည်း သိထားသင့်ပါတယ်။ Offer စရတဲ့ Position ကနေ Next-Level ကဘယ်လိုရှိနိုင်လဲ၊ New Employee တစ်ယောက်အနေနဲ့ ဘယ်လိုအချိန်တွေမှာ ရာထူးတိုးလေ့ရှိပြီး ဘယ်လိုမျိုးအချက်အလက်တွေဟာ အဓိကလိုအပ်သလဲ စသဖြင့် သေချာတိကျစွာ မေးမြန်းသင့်ပါတယ်။

(3) နောက်ထပ်အရေးပါတဲ့ အချက်ကတော့ Training Programme ပါ။ လုပ်ငန်းခွင်အတွင်း အလျဉ်းသင့်ရင် သင့်သလို Training တွေလည်း ပြုလုပ်ပေးပါတယ်ဆိုတဲ့ မရေရာမသေချာတဲ့စကားထက် ဘယ်လို အချိန်တွေမှာ ဘယ်လို training တွေပေးလဲ၊ မိမိ အားနည်းချက် အားသာချက်ပေါ်မူတည် ပြီး Training တွေကို တောင်းဆိုနိုင်လား သိရှိထားဖို့က Fresh Graduated တွေလွန်စွာမှ အရေးပါပါတယ်။

(4) အရေးကြီးဆုံးထဲကတစ်ခုကတော့ Salary and Benifits ပါ။ မြန်မာပြည်မှာ များသောအားဖြင့် Fresh Graduate တွေအတွက် Market ပေါက်စျေးကအရမ်းနည်းပါတယ်။ သို့ပေမယ့် ကြိုးစားပြီး တကယ်အရည်အချင်းရှိတဲ့ Fresh Graduate အတွက် လစာကို မိမိနဲ့ထိုက်တန်တဲ့ Market Range အတွင်းဝင်တဲ့ ပမာဏ တစ်ခုတောင်းဆိုတတ်ဖို့လိုပါတယ်။ ဒါကလည်း Offer မတိုင်ခင် Salary Negotiation ဆိုတဲ့ Stage မှသာ ပြောဆိုဆွေးနွေးစေချင်ပါတယ်။ တစ်ချို့ Company တွေဟာ Salary ကို Market Range ထက်လျှော့ပေးပြီး တခြား Training ပေးတာမျိုး Language တစ်ခုကို ရုံးချိန်ပြင်ပမှာသင်ကြားပေးတာမျိူး၊ Diploma or Certificate ရစေတဲ့ အတန်းတွေကို တတ်စေတာမျိုးဆိုတဲ့ အခွင့်အရေးတွေ ပေးထားရင် Salary ပိုင်းမှာ Fresh Graduate တွေအနေနဲ့ သိပ်မများလည်း Offer ကိုလက်ခံသင့်ပါတယ်။ 

(5) Location ဆိုတာကိုလည်း အလုပ်မလျှောက်ခင်တည်းကလေ့လာပါ။ မိမိသွားရမယ့် Office က သွားရလာရလွယ်ကူတဲ့နေရာမျိုးလား၊ မလွယ်နိုင်ရင်ရော Ferry စီစဉ်ပေးလားဆိုတဲ့ မေးခွန်းတွေ မေးသင့်ပါတယ်။ နေ့စဉ် Bus ကားကိုပဲ နှစ်ဆင့်လောက်ပြောင်းစီးနေရတာမျိုး အသွားအပြန်ကို ၃ နာရီလောက်အချိန်ပေးနေရတာမျိုးဆို ဘယ်လောက် လုပ်ငန်းခွင်အဆင်ပြေပြေ ရေရှည်မှာ Give Up လုပ်နိုင်ပါတယ်။

(6) နောက်တစ်ချက်အနေနဲ့ မိမိဝင်ရောက်မယ့် Organization က လက်ရှိမှာ ဘယ်အတိုင်းတာထိ အောင်မြင်နေလည်း Market မှာဘယ်လောက်ထိ နာမည်ရနေပြီလဲ ဆိုတာကိုပါလေ့လာသင့်ပါတယ်။ မိမိရှေ့ဆက်သွားမယ့် Career အတွက် ဒါဟာလည်း အရေးပါတဲ့အချက်ဖြစ်ပါတယ်။ များသောအားဖြင့် နောက်ထပ်အလုပ်သစ်တစ်ခုပြောင်းတဲ့အခါ အရင်အလုပ်ရဲ့ Background ကတကယ်ကိုအရေးပါတဲ့နေရာတစ်ခုမှာရှိနေပါတယ်။ အောင်မြင်ပြီး နာမည်ရနေတဲ့ Company ကထွက်လာတဲ့ Employee တော်တော်များများဟာလည်း ကောင်းမွန်တဲ့ Training တိကျတဲ့ Management အောက်မှာ အလုပ်လုပ်ခဲ့ရတဲ့အတွက် အခြားသာမန် Company ကထွက်လာတဲ့ employee ထပ်တော့ သာနေမှာ အမှန်ပါ။ 

(7) မစဉ်းစားမဖြစ် စဉ်းစားရမယ့် အချက်တစ်ခုကတော့ Management Style ပါ။ Fresh Graduate တွေဟာ ဒီအချက်ကိုလုံးဝ စဉ်းစားလေ့မရှိပါဘူး။ “အလုပ်မှ မလုပ်ရသေးတာ ဘယ်လိုသိမှာလဲ” ဆိုတဲ့စကားမျိုး ပြောလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတဲ့အတွေးခေါ်တွေပါ။ Interview Stage မှာတည်းက Reporting Person နဲ့သေချာပေါက် စကားပြောရမှာပါ။ လေ့လာပါ။ သူ့ရဲ့ Personality ကို ချက်ချင်းကြီးတိကျစွာ မသိနိုင်ရင်တောင် အကြမ်းဖျင်းတော့ အကဲခက်လို့ရနိုင်ပါတယ်။ တကယ်ပဲ ကိုယ်နဲ့ သဟာဇာတ မကိုက်တဲ့ Type ဆိုရင်တော့ အလေးအနက်စဉ်းစား သင့်ပါတယ်။

Fresh Graduate တွေအနေနဲ့ ပထမဆုံး Offer ကို လက်ခံတော့မယ် ဆိုရင် သေချာစွာစဉ်းစားပြီး မိမိ နဲ့ အကိုက်ညီဆုံး မိမိ ဘဝရှေ့ဆက်မယ့် Career Path နဲ့ အသင့်တော်ဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်မျိုး ချနိုင်ပါစေလို့ အကြံပြုလိုက်ပါရစေ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020