facebook tracking image
Key Things to Reflect on Before Applying for a New Job
Career Advice

Key Things to Reflect on Before Applying for a New Job

အလုပ်အသစ်လျှောက်တော့မယ်ဆိုရင် သင့်ကိုယ်သင် ဘယ်အချက်တွေကို ဆန်းစစ်သင့်လဲ?

အလုပ်လျှောက်မယ်လို့တွေးလိုက်တာနဲ့အမျှ လက်ရှိအလုပ်ခွင်ကနေ ဘာကြောင့် ရုန်းထွက်ချင်လဲလို့ ကိုယ့်ကိုယ်ကိုဆန်းစစ်ဖို့လိုသလို လက်ခံနိုင်စရာ အကြောင်းပြချက်ခိုင်ခိုင်မာမာတစ်ခုလည်း ရှိနေနှင့်ဖို့လိုအပ်ပါတယ်။ လူတော်တော်များများကတော့ အလုပ်ထွက်ရတဲ့အကြောင်းအရင်းကို မေးတဲ့အခါမှာ Salary ကြောင့်လို့ဖြေရင် အဆင်မပြေနိုင်တဲ့အတွက် “ပိုကောင်းတဲ့ အခွင့်အရေးတွေရဖို့၊Career Development ဖြစ်ဖို့၊ အသစ်သစ်တွေကိုလေ့လာဖို့” ဆိုပြီး ယေဘုယျအားဖြင့် အဖြေပေးလေ့ရှိကြပါတယ်။ ဒီနေရာမှာ ပြန်စဉ်းစားသင့်တာက တကယ်ပဲ ကိုယ့်ရဲ့လက်ရှိအလုပ်ခွင်မှာ လေ့လာစရာမရှိတော့ဘူးလား? ကိုယ်ကိုယ်တိုင်ကျေနပ်လို့လျှောက်ခဲ့တဲ့အလုပ်တစ်ခုက Career Development မဖြစ်တာသေချာပြီလား? စတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီမေးခွန်းကို Interviewer က သင့်ကိုမေးလို့သင်ဖြေလိုက်ရတယ်ဆိုတာထက် သင့်ကိုယ်သင် အရင်မေးကြည့်ပြီးမှ ဖြေတဲ့အဖြေက ပိုသေချာပါလိမ့်မယ်။

၁။ ဒါဆို အလုပ်လုပ်တာ Salary ကောင်းဖို့က အရေးမကြီးဘူးလား?

ကျွန်မတို့တွေဟာ လက်ရှိ Company နဲ့ လစာကို ကျေနပ်နေသည့်တိုင်အောင် ကိုယ်နဲ့ လုပ်သက်တူတဲ့ တခြားတစ်ယောက်ရဲ့လစာက ကိုယ့်ထက်များနေခဲ့ရင် ဒါမှမဟုတ် ကိုယ့်နောက်မှ အလုပ်လုပ်တဲ့သူက ကိုယ်နဲ့တန်းတူလစာရနေပြီဆိုရင် ကိုယ့် Salary အပေါ် စတင်သံသယဝင်လာကြတယ်မဟုတ်လား။ တကယ်တော့ အလုပ်တစ်ခုလုပ်တယ်ဆိုရာမှာ ကိုယ့်လစာဘယ်အချိန်တိုးမယ်ဆိုတာထက် ကိုယ့်ရဲ့တာဝန်ယူနိုင်စွမ်းနဲ့ Performance အခြေအနေဘယ်လောက်အထိတိုးတက်လာတယ်ဆိုတာကို အရင်ဆုံးပြန်လေ့လာကြည့်သင့်ပါတယ်။ ဘယ်အလုပ်ရှင်မဆို အလုပ်ကို Performance ကောင်းကောင်းနဲ့ တာဝန်ယူနိုင်တဲ့ဝန်ထမ်းကိုသာ သတိပြုမိမှာအသေအချာပါပဲ။ တကယ်လို့များ သင်ဟာအလုပ်ခွင်မှာ လက်ရှိတာဝန်ယူထားရတဲ့အလုပ်တွေကို သတ်မှတ်ချိန်အတွင်း ကောင်းကောင်းမွန်မွန်လုပ်ကိုင်ပြီးစီးတယ်၊ Company ရဲ့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာတယ်၊ အလုပ်ရဲ့သဘောတရားကိုလည်း ကောင်းကောင်းနားလည်ပြီး တစ်ဆင့်ပိုမြင့်တဲ့ရာထူးနေရာကလူတွေ တာဝန်ယူနေရတဲ့အလုပ်တွေကိုပါ အထိုက်အလျောက်သိနားလည်ပြီး လုပ်ကိုင်နေနိုင်သည့်တိုင်အောင် သင့်ရဲ့ Company မှာ သူများတွေ Position/ Salary တစ်ခုခုတိုးနေချိန် သင်မတိုးသေးဘူးဆိုရင်တော့ ပိုအဆင်ပြေမယ့် အလုပ်သစ်တစ်ခုရှာဖွေဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် အလုပ်လုပ်ရင် Salary ကောင်းဖို့က အရေးကြီးတယ်ဆိုပေမယ့် အဓိကဦးစားပေးရမယ့် အရာတစ်ခုတည်းတော့ မဟုတ်ဘူးလို့ပဲ ပြောပါရစေ။

၂။ အလုပ်အသစ်ရောက်ရင် အစကနေပြန်သင်နေရမယ့်အတူတူ ဘာလို့လက်ရှိအလုပ်မှာ ကြာကြာဆက်နေနေဦးမလဲ?

သင့်အနေနဲ့ တစ်ခါတစ်လေမှာ Junior မက Senior မကျတဲ့ Position တစ်ခုုကိုဝင်လုပ်မယ်ဆိုရင် အလုပ်အသစ်မှာ သင့်ကို On Job Training ပြန်ပေးမယ့် Senior ဒါမှမဟုတ် Trainer ကတော့ ရှိဦးမှာပါ၊ သူတို့သင်ပေးမှာကို အားကိုးပြီး လက်ရှိအလုပ်မှာ ဘာမှသေချာမသိသေးခင် နောက်အလုပ်တစ်ခုပြောင်းမယ်ဆိုရင် သင်သေသေချာချာသိပြီး Specialize ဖြစ်တဲ့ Professional Career တစ်ခုကို ရေရှည်အတွက်ရွေးချယ်ဖို့ခက်သွားပါလိမ့်မယ်။ လက်ရှိအလုပ်မှာ အခက်အခဲနည်းနည်းကြုံလာတိုင်း သေချာလေ့လာဖြေရှင်းဖို့မကြိုးစားပဲ အလုပ်သစ်ရှာဖို့ကိုသာ သင်စိတ်စောနေပါလိမ့်မယ်။ အလုပ်ရှင်တွေအနေနဲ့ကလည်း အလုပ်တစ်ခုမှာ ကြာကြာမမြဲတတ်တဲ့ ဝန်ထမ်းတစ်ယောက်ကို သူ့စိတ်ကြိုက်လစာပေးပြီးခေါ်ဖို့ တော်တော်ဝန်လေးမှာပါ။ သင့်ကိုသင်ရော အလုပ်အသစ်မှာ ကောင်းကောင်းလေ့လာသင်ယူနိုင်မယ်လို ့ယုံကြည်ချက်ရှိရဲ့လား?

၃။ မနွေးထွေးတဲ့လုပ်ငန်းခွင်ဆက်ဆံရေးကြောင့်လား?

အလုပ်လုပ်တဲ့အခါ Company ရဲ့ဝန်ထမ်းတွေအပေါ်ထားတဲ့ Policy, Company Image, Background အပြင် Working Environment ကလည်း အင်မတန်အရေးကြီးပါတယ်။ သင်နဲ့အတူ နေ့စဉ်အလုပ်လုပ်နေကြတဲ့ Company တစ်ခုတည်းက ဝန်ထမ်းအချင်းချင်း အဆင်ပြေကောင်းမွန်တဲ့ လိုက်လျောညီထွေရှိတဲ့ ပေါင်းသင်းဆက်ဆံရေးအနေအထားတစ်ခုရှိနေဖို့ကလည်း အရေးကြီးပါတယ်။ လုပ်ဖော်ကိုင်ဘက်အချင်းချင်း Relationship ကောင်းကောင်းမတည်ဆောက်နိုင်သရွေ့ သင်အလုပ်နေရာအသစ်ရောက်သွားရင်လည်း ပတ်ဝန်းကျင်အသစ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲနေဦးမှာပါ။ ဒါကြောင့် အလုပ်လျှောက်တော့မယ်ဆိုရင် တစ်ချိန်က ကိုယ်သေချာရွေးခဲ့တဲ့ အခုလက်ရှိ Working Environment က မကောင်းလို့လား၊ ကိုယ်ကိုယ်တိုင်က အဆင်ပြေပြေမနေနိုင်တာလားဆိုတာ ကွဲကွဲပြားပြားသိဖို့လည်း အရေးကြီးပါတယ်။

၄။ စိန်ခေါ်မှုအသစ်တွေအတွက် တကယ်ရော အဆင်သင့်ဖြစ်နေပြီလား?

New Challenge တွေလိုချင်လို့ အလုပ်ပြောင်းတာပါလို့ပြောမယ်ဆိုရင် မသိနိုင်တဲ့အတွေ့အကြုံအသစ်တွေအတွက် သင့်ကိုယ်သင်အရင်ဆုံး စိတ်ကိုအဆင်သင့်ပြင်ထားပါ။ သိပ်ပြီးတော့ ယေဘုယျဆန်တဲ့အကြောင်းပြချက်မျိုးကို ဘယ်အလုပ်ရှင်မှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သင့်ရဲ့ CV Form ကို ကြည့်လိုက်တဲ့အခါ အလုပ်တစ်ခုမှာ အနည်းဆုံး ၂ နှစ်ပြည့်အောင် မလုပ်ခဲ့ဘဲ အပြောင်းအလဲ သိပ်များနေရင် သင်ဟာစိတ်အပြောင်းအလဲမြန်ပြီး အချိန်မရွေးအလုပ်ထွက်နိုင်ချေရှိတဲ့သူတစ်ယောက်အဖြစ် အထင်မှားစေနိုင်ပါတယ်။ Career Stable ဖြစ်ဖို ့အနည်းဆုံး Company တစ်ခုမှာ ၂ နှစ်လောက်အထိ လုပ်ကြည့်ပြီး သင်အလုပ်ထွက်ဖို့လုံလောက်တဲ့ အကြောင်းပြချက်ရှိမှသာ အလုပ်အသစ်ရှာပါလို့ တိုက်တွန်းချင်ပါတယ်။

၅။ သင် ဘာ Achievement မှ မရဖူးတာ သေချာရဲ့လား?

Achievement ဆိုတာ ရာထူးတိုးမှ လစာတိုးမှ ဆုတွေရမှ မဟုတ်ပါဘူး။ Project တစ်ခု၊ အလုပ်တစ်ခုကို တာဝန်ယူရင်း သင်မသိသေးတာတွေ သိလာမယ်။ အရင်ကမလုပ်တတ်တာတွေ လုပ်တတ်လာမယ်၊ On Job Training တွေ တက်ပြီး Certificate တွေ ရလာမယ်ဆိုရင်လည်း ဒါတွေက achievement တွေပါပဲ။ အတွေ့ အကြုံတွေများလာတာနဲ့အမျှ သင့်ကိုယ်ရည်ကိုယ်သွေးတွေလည်း တက်လာမှာပါ။ အလုပ်များများလုပ်ရတဲ့သူက အတွေ ့အကြုံများများပိုရတယ်ဆိုတဲ့အချက်ကိုလည်း သင်မေ့ထားလို့မရပါဘူး။ တစ်ခါတစ်လေ အလုပ်ခေါ်တုန်းကသိထားတဲ့ Job Description (JD) ထက် အလုပ်ခွင်ဝင်တဲ့အခါ လုပ်ရတဲ့ Job Scope က ပိုများနေတာမျိုး ဖြစ်တတ်ပါတယ်။ သင်တာဝန်ယူနိုင်သလောက်ကြိုးစားလုပ်ကြည့်ပြီး ကိုယ့်ရဲ့ Ability ကို စမ်းသပ်ကြည့်ပါ။ သင်နားမလည်တဲ့အရာတွေကို သင့်ဘေးက Senior တွေကို မေးမြန်းပြီး ကြိုးစားလုပ်ကြည့်ပါ။ သင်လုပ်တတ်တာများလေလေ သင့် Senior သက်သာလေလေဖြစ်တဲ့အတွက် အလုပ်အကြောင်းမသိလို့မေးလာတဲ့သင့်ကို ဘယ် Senior ကမှ စိတ်ဆိုးမှာမဟုတ်ပါဘူး။ သင် လုပ်တတ်တာများလေလေ တစ်ချိန်မှာသင်အလုပ်သစ်လျှောက်တဲ့အခါ ရွေးချယ်ခံရနိုင်ချေများလေလေပါပဲ။

အခုဆွေးနွေးခဲ့တာတွေကတော့ သင့်အနေနဲ ့ အလုပ်အသစ်မလျှောက်ခင်မှာ အရင်ဆုံးစဉ်းစားသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ Company တွေအနေနဲ့လည်း Interview ခေါ်တဲ့အခါမှာ အထက်ပါအချက်တွေကို အဓိကထားပြီးမေးလေ့ရှိတဲ့ အတွက်ကြောင့် ကိုယ့်ကိုကိုယ်ဆန်းစစ်ပြီးကြိုတင်ပြင်ဆင်ထားနိုင်ဖို ့အကြံပေးလိုက်ပါတယ်။ 

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020