facebook tracking image
Taking a Bold Step in Your Career Journey
Career Advice

Taking a Bold Step in Your Career Journey

လုပ်ငန်းခွင်စဝင်မယ့် လူငယ်တွေ (သို့) လုပ်ငန်းခွင်ထဲမှာ အတွေ့အကြုံရနေပေမယ့် ကိုယ်လိုချင်တဲ့ Career လမ်းကြောင်း တစ်ခုကို မရောက်သေးသူတွေ အတွက် အကြံညဏ်လေးပေးချင်ပါတယ်။ များသောအားဖြင့် လူငယ်တွေက Career လမ်းကြောင်း တစ်ခုပေါ်ကို ရောက်ပြီး ၅နှစ်အတွင်း အောင်မြင်ရမယ်ဆိုတဲ့ ဆောင်ပုဒ်တစ်ခုကို လက်ကိုင်ထားတတ်ကြတာကို တွေ့ရပါတယ်။ အဲ့လို အိပ်မက်တွေ ရည်မှန်းချက်တွေနဲ့ပြည့်နေတဲ့ လူငယ်တွေအတွက် အရေးကြီးတာက ကိုယ့် Career လမ်းကြောင်း ပျောက်မသွားဖို့ပါပဲ။ ကိုယ်က အခုပဲဘွဲ့ရပြီး ရရာအလုပ်ကိုဝင်လုပ်တာထက် ကိုယ်သွားချင်တယ့် Career ရယ် ကိုယ်လေးနှစ်ငါးနှစ် အချိန်ပေးခဲ့တဲ့ဘွဲ့တစ်ခုကို အသုံးချတတ်ဖို့ကအရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တော်တော်များများက ကိုယ်လုပ်ချင်တာထက် မိဘကတက်စေချင်တဲ့ တိုက်တွန်းတဲ့ တက္ကသိုလ်ကို ရွေးချယ်ခဲ့ရတာမျိုးလည်းရှိကြပါတယ်။ အဲ့ဒီအကျိုးဆက်တွေကြောင့် ရတဲ့ဘွဲ့ကိုသက်မွေးဝမ်းကြောင်းအလုပ်အတွက် အသုံးမချနိုင်တဲ့လူငယ်တွေလည်းများလာပါတယ်။ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်အပေါ် စိတ်မပါဘဲလုပ်နေရတာထက် အမှန်တကယ် စိတ်အားထက်သန်ပြီး အောက်ခြေကနေ အဆင့်ဆင့်ကြိုးစားလေ့လာပြီး ရာထူးအဆင့်ဆင့်တိုးတက်လာသူတွေက ပိုပြီး အောင်မြင်လာတာကိုတွေ့ရပါတယ်။ ကိုယ်က စိတ်ဝင်စားတဲ့နယ်ပယ်ကတစ်ခု၊ လက်ရှိလုပ်နေတဲ့နယ်ပယ်က တစ်ခုဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုရောက်မှ Career လမ်းကြောင်း ပြန်ပြောင်းချင်ရင် ထင်သလောက် မလွယ်ကူလှပါဘူး။ အဲဒါကြောင့် Career လမ်းကြောင်းပြောင်းပြီး အလုပ်တစ်ခုစရှာတော့မယ်ဆိုရင် -

၁။ စိတ်ရှည်ပါ။ 
အလုပ်တစ်ခုကို ပြီးစလွယ် Join တာမျိုးမဟုတ်ပဲ ကိုယ်လည်းအမှန်တကယ်ဝါသနာပါပြီး ရူးသွပ်တဲ့ Career တစ်ခုကို ရဖို့အတွက် စိတ်ရှည်ဖို့လိုပါတယ်။

၂။ မျက်စိဖွင့် နားစွင့်ပါ။
ကိုယ်ပြောင်းလဲမယ့် Career တစ်ခု အတွက် လိုအပ်တဲ့အချက်အလက်တွေ၊ လက်ရှိမှာရှိထားတတ်ထားရမယ့်အချက်တွေကို အချိန်နဲ့တပြေးညီသိရှိနေအောင် သက်ဆိုင်ရာ Website (သို့) Social Media မှ တစ်ဆင့် လေ့လာပါ။

၃။ မိမိကိုယ်ကိုမြှင့်တင်ပါ။ 
ကိုယ်သွားချင်တယ့် နယ်ပယ်နဲ့သက်ဆိုင်တဲ့ Skills တွေ Knowledge တွေကိုလည်း ဖြစ်အောင် အမြဲမပြတ်လေ့လာရင်း မိမိရဲ့ Career Development ပိုင်းကိုမြှင့်တင်ပါ။

၄။ မနက်ဖန်တိုင်းအတွက်စဉ်းစားပါ။ 
တစ်နေကုန် မဟုတ်ရင်တောင် ညပိုင်းအေးဆေးဖြစ်တဲ့အားလပ်ချိန်မျိုးမှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေကို နှိုင်းယှဉ်ပါ။ ထပ်တူကျတယ့်သူနည်းပါလိမ့်မယ်။ ကိုယ့်ချမှတ်ထားတဲ့ Goal တွေနဲ့ လက်ရှိကြိုးစားနေတာတွေက လမ်းကြောင်းမှန်ကန်မှုရှိလား?  ဘာတွေထပ်ဖြည့်စွက်ဖို့လိုအပ်သလဲ? ၊ ဘယ်လိုလမ်းကြောင်းကိုလျှောက်လမ်းကိုမှန်မှန်ကန်ကန်လျှောက်လှမ်းသင်လဲ စတာတွေကိုချင့်ချိန်ပါ။

၅။ လဲကျသွားရင် ချက်ချင်းပြန်ထပါ။
ကိုယ်နှစ်သက်ရာ အဆင်ပြေမယ်ထင်တဲ့ Career တခုကို ကြိုးစားကြည့်တယ်၊ ပြောင်းလဲတယ်ဆိုတာ လွယ်ကူတယ့်အလုပ်တော့မဟုတ်ပါဘူး။ မှန်းထားသလိုဖြစ်မလာဘဲ Fail ဖြစ်သွားတဲ့အခါမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ တစ်ခါကျရှုံးသွားရင် နောက်တစ်ခါပြန်ကြိုးစားပါ။ ကိုယ်က ဇွဲရှိနေသ၍ အောင်မြင်ဖို့ အခွင့်အလမ်းကများလာလေပါပဲ။

အဲဒီတော့ ကိုယ်လုပ်ခဲ့တဲ့ဘယ်အရာကိုမှ နောင်တမရစေဘဲ သင်ယူခဲ့သမျှ၊ တက်မြောက်ခဲ့သမျှတွေဟာ ကိုယ့် Career အတွက် လှေကားတစ်ခုမဖြစ်ရင်တောင် ကိုယ်လိုအပ်တိုင်းပြန်အသုံးချ လေ့လာလို့ရမယ့်အရာတစ်ခုလို ယုံကြည်ပြီးရှေ့ဆက်ပါ။ “You Deserve Everything You Dream Of” ဆိုတယ့်အတိုင်း ဘယ်အရာကိုမှ မတွေဝေဘဲ ကိုယ်စိတ်ပါရာ ယုံကြည်ရာ Career တစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြပါစေ။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020