facebook tracking image
Preparing for a Job Search Amid the COVID-19 Pandemic
Career Advice

Preparing for a Job Search Amid the COVID-19 Pandemic

COVID-19 ကာလအတွင်းမှာ အလုပ်ရှာဖွေတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ? 

အားလုံးသိကြတဲ့အတိုင်း ဒီဇင်ဘာ 2019 လောက်ကတည်း​က စခဲ့တဲ့ COVID-19 ဆိုတဲ့ Crisis ကြီးကြောင့်ကမ္ဘာတဝှမ်းမှာရှိတဲ့ Company တချို့ရပ်နားလိုက်ရတဲ့အတွက်ကြောင့် လုပ်ငန်းရှင်တော်တော်များများရော အလုပ်သမားဝန်ထမ်းတော်တော်များများပါအခက်ကြုံခဲ့ရပြီး စီးပွားရေးအရအကျပ်အတည်းတွေပါဖြစ်သွားခဲ့ရတာ အားလုံးလည်းသတိထားမိမှာပါ။

တဖက်မှာလည်း Company ရဲ့အနေအထားတစ်ခုကြောင့်ဝန်ထမ်းလျော့ချတာတွေရှိသလို မြန်မာနိုင်ငံကိုရင်းနှီးမြုပ်မှုတွေလုပ်ဖို့ဝင်လာကြတဲ့ Company တွေ အထူးသဖြင့် Banking လုပ်ငန်းအသစ်တွေ Telecom & Fiber Services, E-commerce တွေ, FMCG နဲ့ Food Distribution လုပ်ငန်းတွေမှာ Business လိုအပ်ချက်အရ အချို့သော Position များ ခေါ်ယူလျက်ရှိပါတယ်။

အဲ့ဒီအတွက် COVID-19 Outbreak ဖြစ်နေစဉ်အတွင်းမှာ or ဒီလို Crisis အချိန်ကာလမှာ အလုပ်ရှာဖွေတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ ဘာတွေလုပ်အပ်သလဲဆိုတာကို Sharing လုပ်ပေးချင်ပါတယ်။

1. သေချာတဲ့ Confirmation or Offer ရမှအလုပ်ထွက်ပါ။
အလုပ်စရှာဖို့ဆုံးဖြတ်တာနဲ့ တဖက် Company အနေအထားကိုအရင်လေ့လာပါ။ အထူးသဖြင့်ဒီလိုကာလမှာ ချက်ချင်းခေါ်တဲ့ Company ဆိုတာအရမ်းရှားပါတယ်။ အနည်းဆုံး Verbal Offer ပဲပေးထားနိုင်တဲ့အတွက် တဖက် Company ကနေ သေချာတဲ့ Confirmation တခု or Offer ရပီးတော့မှ လက်ရှိ Company ကနေResign လုပ်ပါ။ လက်ရှိအလုပ်မှာအဆင်မပြေလို့ အရင်ထွက်လိုက်မယ် ပြီးတော့မှ အေးဆေးရှာမယ်ဆိုတဲ့ အတွေး ဒီအခြေအနေမှာ လုံးဝဖျောက်လိုက်ပါ။

2. Salary Expectation ကိုတတ်နိုင်သလောက်လျော့ပါ။ 
အခုဆိုတော်တော်များများ Companyတွေမှာ Salary တိုးတာတွေရော ရာထူးတိုးတာတွေပါရွှေ့ဆိုင်းထားတာကြားမိမှာပါ။ အထူးသဖြင့် Crisis ဖြစ်နေတာကြောင့် Company ရဲ့ Outcome ကိုအတတ်နိုင်ဆုံး လျှော့ချနေကြပါတယ်။ ဒီလိုအချိန်မှာ အလုပ်ပြောင်းဖို့ဆုံးဖြတ်ထားရင်ကိုယ့်ရဲ့ Salary Expectation ကိုလဲ market အခြေအနေအလိုက်လိုက်လျောညီထွေရှိရန်လိုအပ်ပါတယ်။ ''ငါကတော့ဒီဘက်မှာ ဒီလောက်ရခဲ့တာ အလုပ်အသစ်ဆိုရင် ဒီလောက်ရမှပြောင်းမယ်'' လို့မတွေးပါနဲ့။ Salary ဆိုတာ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနောက်ကို ကပ်ပါလာတဲ့အရာတခုပါ။ ကိုယ်ကSalary နောက်လိုက်တာမျိုးမဟုတ်ပဲ Salary သာကိုယ့်နောက်ကိုလိုက်ပါလာပါစေ။

3. Social Media or LinkedIn အသုံးပြုပါ။
အခုလိုအချိန်မှာ Recruitment Company တွေ၊ တခြား Company တွေ တော်တော်များများ Social Media မှာ Active ဖြစ်တာသတိထားမိမှာပါ။ Social Media ကနေတဆင့် Recruitment Agencies တွေနဲ့ချိတ်ဆက်ထားခြင်းဖြင့် Up to Date တင်ထားတဲ့အလုပ်တွေ၊ Market Information တွေကို သိရသလို ကိုယ်သွားချင်တဲ့နေရာ ကိုယ်လိုချင်တဲ့ရာထူးကို အတိအကျဆွေးနွေးလို့ရပြီး တဖက် Company ရဲ့အနေအထားကိုပါ Recruiter တွေဆီကတဆင့် လေ့လာရတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အချိန်ကို အကျိုးရှိရှိကောင်းကောင်းအသုံးချလို့ရပါတယ်။ အထူးသဖြင့် 80% သော Recruiter တွေ HR တော်တော်များများအများဆုံး LinkedIn က နေရှာဖွေတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ LinkedIn Profile ကိုလဲ အ​မြဲ Update လုပ်ထားပါ။ 

4. Video and Phone Etiquette ကိုလည်း လေ့ကျင့်ထားစေချင်ပါတယ်။ 
ယခုလို Stay Home ကာလမှ Company အများစု က Work From Home ဖြစ်တဲ့အတွက် Interview Process တွေဟာလဲ Online ကနေ Video Conference Call အနေနဲ့လုပ်ကြပါတယ်။ များသောအားဖြင့် အရင်က Face to Face Interview တွေကိုပဲဖြေခဲ့ရတာ​ဖြစ်လို့ Online ကနေတဆင့်လုပ်တဲ့အခါကျရင် တခါတလေ Anxious ဖြစ်တာမျိုးတွေ Nervous ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့တော့ Online Interview တွေအတွက်ကြိုတင်ပြင်ဆင်ထားပါ။ ပြီးတော့ Conference Call တွေအတွက် အသုံးပြုတဲ့ Apps တွေကို လေ့လာထားပါ။ ဥပမာ..အသုံးများတဲ့ Zooms တို့ Microsoft Teams တို့လို Apps တွေကို Install လုပ်ထားပါ။

 

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020