facebook tracking image
Let’s Take Better Care of Our Office Supplies
Workplace Etiquettes

Let’s Take Better Care of Our Office Supplies

ရုံးသုံးပစ္စည်းလေးတွေကို ဂရုစိုက်ကြမယ်။

ဒီ Topic လေးကတော့ လုပ်ငန်းခွင်ဝင်နေကြတဲ့ သူတွေနဲ့တင်မကပဲ မိမိတို့နေအိမ်၊ ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းလေးတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင်ထားတတ်ဖို့ ရည်ရွယ်ပါတယ်။ ပစ္စည်းရဲ့တန်ဖိုးဆိုတာ အသုံးပြုသူ၊ထိန်းသိမ်းသူနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

Why? ဘာကြောင့် ဒီ ခေါင်းစဉ်လေးရေးရသလဲ?
တစ်ဦးတစ်ယောက်ချင်းစီဟာ နေ့စဉ် ကိုယ်တာဝန်ကျရာအလုပ်ခွင်သို့ဝင်ကြရပါတယ်။ မိမိတို့အလုပ်နေရာဟာမိမိတို့အတွက် ဒုတိယအိမ် လိုဖြစ်နေပါတယ်။ နေ့စဉ်တစ်နေ့တစ်မျိုး မရိုးရတဲ့ တာဝန်၊ဖိအား၊သတ်မှတ်ချက်၊စံနှုန်းတွေကို ရောက်အောင် ကြိုးစားကြရပါ
တယ်။

ဒီလို ကိုယ်အချိန်ဖြုန်းနေရတဲ့နေရာမျိုးမှာ ပစ္စည်းတွေ ရှုပ်ပွနေမယ်ဆို စိတ်ဘယ်ကြည်တော့မလဲနော်။ မျက်စိရှုပ်ပြီး အလုပ်လုပ်ရတာလည်း အာရုံနောက်နိုင်ပါတယ်။ တစ်ခြားလုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း ကိုယ့်ရဲ့ရှုပ်ပွနေတဲ့ စားပွဲခုံကို ကြည့်ပြီး ကိုယ့်
ကို အထင်သေးစေပါတယ်။အလုပ်နဲ့ပတ်သတ်ပြီးလည်း အခြားသူတွေ ကိုယ့်အပေါ် အယုံအကြည်နည်းစေပါတယ်။

Advantages? 
ရုံးတွင်းပစ္စည်းလေးတွေ သပ်ရပ်သန့်ရှင်းနေရင် ဘာကောင်းကျိုးတွေရနိုင်လဲ။

အချက်လေးတွေနဲ့ရှင်းပြမယ်နော်။
- မိမိအလုပ်ခုံနေရာရှင်းလင်းနေမယ်ဆို အရင်ဆုံး မိမိအတွက် အလုပ်လုပ်ရတာ စိတ်ကြည်လင်မယ်။ သန့်ရှင်းပြီးဖုန်မရှိတော့ မျက်နှာမှာ ဝက်ခြံမပေါက်ဘူး။ ကျန်းမာရေးရှုထောင့်ကနေကြည့်လည်း အသက်ရှုရကောင်းပြီး ရောဂါမဖြစ်ဘူး။

- ဘေးပတ်ဝန်းကျင်ကလူတွေကလည်း ကိုယ့်စားပွဲနေရာ သပ်ရပ်နေတာမြင်တော့ ကိုယ့်ကိုအထင်မသေးဘူး။ကိုယ့်ကိုအတုယူပြီး သူတို့နေရာတွေကိုပါ သပ်ရပ်အောင်ပြောင်းလဲကြမယ်။

- ပစ္စည်းလေးတွေကို ထိန်းထိန်းသိမ်းသိမ်းအသုံးပြုကြမယ်ဆို အပျက်အစီး၊အပျောက်အရှလည်းနည်းမယ်။Company ရဲ့ Operation မှာ မလိုအပ်တဲ့ အသုံးစရိတ်တွေလည်း မကုန်တော့ဘူး။

- အကယ်၍ပြင်ပကဧည့်သည်လာရင်လည်း ကိုယ့် Company ရဲ့ Image လည်းတက်တယ်။ ရုံးမှာရှိတဲ့ ကိုယ်တွေ ဝန်းထမ်းတွေရဲ့ စည်းကမ်းရှိမှု၊သပ်ရပ်မှုကိုလည်း ချီးကျူးခံရတာပေါ့နော်။

How to? 
ရုံးသုံးပစ္စည်းလေးတွေကို သပ်ရပ်အောင်၊ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းကြမလဲ။

ဒီနေရာမှာတော့ အသင်းအဖွဲ့စိတ်ဓာတ်၊ စည်းလုံးညီညာမှုလည်း လိုအပ်ပါတယ်။

- တန်ဖိုးကြီးတဲ့ Printer, Computer, Fax Machine, Air conditioner, Paper Shredder အစရှိတဲ့ ပစ္စည်းတွေကို ရုံးဆင်းချိန်တိုင်း Power ပိတ်ခဲ့ပေးသင့်ပါတယ်။

- ရုံးမှနောက်ဆုံးကျန်ခဲ့တဲ့သူဖြစ်ရင် မီးပိတ်၊သော့ပိတ်ဖို့က ကိုယ့်တာဝန်ပါ။

- Paper, Stapler, Clips, Soft-Pen, Scissors, Tape, Files, Pencil Sharpeners, Glue,Calculators, Envelopes, Sticky Notes, Erasers, Paper Clips, Highlighters, Books အစရှိတဲ့ Office Stationery တွေကိုလည်း မိမိကိုယ်ပိုင် ပစ္စည်းလိုရိုရိုသေသေကိုင်တွယ်ပြီး၊ အပျောက်အရှကင်းအောင် ထိန်းသိမ်းပေးသင့်ပါတယ်။

-ရုံးတံခါးတွေ၊ စားပွဲခုံတွေ၊ Drawers တွေကိုလည်း ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ်သင့်ပါဘူး။
- လိုအပ်သည်ထက်ပိုပြီး Tissue တွေကို သုံးတာ၊ မလိုအပ်ပဲ အမှိုက်ဖွတာတွေလည်း ရှောင်ကြည်သင့်ပါတယ်။
- မလိုအပ်တဲ့ စာရွက်၊ အမှိုက်တွေကိုလည်း မိမိစားပွဲပေါ်မှ ရှင်းလင်းသင့်ပါတယ်။
- အစားအသောက်တွေကိုလည်း Office ရဲ့ Kitchen Area မှာပဲစားသုံး၊သိမ်းဆည်းထားသင့်ပါတယ်။ မလိုအပ်ပဲကြွက်၊ပိုးဟပ် အစရှိတဲ့ အကောင်တွေ ကိုယ့်ရုံးထဲမှာ ခိုအောင်းနေတတ်လို့ပါ။

အပေါ်ကအချက်လေးတွေကို လိုက်နာပြီး သပ်ရပ်သန့်ရှင်းတဲ့ လုပ်ငန်းခွင်မှာ နေ့စဉ် စိတ်ကြည်ကြည်လင်လင်နဲ့ ရုံးတက်ရုံးတင်းဘု
ပ်နိုင်အောင် ကြိုးစားကြည့်ကြရအောင်နော်။

Share this blog

5 Basic Etiquettes to Follow During a Business Call
5 Basic Etiquettes to Follow During a Business Call
Published 7 September 2016
Being Professional—What Does That Actually Look Like?
Being Professional—What Does That Actually Look Like?
Published 21 April 2020
Companies and Staff Damaged by Social Media
Companies and Staff Damaged by Social Media
Published 9 July 2016