facebook tracking image
Social Security Board (SSB) in Myanmar
HR / Payroll / PEO

Social Security Board (SSB) in Myanmar

SSB (Social Security Board) အကြောင်းသိကောင်းစရာ

  • SSB ( Social Security Board) ဆိုတာဘာလဲ?
  • လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားကရော ဘယ်လိုအသုံးဝင်တာလဲ?
  • SSB ကတ်က ဘာကြောင့်ရှိသင့်တာလဲ? 

SSB ကြေးကို လတိုင်းလစာဝင်ငွေရဲ့ ၂ % စီသွင်းနေရတာကရော ဘယ်လိုအကျိုးခံစားခွင့်တွေရမှာလဲ? စတဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးတော့ SSB အကြောင်းသိလိုရာတွေကို ဗဟုသုတရအောင်မျှဝေပေးသွားမှာဖြစ်ပါတယ်။ 

လူမှုဖူလုံရေးအဖွဲ့ဆိုတာ အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အာမခံအလုပ်သမားများ နာမကျန်းမှု၊ မီးဖွားမှု၊ အလုပ်ခွင်ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု စတဲ့ လူမှုဒုက္ခတွေကြုံတွေ့ရသည့်အခါ အာမခံအလုပ်သမားနှင့် မှီခိုသူမိသားစုများ လူမှုရေးအခက်အခဲ မဖြစ်ပေါ်စေရန်အတွက် 

(၁) ဆေးကုသပေးခြင်းနှင့်

(၂) ငွေကြေးအကျိုးခံစားခွင့်ပြုခြင်း

တို့ကိုဆောင်ရွက်ပေးနေတဲ့ “လူမှုရေးအရ ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းတစ်ခု” ဖြစ်ပါတယ်။ လူမှုဖူလုံရေးအာမခံဥပဒေကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်မှာ ပြဌာန်းခဲ့တာဖြစ်ပြီးတော့ လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြားဆိုတာကတော့ ဥပဒေနှင့်အညီ အာမခံထားသူဖြစ်ကြောင်းကို သက်ဆိုင်ရာလူမှုဖူလုံရေးရုံးက ထုတ်ပေးတဲ့သက်သေခံကတ်ပြား ဖြစ်ပါတယ်။ အစိုးရအနေနဲ့ လူမှုဖူလုံရေးအာမခံမထားမနေရ လုပ်ငန်းဌာနများကို သတ်မှတ်အကြောင်းကြားထားပြီးတော့ လူမှုဖူလုံရေးထည့်ဝင်ကြေးငွေအတွက် အလုပ်သမားများနဲ့ အလုပ်ရှင်ကလည်း ရရှိတဲ့လစာဝင်ငွေအပေါ်မှာ အချိုးကျတွက်ချက်ပြီးတဲ့ငွေပမာဏကို လစဉ်လတိုင်းထည့်သွင်းပေးရပါတယ်။  ၃ သိန်းထက်မပိုတဲ့ လစာဝင်ငွေအပေါ်မှာတော့ အလုပ်သမားဆီကနေ အာမခံရန်ပုံငွေ ၂ % နုတ်ယူပြီး အလုပ်ရှင်ဘက်မှ ၃ % ပေးဆောင်ရပါတယ်

လူတိုင်းဟာ တစ်ချိန်မဟုတ်တစ်ချိန်တော့ နာမကျန်းမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ အသက်အရွယ်ကြီးရင့်မှု၊ သေဆုံးမှုစတဲ့ လူမှုအန္တရာယ်တွေကိုတွေ့ကြုံရင်ဆိုင်ရတတ်ပါတယ်။ အဲ့ဒီလိုကြုံတွေ့ရတဲ့အခါ လစာဝင်ငွေတစ်ခုတည်းကိုသာ မှီခိုအားထားနေရတဲ့ အလုပ်သမားများ ဝင်ငွေလျော့နည်းရပ်စိုင်းသွားခြင်းတို့ကြောင့် ကိုယ်တိုင်ရော မိသားစုဝင်တွေပါ အခက်အခဲဖြစ်ကြရပါတယ်။ ဒါကြောင့် အာမခံစနစ်အပေါ်အခြေခံပြီး အခမဲ့ဆေးဝါးကုသပေးခြင်းနှင့် ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် အကာအကွယ်ပေးခြင်းဟာ လူမှုဖူလုံရေးစနစ်ပဲဖြစ်ပါတယ်။ 

အာမခံအလုပ်သမားများအနေနဲ့ မိမိတို့ထည့်ဝင်ကြေးပေးသွင်းထားတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲများမှာ အာမခံစိစစ်ရေးကတ်ပြားများကို အချက်အလက်များဖြည့်သွင်းပြီးတော့ ထုတ်ယူနိုင်ပါတယ်။  နိုင်ငံခြားသုံးငွေနဲ့ လုပ်ခရရှိသူတွေကလည်း နိုင်ငံခြားသုံးငွေနဲ့ အာမခံထည့်ဝင်ကြေးပေးသွင်းနိင်ပြီးတော့ အကျိုးခံစားခွင့်ရရှိတဲ့အခါမှာလည်း နိုင်ငံခြားငွေနဲ့ ပြန်လည်ခံစားခွင့်ရှိမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ကတ်ပြားများကို လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးခန်းများ၊ ဆေးရုံတွေမှ ဆေးကုသတဲ့အခါနဲ့၊၊ ငွေကြေးအကျိုးခံစားခွင့်များ လျှောက်ထားရာတွင်လည်း ဒီကတ်ပြားကိုအသုံးပြုနိုင်ပါတယ်။

လူမှုဖူလုံရေးအာမခံစနစ်ရဲ့ အကျိုးခံစားခွင့်တွေမှာဆိုရင် ယာယီမသန်စွမ်းမှုနဲ့ဆိုင်တဲ့ အကျိုးခံစားမှုအတွက် လေးလအတွင်းက ပျမ်းမျှလုပ်ခရဲ့ ၇၀% ကို အများဆုံး ၁၂ လအထိခံစားခွင့်ရှိပါတယ်။

မိသားစုထောက်ပံ့မှုအာမခံစနစ်ရဲ့ အကျိုးခံစားခွင့်တွေအတွက် အာမခံရန်ပုံငွေထည့်ဝင်ကြေး အနည်းဆုံး ၃၆ လပေးသွင်းထားသူဟာ သားသမီးပညာစရိတ်ခံစားခွင့်၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရတဲ့အခါ တစ်နှစ်အတွင်း ပျမ်းမျှလစာရဲ့ ၄၀% နဲ့ ကယ်ဆယ်ရေးပစ္စည်းများကို သက်မှတ်ချက်နဲ့အညီခံစားခွင့်ရှိပါတယ်။ 

အာမခံထားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့လည်း သတ်မှတ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသခွင့်ရရှိမှာဖြစ်ပြီး မီးဖွားခွင့် စုစုပေါင်း ၁၄ ပတ်ပေးပါတယ်။ ဒါ့အပြင် ရရှိတဲ့လစာရဲ့ ၇၀%ကိုခံစားခွင့်ပေးမှာဖြစ်ပြီး မီးဖွားပြီးတစ်နှစ်အထိ ကလေးကိုဆေးကုသခွင့်ရရှိမှာဖြစ်ပါတယ်။ 

သက်ပြည့်အငြိမ်းစားငွေကြေးအကျိုးခံစားခွင့်တွေအနေနဲ့ ထည့်ဝင်ကြေး လပေါင်း ၁၈၀ ပေးသွင်းပြီးပါက ပျမ်းမျှလစာ တစ်လစာရဲ့ ၁၅ ဆကိုခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

လူမှုဖူလုံရေးအာမခံကတ် (Smart Card) ကိုလျှောက်ထားစဉ်ကာလမှာတော့ ယာယီကတ်ပြားထုတ်ပေးမှာဖြစ်ပါတယ်။ ဒီယာယီကတ်ပြားက Smart Card မရခင်မှာ သုံးစွဲရန်ဖြစ်ပြီး Smart Card မရသေးခင်မှာ ဒီယာယီကတ်နဲ့လည်း ခံစားခွင့်တွေရရှိနိုင်ပါတယ်။  ဒါတွေအပြင် အကျိုးခံစားခွင့်အများအပြားရရှိနိုင်တဲ့အတွက်ကြောင့် လူမှုဖူလုံရေးအာမခံကတ် (Smart Card) ကို အလုပ်သမားသမားတိုင်းရှိထားသင့်ပြီး မိမိရရှိနိုင်တဲ့အကျိုးခံစားခွင့်တွေကိုလည်း အပြည့်အဝရရှိရမှာပဲဖြစ်ပါတယ်။ 

ဒီလိုမျိုး အရေးပါတဲ့ SSB ပေးဆောင်ခြင်းအပြင် Income Tax and Payroll ဝန်ထမ်းများ၏ဝင်ငွေခွန်နှင့် လစာတွက်ချက်ခြင်း၊ ဝန်ထမ်းများခံစားခွင့်ရှိတဲ့ခွင့်ရက်များကိုမှတ်သားတွက်ချက်ပေးခြင်း၊ လစာ၊ အချိန်ပိုကြေး၊ Bonus ဆုကြေးငွေ စသည်များကို ဝန်ထမ်းများထံ Payday နေ့တွင် မှန်ကန်သောလစာကိုအချိန်မှန်လွှဲပေးခြင်း၊ ကုမ္ပဏီနှင့်ဝန်ထမ်းကြားချုပ်ဆိုရမည့် Employment Contract ကို Labor Law အရ ပြင်ဆင်ပေးပြီး တရားဝင်ဖြစ်အောင် အစိုးရရုံးအားအစီရင်ခံစာတင်ပေးခြင်း စတဲ့လုပ်ငန်းစဉ်များကို အချိန်ကုန်၊ လူပင်ပန်းသက်သာစေဖို့အတွက် ကျွန်မတို့ Myanmar Payroll and Outsourcing (MP&O) Company  မှ လူကြီးမင်းကုမ္ပဏီ၏သတင်းအချက်များကို ပေါက်ကြားမှုမရှိအောင် တာဝန်ယူစီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ အသေးစိတ်သိရှိမေးမြန်းလိုသူများအနေနဲ့ MyWorld Careers Facebook Page ကနေတစ်ဆင့်ဖြစ်စေ၊ contact@payroll-and-outsourcing.com ကို Email ပို့ပြီးဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 
 
Reference: Republic of the Union of Myanmar Ministry of Labour, Immigration and Population

Share this blog

Advantages of Outsourcing Payroll during the time of COVID-19
Advantages of Outsourcing Payroll during the time of COVID-19
Published 6 May 2020
Benefits of Business Process Outsourcing
Benefits of Business Process Outsourcing
Published 11 July 2023
Business Process Outsourcing for Accounting and Finance
Business Process Outsourcing for Accounting and Finance
Published 27 June 2024