facebook tracking image
Let’s Transform Work Hours into Joyful Moments
Workplace Etiquettes

Let’s Transform Work Hours into Joyful Moments

ပျော်ရွှင်ဖွယ်ရာ အလုပ်ချိန်အဖြစ် ပြောင်းလဲကြပါစို့

တစ်နေ့အလုပ်ချိန်ဟာ ရှစ်နာရီဆိုပေမယ့် ခေတ်ရဲ့လိုအပ်ချက်အရ တစ်နေ့ကိုအလုပ်ချိန် ရှစ်နာရီထက်ပိုပြီး အလုပ်မှာရှိနေကြရတဲ့ လူတွေကများလာပါပြီ။ တခြားကိုပြေးမကြည့်ကြပါနဲ့၊ သင်ကိုယ်တိုင်ရော အပါအဝင်ဖြစ်နေပြီမလား။ ကဲဒါဆိုရင်တော့ တစ်နေ့တာလုံးလုပ်ငန်းခွင်မှာ လန်းလန်းဆန်းဆန်နဲ့ နေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးက အထိုက်အလျောက် အထောက်ကူပေးသွားမှာပါ။ ကျွန်တော်အနေနဲ့ ဒီဆောင်းပါးမှာ ဘယ်လိုအရာတွေက ကိုယ့်ရဲ့တက်ကြွမှု ကိုလျော့ကျစေတယ်၊ ဘယ်လိုနည်းလမ်းတွေနဲ့ တန်ပြန်ခုခံနိုင်မယ်ဆိုတာကို ယှဉ်တွဲပြီး ပြောပြပေးသွားချင်ပါတယ်။ 

၁) မနက်ရုံးရောက်ရောက်ချင်းအချိန် (Monday Sickness) Issue >>> ဒီလိုအချိန်မျိုးက အထူးသဖြင့် Monday လိုနေ့မျိုးမှာဆိုရင် ကျွန်တော်တို့တွေကို အမြဲနှေးကွေးလေးလံစေတဲ့ အချိန်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Weekend က အပျော်တွေမပြီးဆုံးချင်သေးတဲ့ နေ့ဆိုလည်း မမှားပါဘူး။ ဒီလိုမျိုးသာ အပတ်တိုင်းဆက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ ကျန်တော်တို့တွေရဲ့ Performance ကို ထိခိုက်စေယုံသာမကပဲ လက်ရှိအလုပ်မှာထားတဲ့ ကိုယ့်ရဲ့ Motivation ကိုပါ တဖြည်းဖြည်းနဲ့ တိုက်စားလာနိုင်ပါတယ်။ Solution >>> ဒီလိုအခြေအနေမျိုးအတွက်ဆိိုရင်တော့ Monday မတိုင်ခင် Sunday ညကတည်းက ကိုယ်မနက်ဖြန် လုပ်ရမယ့် To-do-list ကို ပြင်ဆင်ထားတာမျိုးက တကယ်အသုံးတည့်ပါတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုဖြည့်စွက်ပြီးပြောချင်တာက To-do-list ကို ကြိုတင်ပြင်ဆင်ထားခြင်းက သင့်ရဲ့ Time Management Skill ကိုပါကောင်းမွန်လာစေမှာဖြစ်ပြီး အချိန်ကို သေချာ Management လုပ်နိုင်ပြီးတဲ့နောက် သင့်အတွက် အားလပ်ချိန်တွေကိုလည်း အလျဉ်းသင့်သလို အကျိုးရှိရှိ အသုံးချလာစေနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Monday မှာ ရုံးရောက်ပြီဆိုတာနဲ့ Coffee ကြိုက်တဲ့သူကလည်း Coffee လေးသောက်ရင်းနဲ့ မနက်ခင်းကို အစပြုတာမျိုး သီချင်းကြိုက်တတ်တဲ့သူတွေကလည်း ကိုယ့်ရဲ့အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို နားထောင်ပြီး Monday Sickness ကို ကုသလိုက်ပါစို့။ 

၂) Facebook (ဓါးသွားပေါ်က ပျားရည်စက်) Issue >>> အခုခေတ်ကြီးထဲမှာ လူတိုင်းလိုလို Faecebook Account ကိုယ်စီနဲ့ နည်းပညာရဲ့ ရေစီးကြောင်းကို ပျော်ပျော်ကြီး လိုက်ပါစီးမြောနေကြပါပြီ။ Facebook မှာ သင်ယူစရာတွေများသလို Facebook က ကျွန်တော်တို့တွေရဲ့ တစ်နေ့တာ အချိန်တော်တော်များများကို အပိုင်စီးထားလိုက်ပြီဆိုတာကိုတော့ လူတော်တော်များများက မေ့နေတတ်ကြပါတယ်။ Facebook မှာ အချိန်နဲ့ တပြေးညီ တတ်လာတဲ့ သတင်းလေးတွေကို စောင့်ကြည့်ရတာ၊ ကိုယ်ချစ်ခင်နှစ်သက်သူတွေရဲ့ ပုံရိပ်လေးတွေနဲ့ လှုပ်ရှားမှုတွေကို ထိုင်ကြည့်ရတာ၊ Facebook ကနေ တဆင့် မိတ်ဖွဲ့စကားပြောရတာ စတာတွေက ပျော်ရွှင်စရာတစ်ခု အဖြစ် ကူးပြောင်းလာပါပြီ။ ဒါပေမယ့် ကိုယ့်ရဲ့အချိန်ကိုလည်း Facebook က ပျော်ပျော်ကြီး ဖဲ့ယူနေတာကိုလည်း သတိထားဖို့တော့လိုပါလိမ့်မယ်။ ဥပမာအနေနဲ့ အရင်က Toilet သွားရင် အချိန်က အလွန်ဆုံး ၅ မိနစ်တောင် မကြာပေမယ့် Facebook သုံးရင်နဲ့ဆိုရင်တော့ သင်ကိုယ်တိုင်တောင်သတိမထားမိလိုက်ပဲနဲ့ ၁၀ မိနစ်လောက်တော့ အနည်းဆုံး ကုန်သွားနိုင်ပါတယ်။ နောက်ပြီးတော့ အလုပ်ခွင်မှာလည်း Facebook က Notification လေးတက်လာလို့ ကြည့်လိုက်၊ အလုပ်ပြန်လုပ်လိုက် ဆိုတာက သင့်ရဲ့ အာရုံ စူးစိုက်မှုကို အများကြီး လျော့နည်းစေလာပါလိမ့်မယ်။ Solution >>> ဒါဆိုရင် Facebook က ကိုယ့်ကိုသုံးနေတာမျိုးမဟုတ်ပဲ Facebook ကိုပဲ ကိုယ်က ပြန်သုံးကြရအောင်။ Facebook ကိုလုံဝမသုံးဖို ့ဆိုလိုတာ မဟုတ်ပါဘူး။ Facebook ကို သုံးတတ်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိနိုင်တာတွေ အများကြီး ရှိတဲ့အတွက် အချိန်ကန့်သတ်ပြီး သုံးကြမယ်နော်။ နေ့လည်စာထမင်းစားပြီးတဲ့နောက် ခဏတဖြုတ်သုံးတာမျိုးက သင့်အတွက် အဆင်ပြေဆုံးဖြစ်မှာပါ။ ထမင်းစားနေရင်းနဲ့ Facebook သုံးတာမျိုးကိုတော့ သိပ်အားမပေးပါဘူး။ ဘာလို့လည်းဆိုတော့ ဖုန်းကို အာရုံစိုက်ကြည့်နေရင်းနဲ့ အစာကို ကြေညက်အောင်မစားပဲ အလိုလို မျိုချလိုက်တတ်လို့ပါ။ (အဲ့ဒီလို အပြုအမှုတွေက ကိုယ်အလေးချိန်ကို တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ) 

၃) Short Time Break Issue >>> Company တော်တော်များများမှာက Lunch Break ပဲ ပေးလေ့ရှိကြပါတယ်။ ကိုယ် တစ်နေကုန် သုံးနေတဲ့ ဖုန်းတောင် အနားပေးတဲ့အချိန်မှာ အားသွင်းရသေးတာပဲ၊ သင့်ရဲ့ ကျန်းမာရေးကလည်း ဖုန်းတစ်လုံးရဲ့ ဘက်ထရီထက် အဆပေါင်းများစွာ တန်ဖိုးရှိပါတယ်။ Short Time Break မယူပဲ Lunch Time ပြီးကတည်းက တောက်လျှောက်အလုပ်ကို အာရုံစူးစိုက်စွာ လုပ်နိုင်မယ့်လူက လက်ချိုးရေလို့ရပါလိမ့်မယ်။ သေချာတာကတော့ အဲ့ဒီအထဲမှာ သင်နဲ့ ကျွန်တော်တော့ မပါလောက်ဘူးလို့ထင်ပါတယ်။ အဓိက အကြောင်းအရင်းက ကျွန်တော်တို့တွေရဲ့ မျက်လုံးနဲ့ အာရုံကြောတွေရဲ့ အချက်ပေးမှုက ကျွန်တော်တို့တွေရဲ့ အစာအိမ်လောက် မထိရောက်လို့ပါပဲ။ ဆိုလိုတာကကျွန်တော်တို့တွေ ဗိုက်ဆာပြီလို့ အစာအိမ်က အချက်ပြတာနဲ့ စက္ကန့်မဆိုင်းပဲ မုန့်တစ်ခုခုကို ရှာဖွေစားသောက်တတ်ကြပေမယ့် မျက်လုံးနဲ့ အာရုံကြောတွေကတော့ အစာအိမ်ထက်စာရင် အရှက်အကြောက်ကြီးတတ်ကြပုံ ရပါတယ်။ သူ့ဖက်ကနေ အချက်ပေးတာကိုပဲ စောင့်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ အညောင်းမိပြီး မျက်မှန် ပါဝါ တက်ဖို့အတွက်သာ ပြင်ထားစေလိုပါတယ်။ Solution >>> ကျွန်တော်တို့ MyWorld Company မှာဆိုရင် နေ့လည် ၂နာရီခွဲကနေ ၃နာရီခွဲအတွင်းမှာ Short Time Break အဖြစ် ကြိုက်နှစ်သက်တဲ့ အချိန်ထဲက ၁၅မိနစ်ကို နားခွင့် ပေးပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ မုန့်သွားဝယ်စားတာဖြစ်ဖြစ်၊ သီချင်းနားထောင်တာဖြစ်ဖြစ် လုပ်ပြီး ကိုယ့်ကိုကိုယ် ပြန်ပြီး လန်းဆန်းအောင် လုပ်ဖို့ အချိန်လုံလောက်ပါတယ်။ သေချာတာတစ်ခုကတော့ ဝန်ထမ်းတွေအနေနဲ့ ကျွန်တော်ပြောတဲ့ ဒီအချက်ကို ကြိုက်သလို အလုပ်ရှင်တွေ အတွက်တော့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် ဒီ Short Time Break ကလေးက သင့်ရဲ့ Company မှာ Employee တွေအတွက် အကုန်အကျအနည်းဆုံး Benefit Program တစ်ခုဆိုရင် သင်ယုံလိုက်စေလိုပါတယ်။ 

၄) စကား စကား ပြောပါများ (ဆူညံတဲ့ အလုပ်ခွင်) Issue >>> အလုပ်ခွင်မှာ ကိုယ်နဲ့ အနေကြာလာတဲ့သူတွေနဲ့ ရင်းနှီးမှု ပိုတိုးလာတာနဲ့ အမျှပြောစရာစကားဆိုတာလည်း မကုန်နိုင်လောက်အောင် ဖြစ်လာပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းရင်းနှီးကြတာကောင်းပေမယ့် အချိန်တိုင်းနီးပါး ရင်းရင်းနှီးနှီးပြောနေကြတဲ့ စကားသံ ရယ်သံတွေက သူများတွေ အလုပ်လုပ်နေကြတာကို သွားပြီး အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင်တော့ သိပ်ကောင်းမှာမဟုတ်ပါဘူး။ ဒါ့အပြင် အလုပ်မှာလည်း ပတ်ပတ်လည် ဆူညံသံတွေက အလုပ်ပေါ်မှာထားတဲ့ အာရုံစူးစိုက်မှုကို လျော့ကျစေနိုင်ပါတယ်။ Solution >>> ကဲ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ Google Hangout ကိုတော့ Company တိုင်းတော်တော်များများမှာ အသုံးပြုနေကြပါတယ်။ တော်ရုံ တန်ရုံ အရမ်းအရေးမကြီးတဲ့ စကားတော်တော်များများကို Hangout ကနေတဆင့် ဆက်သွယ်ပြီး ပြောမယ်ဆိုရင်တော့ Office အတွင်းမှာ Noise ကိုတော်တော်လေးလျော့ချနိုင်မှာပါ။ တစ်ခုပါပဲ၊ Hangout ကနေပြီး Chatting တောက်လျှောက်လုပ်နေမယ်ဆိုရင်တော့ သင့် Line Manager ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို မြင်ရဖို့ Chance များလာနိုင်ပါတယ်။ ဒီလောက်ဆိုရင် အပေါ်မှာဖော်ပြပေးသွားတဲ့အချက်လေးတွေက သင့်ရဲ့အလုပ်ခွင်နဲ့ လူနေမှုဘဝ အတွက် အထိုက်အလျှောက် အထောက်အကူပြုမယ်လို့လည်း မျှော်လင့်ပါတယ်။ 

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016