facebook tracking image
Smart Job Search Strategies for Today’s Urban Engineers
Career Advice

Smart Job Search Strategies for Today’s Urban Engineers

ယနေ့ခေတ်မြို့ပြအင်ဂျင်နီယာတွေ ဘယ်လိုအလုပ်ရှာသင့်လဲ?

တစ်နှစ်တစ်နှစ်ကို မြန်မာနိုင်ငံနည်းပညာတက္ကသိုလ်တွေကနေ အင်ဂျင်နီယာတွေ အယောက်ထောင်ပေါင်းများစွာဘွဲ့ယူပြီး လုပ်ငန်းခွင်ထဲဝင်ကြပါတယ်။ ပညာသင်နှစ်အနည်းဆုံး ၅ နှစ်အထက်မှာရှိကြပြီး Project တွေလုပ်ကြ၊ Thesis တွေလုပ်ကြနဲ့ Engineering Degree / Master တွေကလည်း လွယ်လွယ်ကူကူရတာတွေ မမြင်ဖူးသလောက်ပါပဲ... ဒီဆောင်းပါးမှာတော့ ဘယ်လို Career Life ကိုသွားကြမလဲဆိုတာကို ကျွန်တော်အဓိကဆွေးနွေးသွားမှာဖြစ်ပါတယ်။

Industrial Attachment (Intern)
အခုကျောင်းတွေမှာ ဒီ Internship ကို စပြီးပေးနေပါပြီ။ အရေးကြီးဆုံးအပိုင်းလို့လည်းပြောလို့ရပါတယ်။​ ၅ နှစ်တာသင်ထားခဲ့တဲ့သီအိုရီတွေက (အရပ်အခေါ်တော့စာတွေ့ပေါ့ဗျာ) လက်တွေ့လုပ်ငန်းခွင်မှာ ဘယ်လိုဖြစ်နေမလဲဆိုတာနဖူးတွေ့ဒူးတွေ့စတွေ့ရတဲ့အချိန်မှာ ပထမဦးဆုံးသတိထားရမယ့်အချက်ကတော့ ကိုယ်ရထားတဲ့ Degree နဲ့ ကိုယ်ဝင်လုပ်မယ့် Internship Company နဲ့ကိုက်ညီမှုရှိရဲ့လားဆိုတာပါပဲ။ ကိုယ်ပြီးထားတာက Electrical အပိုင်းနဲ့ဖြစ်နေပေမယ့် Internship ဝင်မှာက Mechanical အပိုင်းဆိုရင်တော့ ကိုယ်နဲ့တခြားစီဖြစ်ပြီးအဆင်မပြေနိုင်တော့ဘူးလေ။

ဒါကြောင့် ကိုယ်အလုပ်သင်စပြီဆိုတာနဲ့ ဘက်ပေါင်းစုံကနေလူပေါင်းစုံဘာလုပ်ကြတယ်ဆိုတာ အကုန်တတ်နိုင်သလောက်လေ့လာသင့်ပါတယ်။ ဥပမာ ။ ။ Site / Project ပိုင်းဆိုရင် Project Engineer တယောက်အနေနဲ့ ဘယ်လို Work Scope မျိုးတွေလုပ်တယ်ဆိုတာရယ်၊ Maintenance ဆိုရင် Maintenance Engineer Work Scope ဘယ်လိုမျိုးရှိမယ်ဆိုတာတွေ၊

Project သမားကလည်း သူတို့ ဘယ်လို Planning လုပ်လဲ?
Maintenance ဆိုလည်း သူတို့ PM CM ဘယ်လိုရေးမလဲ?

Office ပိုင်းဆိုလည်း သူတို့က အတွက်အချက်ပိုင်းလား၊ ဒီဇိုင်းပိုင်းလား၊ Project လိုက်တဲ့အပိုင်းလား၊ အကုန်လုံး ထောင့်စေ့အောင်ယူခဲ့ရင် ကိုယ့်အတွက်ကအမြတ်လို့‌ပြောလို့ရပြီ။

အလုပ်တစ်ခုစတင်ရွေးချယ်ပြီ
ကျွန်တော်အပေါ်ကပြောခဲ့တဲ့ ရာထူးတွေနဲ့လုပ်နေတဲ့ Senior တွေရဲ့အကူအညီကိုယူပါ။ နောက်ထပ်လိုအပ်တဲ့ ဘယ် Modified Course တွေထပ်တက်လို့ရမလဲ? ဘယ်နည်းလမ်းက ကိုယ်အကြိုက်ဆုံးနဲ့ဝါသနာအပါဆုံးလဲဆိုတာကို ကိုယ်တိုင်ဆန်းစစ်ကြည့်ဖို့လည်းလိုပါတယ်။ ဒါတွေအတိုင်းအတာတစ်ခုအထိပြည့်စုံသွားပြီဆိုရင်တော့ အလုပ်စတင်လျှောက်လို့ရပါပြီ။ အလုပ်လျှောက်တဲ့နေရာမှာလည်း တွေ့ကရာ Company တွေအကုန်မွထနေအောင် ကိုယ့်ရဲ့ CV ကို မ  Share စေချင်ပါဘူး။ Company ရဲ့ Profile ကို Website မှာသေချာလေ့လာပြီး သူတို့ရဲ့ Key Business ကဘာလဲ? ကိုယ်အတွက်ဘယ်လိုအခွင့်အလမ်းတွေ၊ တိုးတက်မှုတွေရနိုင်မလဲဆိုတာ လေ့လာပြီးမှလျှောက်သင့်ပါတယ်။ နောက်ပြီး အလုပ်ရှာနေချိန်မှာလည်း သင်တန်းတွေလျှောက်တတ်ပြီးတော့ အချိန်မကုန်သင့်ပါဘူး။ လိုအပ်တာမျိုးလေးတွေပဲတတ်စေချင်ပါတယ်။

လုပ်ငန်းခွင်စဝင်ပြီ
Fresh Graduate အနေနဲ့ လစာနည်းတတ်တာမှန်ပေမယ့်လုပ်ရမယ့်တာဝန်ရယ်၊ Company ရဲ့ခိုင်မာမှုရယ်ကိုပါထည့်သွင်းစဉ်းစားပြီး အလုပ်လက်ခံစေချင်ပါတယ်။ Engineering Project Type တွေက Contract တွေ၊ Short-Term တွေရှိတာ ဒီနယ်ပယ်ကလူတိုင်းလည်းသိကြမှာပါ။ ဒါကြောင့် Project ပြီးသွားရင် ကိုယ့်လက်ထဲဘာကျန်ခဲ့မလဲ? Bonus ဆိုတာထက် Client ဒါမှမဟုတ် Project Manager ရဲ့ Recommendation Letter ကောင်းကောင်းကျန်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်တော်တော့ထင်မိတယ်။ ကိုယ်ပြီးခဲ့တဲ့လုပ်ငန်း၊ Projects တိုင်းကိုလည်း Portfolio လေးလုပ်သင့်ပါတယ်။ Portfolio တစ်ခုကောင်းကောင်းပိုင်ဆိုင်ထားရင် နောက်လုပ်ငန်းခွင်အသစ်မှာ သင့်အတွက် နေရာကောင်းတစ်ခုကိုသေချာပေါက်ရရှိနိုင်ပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020