facebook tracking image
Personality Traits That Hold People Back from Career Success
Career Advice

Personality Traits That Hold People Back from Career Success

Career တစ်ခုမှာကြိုးစားနေပေမယ့် အောင်မြင်သင့်သလောက် မအောင်မြင်တဲ့သူတွေရဲ့ Personality Trait များ 

တစ်ခါတလေမှာ ကိုယ်ကတော့သေချာကြိုးစားပေမဲ့ ကိုယ့်ရဲ့ Career မှာ ရောက်သင့်သလောက် အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ ခံစားရတာမျိုး ကြုံဖူးပါသလား? အခြားသူတွေက အခွင့်အလမ်းကောင်းတစ်ခု၊ နေရာကောင်းတစ်ခု ရသွားတဲ့အခါ သူကတော့ကံကောင်းလိုက်တာ၊ သူကတော့ အဆင်ပြေလိုက်တာ ဆိုပြီး ကိုယ့်ကိုကိုယ်အားငယ်မိတာမျိုးရော ဖြစ်ဖူးပါသလား? အဲ့သည်လို ဖြစ်နေပြီဆိုရင်တော့ တခြားသူတွေက ဘယ်နေရာတွေမှာ ကိုယ့်ထက်ပိုသာပြီး ကိုယ်ကဘယ်နေရာတွေမှာ ပြုပြင်သင့်နေသလဲဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။ အများအားဖြင့် ကြိုးစားပေမယ့် အောင်မြင်သင့်သလောက် မအောင်မြင်တတ်တဲ့ သူတွေရဲ့ Personality Trait လေးတွေကို တစ်ချက် လေ့လာကြည့်ရအောင်နော်။

1. Having Too Much Dilemma
ကြိုးစားပေမဲ့လည်း အောင်မြင်သင့်သလောက် မအောင်မြင်ရတဲ့အကြောင်းမှာ ဆုံးဖြတ်ချက်တွေ မပြတ်သားဝေဝါးတာကြောင့်လည်း ပါပါတယ်နော်။ လုပ်စရာအလုပ် နှစ်ခုရှိတယ်ဆိုကြပါစို့။ Priority ထားပြီး ပိုအရေးကြီးတာကို အရင်လုပ်တဲ့သူထက် ဟိုလိုလို သည်လိုလိုနဲ့ ဘာစလုပ်ရမှန်းဝေခွဲမရတဲ့သူက သေချာပေါက် အလုပ်မပြီးတဲ့အပြင် ရွေးချယ်စရာရှိလာတဲ့အခါ နှောင့်နှေးမှုတွေနဲ့ကြုံရမှာပါ။

2. Can't Grab A Good Opportunity & Afraid To Get Out Of Comfort Zone
Dilemma များတဲ့ သူတွေမှာ တွေ့ရတတ်တဲ့ အချက်ပါ။ အထူးသဖြင့် အခွင့်အရေးကောင်းပေါ်လာတဲ့အချိန်မှာ အဆင်ပြေပါ့မလား လုပ်နိုင်ပါ့မလားဆိုပြီး တွန့်ဆုတ်ဝေခွဲမရဖြစ်နေတာနဲ့ အခွင့်အရေးကောင်းတွေ လွတ်သွားတတ်ပါတယ်။ အောင်မြင်တဲ့သူတွေဟာ အခွင့်အရေးကိုအမိအရအသုံးချပြီး Comfort Zone က ရုန်းထွက်နိုင်တဲ့ သူတွေပဲဖြစ်ပါတယ်။ အခွင့်အရေးကောင်းဆိုတာ ဘယ်တော့မှနှစ်ခါပြန်မလာတတ်ပါဘူးနော်။

3. Not Knowing Your Strength & Weakness
ကိုယ့်ဘာသာကိုယ် SWOT Analysis လုပ်ဖူးကြပါသလား။ SWOT Analysis ဆိုတာ မိမိရဲ့ အားသာချက် အားနည်းချက်ကို Analysis လုပ်ပြီး ဘယ်အရာကို Opportunities အဖြစ်ဖန်တီးပြီး ဘယ်ဟာကတော့ ကိုယ့်ရဲ့ Strength ဖြစ်တယ်ဆိုတာကို သိအောင်လုပ်တာပါ။ ဥပမာ ကိုယ်က လူတွေနဲ့ Social Dealing လုပ်ရတာ ကြိုက်တဲ့သူ ဆိုပါစို့။ ကိုယ့်ရဲ့ Career ကို Sale/Marketing or PR ပိုင်းသွားခြင်းက ပိုပြီးသင့်တော်ကိုက်ညီမှုရှိတယ်လို့ မြင်မိတာမျိုးဖြစ်ပါတယ်။

4. Manage Your Emotion
သင်ဟာ တော်သလောက် Emotional ဖြစ်လွယ်တဲ့သူလား။ အဲ့သည်လိုဖြစ်နေရင် အခုကစပြီး Emotional မဖြစ်အောင် တတ်နိုင်သလောက် ထိန်းဖို့အကြံပေးချင်ပါတယ်။ တချို့ကိစ္စတွေမှာ စိတ်ခံစားမှုကိုရှေ့တန်းတင်မိတာကြောင့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိတာမျိုး ဖြစ်နိုင်ပါတယ်။

5. Listening To Other People's Opinions Too Much
များသောအားဖြင့် ကိုယ့်ဘာသာကိုယ် ယုံကြည်မှုနည်းတဲ့သူတွေဟာ တခြားသူတွေရဲ့အကြံဉာဏ်ကို အရမ်းယူတတ်ကြပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်သာအသိဆုံးဖြစ်တဲ့အတွက် တစ်ခါတလေ ပေးတဲ့အကြံတိုင်းကလညး် ကိုယ့်အတွက်အသုံးမဝင်နိုင်တာကို သိထားသင့်ပါတယ်နော်။

6. Not observing your surrounding?
တချို့သူတွေက သူတို့လုပ်ငန်းတာဝန်မှာ ကျွမ်းကျင်ပါသော်လည်း အခြားအရာတွေမှာ မျက်စိပိတ်နားပိတ် ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်တတ်တဲ့သူတွေဟာ အခွင့်အရေးသစ်တစ်ခုရတဲ့အခါ ပတ်ဝန်းကျင်လေ့လာမှုအားကောင်းတဲ့ သူတွေလိုမဟုတ်ဘဲ အခွင့်အလမ်းကောင်းတွေကို ဆုံးရှုံးနိုင်ပါတယ်။

အခု ပြောတဲ့အရာတော်တော်များများ ဟာ ကြိုးစားပေမဲ့ အောင်မြင်သင့်သလောက် မအောင်မြင်တဲ့သူတွေရဲ့ Trait တွေပဲ ဖြစ်ပြီး ကိုယ်လည်းဒီလိုမျိုးတွေပါနေပြီဆိုရင် ဆန်းစစ်ကြည့်ပြီး ကြိုးစားပြင်ဆင်ကြရအောင်နော်...

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020