facebook tracking image
Should You Accept a Job Offer Even If You're Not Fully Interested?
Career Advice

Should You Accept a Job Offer Even If You're Not Fully Interested?

Job Offer တစ်ခုကို အခြေအနေတစ်ခုခုကြောင့် သိပ်စိတ်မဝင်စားလည်း လက်ခံသင့်ရဲ့လား?

ဒီလို အခြေအနေမျိုးကို ဘယ်သူမှတော့ ကြုံချင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်တကယ်စိတ်အားထက်သန်တဲ့ အလုပ်မျိုးကိုပဲ လက်ခံချင်ကြမှာပါ။ ဒါပေမယ့်လည်း တကယ့်လက်တွေ့ မှာတော့ အနည်းနဲ့အများ ကြုံတွေ့ကြရမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချဖို့လည်း တကယ်ခက်ခဲပါတယ်။ အထူးသဖြင့် ဒီလို အချိန်အခါမျိုးမှာ တကယ်ကိုယ်နဲ့ သင့်တော်ပြီး ကိုယ်ကိုယ်တိုင်လည်း စိတ်အားထက်သန်မှုရှိတဲ့ အလုပ်တခုရနိုင်ဖို့ရာ မလွယ်ကူနိုင်ပါဘူး။ ကိုယ်ရထားတဲ့ Job Offer တစ်ခုက တာဝန်ယူရမယ့် အပိုင်းဖြစ်စေ၊ လုပ်ခလစာကြောင့်ဖြစ်စေ၊Company Image တစ်ခုခုကြောင့်ဖြစ်စေ အလုံးစုံထည့်သွင်းစဉ်းစားပြီးမှ ကိုယ့် Career Development အတွက် ရေရှည်စဉ်းစားပြီးမှ လက်ခံရင်အကောင်းဆုံးပါပဲ။ အခက်အခဲဖြစ်နေတဲ့ အချိန် Pressure တစ်ခုရနေတဲ့ အချိန်မျိုးမှာဆို Job Offer တစ်ခုလက်ခံဖို့ ပိုလို့တောင် သတိထားရမှာပါ။

သင် ပထမဆုံး ပြန်စဉ်းစားရမှာက အလုပ်တစ်ခုကို ဘယ်လို အခြေအနေမျိုးမှာ လိုအပ်နေခဲ့တာလည်းဆိုတာပါပဲ။ အလုပ်လက်မဲ့ဖြစ်နေလို့ အရေးတကြီး လိုအပ်တာမျိုးလား ဒါမှမဟုတ် လက်ရှိအလုပ်နဲ့ ဘယ်လိုမှ ဆက်လက်တွဲလို့ မရတော့တာလား၊ နောက် လက်ရှိအလုပ်နဲ့ အဆင်ပြေနေရဲ့လား၊ ဒီထက်ကောင်းတဲ့ အလုပ်အခွင့်အလမ်းတခုကို သင်မျှော်လင့်ပြီး အလုပ်လျှောက်ခဲ့တာလား ဆိုတာပါပဲ။ ဒီအချက်တွေပေါ် မူတည်ပြီး သင်ဦးစားပေးသင့်တဲ့ အရေးကြီးတဲ့ လိုအပ်ချက် တစ်ချက်ခြင်းစီကိုပဲ စဉ်းစားသင့်ပါတယ်။ ဥပမာ သင် အလုပ်လက်မဲ့ ဖြစ်နေတဲ့ အချိန်မျိုးမှာ Job Offer တခု ဒီလို Pandemic အခြေအနေမျိုးမှာ ရရှိထားရင် တွေးစရာ အချက်အလက်အများကြီးမရှိနိုင်ဘူးလို့ ယုံကြည်မိပါတယ် အဓိက Company Image ကလည်း အဆင်ပြေမယ်၊ ကိုယ့် အရင်က ရဖူးတဲ့ လုပ်ခလစာ နဲ့ ကွာဟမှု သိပ်မရှိ၊ ကိုယ့် Professional Career မပျောက်ဘူးဆို ကျွန်တော်တို့ လွယ်လွယ်ကူကူ လက်ခံမိမှာပါ။ ဒီနေရာမှာ ပိုပြီး Secure ဖြစ်အောင် လေ့လာသင့်တာကတော့ ကိုယ် Job Offer လက်ခံမယ့် Company ရဲ့ Business Growth နဲ့ Turnover Rate ဝန်ထမ်း အဝင်အထွက်နှုန်းပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ အလုပ်မရှိဘူး ဆိုပေမယ့်လည်း အလုပ်တစ်ခု လက်ခံဖို့ရာ Company ဘက် ကိုယ့်ဘက် နှစ်ဘက်စလုံး နစ်နာမှုမရှိအောင် အချိန်ယူစဉ်းစားစေချင်ပါတယ်။ ဒီနေရာမှာ Job Offer ပေးနေတဲ့ Company အပေါ်လုံးဝ စိတ်ဝင်စားမှုမရှိဘဲ အလုပ်မရှိလို့ လပိုင်းလောက် ခဏဝင်လုပ်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး မရှိစေချင်ပါဘူး။ ဒါဟာ သင့် Career Progress ရော Job Offer ပေးတဲ့ Company အပေါ်မှာပါ အကျိုးမရှိစေနိူင်တာတော့ အသေအချာပါပဲ။

လက်ရှိ Global Business Crisis ကြောင့် သင့်ရဲ့ အကျိုးခံစားခွင့် Expectation ကို ပြန်လည် ဆန်းစစ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ လုပ်ခလစာ တစ်ခုတည်းအပေါ်မှာပဲ ဦးစားပေး စဉ်းစားတာဟာလည်း တကယ်ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို လက်လွှတ်မိတတ်ကြပါတယ်။ နောက်ဆုံး အကြုံပြုလိုတာကတော့ ဘယ်လို အခြေအနေမျိုး မှာ Job Offer လက်ခံရမယ်ဆိုတာထက် လက်မခံဖို့ စဉ်းစားရမယ့် အချက်အလက်လေးတွေပါပဲ။

Job Offer လုပ်ခလစာ ဘယ်လောက်ကောင်းကောင်း Company ဟာ ဈေးကွက်အတွင်း နာမည်ပျက်ရှိနေတဲ့ အဖွဲ့အစည်းမျိုး Labor Law မှာ အများဆုံးသတ်မှတ်ထားတဲ့ အလုပ်ချိန်ထက် အဆမတန်များပြားနေမှု သင် တာဝန်ယူရမယ့်အပိုင်းမှာ အရင်တာဝန်ယူထားသူရဲ့ ငွေရေးကြေးရေးဆိုင်ရာ အရှုပ်အထွေးရှိနေနိုင်မှု Job Description မှာ သင်လုံးဝမလုပ်ချင်သော Duties များပါဝင်နေမှု လုပ်ရမည့် Job Scope ထက် Manpower အဆမတန်နည်းနေမှု လက်ရှိ ကိုယ်လုပ်နေတဲ့ Professional Career နှင့် မသက်ဆိုင်သော Job Offer (နောက်ပိုင်း Career ပျောက်ပြီး အလုပ်ရှာရ ပိုမိုခက်ခဲနိုင်ပါတယ်) ဖော်ပြထားတဲ့ အဓိက အချက်အလက်တွေ ရှိမရှိ သင် အလုပ်အင်တာဗျူးမဝင်ခင်ကတည်းက သိရှိဖို့ ကြိုးစားထားရင်အကောင်းဆုံးပါပဲ။ မရှိရင်တော့ သင့် လက်ရှိ အလုပ်လိုအပ်နေတဲ့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ အရေးကြီးဆုံး တစ်ခုကတော့ ရေတိုအတွက် ဆုံးဖြတ်ချက်အမှားတွေ မချမိဖို့ပါပဲ။ အကယ်၍ သင်လက်ရှိ Job Offer တခု လက်ခံဖို့ စဉ်းစားနေပြီး ဆုံးဖြတ်ချက်ချဖို့ အခက်အခဲဖြစ်နေရင်လည်း MyWorld Careers ရဲ့ Recruitment Consultants တွေနှင့် အသေးစိတ် ပွင့်ပွင့်လင်းလင်း ဆက်သွယ် ဆွေးနွေးနိုင်ပါတယ်လို့ ဆန္ဒပြုလိုက်ပါတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ Market Information တွေနဲ့ အတတ်နိုင်ဆုံး Confidential အနေနဲ့ ဆွေးနွေးပေးသွားဖို့ အသင့်ရှိနေမှာပါ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020