facebook tracking image
Success Born from Many Failures
Personal Development

Success Born from Many Failures

ကျရှုံးမှုများစွာထဲက အောင်မြင်မှု

အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ လူတိုင်းလိုလိုအားလုံးဟာ အောင်မြင်ချင်ကြ၊ ချမ်းသာချင်ကြတဲ့ လူတွေချည်းပါပဲ။ ကျရှုံးချင်၊ ဆင်းရဲချင်ကြတဲ့လူရယ်လို့မရှိပါဘူး။ ဒါပေမယ့်လည်း လူတိုင်းလိုလို အားလုံးနီးပါးဟာတော့ မကျရှုံးဖူးတဲ့လူဟာ မရှိသလောက်ပါပဲ။ သင်ဟာကျောင်းသားတစ်ယောက်ဆိုပါဦး၊ စာတော်နေသူဖြစ်ပါစေဦး အနည်းနဲ့အများ စာမေးပွဲတော့ ကျရှုံး ဖူး/ အမှတ်နည်းဖူးမှာပါ။ သင်ဟာအလုပ်လုပ်နေသူတစ်ဦးဆိုရင် စီးပွားရေး အရမ်းအောင်မြင်နေပါစေဦးတော့ အနည်းနဲ့အများတော့ ကျရှုံးဖူးမှာပါ။ အဲ့လို ကျရှုံးမှုတွေကြုံတွေ့တဲ့အခါ မဆုတ်ယုတ်အောင် တစ်နည်းအားဖြင့် အရှုံးထဲကအမြတ်ထွက်အောင် ကိုုယ့်ဘက်ကဘာတွေပြင်ဆင်ထားသင့်ပါလဲ? 

၁။ စိတ်နေစိတ်ထား ပထမဆုံး ပြင်ဆင်ရမှာက စိတ်ဓာတ်ပါ။
သင့်ရင်ထဲကဖယ်ထုတ်ရမယ့်စကားစုလေးတစ်ခုကတော့ “မဖြစ်နိုင်တော့ပါဘူး” ဆိုတာပါပဲ။ အလုပ်တစ်ခုမစသေးဘူး။ မလုပ်ရသေးဘူး။ “ဒါတော့ငါမလုပ်နိုင်တော့ပါဘူး။ ဒါမရတော့ပါဘူး” ဆိုပြီး လက်လျှော့လိုက်တတ်ကြပါတယ်။ ဒါကြောင့် ပထမဦးဆုံးဘဝမှာ အောင်မြင်မှုရှိအောင် အရင်ဦးဆုုံးအနေနဲ့ ဒီအလုပ်ကိုုဖြစ်မြောက်အောင် ငါမလုုပ်နုုိင်လောက်ပါဘူးလို့တွေးမိတဲ့အတွေးကို အရင်ဆုံးထုတ်လိုက်ပါ။ စစ်မရောက်ခင် မြားမကုန်ပါစေနဲ့။ 

၂။ ပွဲမဝင်ခင်အပြင်ကကျင်းပ သင်ဘာပဲလုပ်လုပ် အဓိကထားပြီးလုပ်ရမှာက လေ့ကျင့်မှုပါပဲ။
အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အခေါက်ခေါက်အခါခါပြင်ဆင်ပြုတွေကိုု ဦးစွာပြုလုပ်သင့်ပါတယ်။ “Practice makes perfect.” ဆိုတဲ့ ကြားဖူးနေကြစကားလေးအတိုင်း အထပ်ထပ်အခါခါလေ့ကျင့်လေလေ၊ အမှားအယွင်းနည်းလေလေ ဖြစ်မှာပါ။ ဒါကြောင့် ကြိမ်ဖန်များစွာလေ့ကျင့်မှုရှိပါစေ။ 

၃။ သင်ခန်းစာယူပါ။
မိမိရှေ ့မှာကျရှုံးထားတာဖြစ်ဖြစ်၊ အခက်အခဲရှိတာပဲဖြစ်ဖြစ်ရှိခဲ့တယ်ဆုုိရင် ပထမဦးစွာ အမှားထဲမှ သင်ခန်းစာယူပါ။ ဒုတိယအကြိမ် တူညီတဲ့အမှားမျိုးထပ်မဖြစ်စေအောင် သတိထားလုပ်ဆောင်ပါ။ မိမိကျရှုံးထားမှန်းသိရင် အရှုံးကိုလက်ခံပြီး အောင်မြင်လာအောင် တဖြည်းဖြည်းပြောင်းလဲလာအောင်ကြိုးစားပါ။ ကြိုးစားလျှင်မဖြစ်ဖူးဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် အားသွန်ခွန်စိုက်ကြိုးစားပါ။ အနုုိင်၊ အရှုံးဒွန်တွဲနေတဲ့လောကကြီးမှာ အရှုံးဆိုတာ အမြဲမရှိပါဘူး။ သင်ခန်းစာယူတတ်အောင် ကြိုးစားပါ။ 

၄။ Growing Together လုပ်ပါ။
မိမိနံဘေးမှာ ရှိနေတဲ့သူတွေကိုလည်း လက်တွဲခေါ်ဖို့ တတ်နိုင်သမျှ ကူညီဖို့ ကြိုးစားရင်း ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ကြံ့ခုုိင်အောင်ပြင်ဆင်ပါ။ Growing Together ပြုလုုပ်ခြင်းကြောင့် ကိုုယ်အမှားတွေကြုံတဲ့အခါ ကိုုယ့်ရဲ့ Team ရဲ့ဖေးမကူညီမှုကြောင့် အမှန်ပြုပြင်တဲ့အခါ လွယ်ကူမြန်ဆန်ပါတယ်။ လူတိုင်းဟာ ဘဝတိုက်ပွဲဝင်နေကြတာပါ။ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားပြီး ကိုယ်ခံယူထားတဲ့ ကောင်းမွန်တဲ့ Attitude၊ ကိုယ့်အလုပ်အပေါ်မှာထားတဲ့သဘောတရား၊ မိမိလက်ရှိအလုပ် ဘယ်လိုပိုကောင်းအောင် ဘယ်လိုအကျိုးရှိအောင်လုပ်ကြမလဲဆိုတာ ပြင်ဆင်ရင်းနဲ့ ဘဝမှာအောင်မြင်မှုတွေရရှိနိုင်တဲ့ နည်းလမ်းကောင်းတွေ သိရှိနိုင်ပါစေ။ 

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016