facebook tracking image
The Impact of Social Media on Millennials: Risks and Side Effects
Personal Development

The Impact of Social Media on Millennials: Risks and Side Effects

Millennials, Social Media နှင့်ဘေးထွက်ဆိုးကျိုးများ

Millennials ဆိုတာကတော့ ‌ယေဘူယျအားဖြင့် 1980 နဲ့ 1999 ကြားမှာမွေးတဲ့လူတွေကိုခေါ်ပါတယ်။ အခုလို နည်းပညာတွေအရှိန်အဟုန်နဲ့အားကောင်းလာတဲ့ခေတ်မှာ လူတိုင်းနီးပါးရဲ့လက်ထဲမှာ ဖုန်းတစ်လုံးကိုယ်စီနဲ့ Facebook Account တစ်ခုတော့အနည်းဆုံရှိတတ်ကြပါတယ်။ Social Media တွေပေါ်လာခြင်းဟာကောင်းတဲ့အချက်တွေအများကြီးပါ။ သို့ပေသည့် အကောင်းနဲ့အဆိုးဟာဒွန်တွဲနေတတ်တာဖြစ်လို့ ဆိုးကျိုးတွေလည်းကပ်ပါလာတတ်ပါတယ်။ အသက်အရွယ်မရွေး Social Media တွေကိုသုံးနေကြပေမယ့် Millennials တွေကတော့ဆိုးကျိုးဒဏ်ကိုအခံရဆုံးပါ။ ​

တွေးကြည့်ရအောင်...

Social Media တွေကိုစစသုံးချင်းတုန်းက ဘာရည်ရွယ်ချက်နဲ့သုံးခဲ့ပါသလဲ? အပျော်အသစ်အဆန်းမို့၊ သူများတွေသုံးနေလို့ စသည် စသည်ဖြင့်အမျိုးမျိုးရှိကြပါလိမ့်မယ်။ စသုံးချင်းတုန်းကကိုယ်တင်တဲ့ Post ကို Like တွေများရင်စိတ်ကျေနပ်တယ်၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန် Comment တွေပေးရတာမိုက်တယ်။ ကိုယ်တင်လိုက်တဲ့ပုံကို ‘လှတယ် မိုက်တယ်’ လို့အပြောခံရရင်ပျော်တယ်။ တစ်နည်းပြောရင်ဗျာ လူပဲ Appreciate လုပ်ခံရတာကိုကြိုက်တာပေါ့။ ပြဿနာက ဒီကစတယ်ဗျ။ Appreciate လုပ်ခံရတာကိုကြိုက်ကြိုက်လာတယ်။ ကိုယ့်ကို Appreciate လုပ်တယ်လို့ခံစားရရင် ခန္ဓာကိုယ်မှာ Dopamine ဆိုတဲ့ Chemical တစ်မျိုးထွက်လာတယ်ဗျ။ အဲ့ကောင်က လူကိုခံစားလို့ကောင်းစေတယ် စိတ်ကျေနပ်စေတယ်ပေါ့။ ဒါပေမယ့်သူကအရမ်းစွဲတတ်တယ်။ အသိအမှတ်ပြုခံရလေလေ ထပ်အပြုခံချင်လေလေပါပဲ။ တစ်ချို့ဆိုရင် Social Media ကကိုယ့်ရဲ့ ဒုတိယဘဝကြီးလိုခံယူလာတတ်ကြတယ်။

အဲ့အချိန်မှာ ကိုယ်တင်တဲ့ post တွေအရင်လို Like မများတော့ဘူး Comment တွေနည်းလာပြီဆိုရင် လူတစ်ချို့က ကိုယ်ဘာမှမလုပ်ပါပဲ ကိုယ့်ကို Unfriend/Block လုပ်သွားပြီဆိုရင် လူတိုင်းအတွက်မဟုတ်ပေမယ့် အချို့လူတွေအတွက်က စိတ်ဓာတ်ပါကျတတ်ပါတယ်။ “ငါ ဘာများအမှားလုပ်မိလို့လဲ” မိန်းကလေးတွေဆိုရင် “ငါအရင်လိုမလှတော့လို့လား” စသည်ဖြင့် အတွေးပေါင်းများစွာနဲ့ရှိနေတတ်ပါတယ်။

နောက်တစ်ခု Low Self-Esteem ပြဿနာ Social Media အရမ်းစွဲနေတဲ့ လူတွေမှာ Self-Esteem နည်းတတ်ပါတယ်။ တစ်ချို့ဆိုရှိတယ်ဗျာ။ Facebook ပေါ်မှာသူများတင်ထားတဲ့ပုံတွေကြည့်ပြီး သူ့ဘဝကြီးကပြည့်စုံလိုက်တာ ငါ့မှာတော့ဘယ်လိုဆိုပြီး ချိန်ထိုးတတ်ကြတယ်။ အမျိုးသမီးတွေမှာဆိုပိုဆိုးတတ်ပါတယ်။ “ကြည့်စမ်း... လှလိုက်တာ အသားအ‌ရေလေးကကောင်းလိုက်တာ ငါ့မှာတော့ ဘယ်လို...” ဆိုတာမျိုးတွေ “သူကိုင်ထားတဲ့ အိတ်လေးကလှလိုက်တာ သူကလည်းလှလို့ပါ ငါကိုင်ရင်အဲ့လိုလှမှာမဟုတ်” ဆိုတာမျိုးတွေ... အဲ့လိုပေါ့။ သူများက Facebook ပေါ်မှာတင်ထားတာကို ကိုယ့်လက်ရှိအခြေအနေနဲ့ ချိန်ထိုးတတ်ကြတာမျိုးတွေက မိမိကိုယ်ကိုယ်တန်ဖိုးထားမှုကို မသိလိုက်မသိဘာသာကျဆင်းစေပါတယ်။

ဒီလိုနားလည်ထားဖို့သင့်တယ်။ Social Media မှာတင်တယ်ဆိုတာ ကိုယ်ရိုက်ထားတဲ့ရှိထားတဲ့ ပုံတွေထဲက အကောင်းဆုံးအလှဆုံးဆိုတာတွေကိုပဲရွေး‌တင်ကြတာ။ တစ်နည်းပြောရင်ဗျာ စျေးသည်တွေစျေးရောင်းသလိုပဲ ရောင်းထွက်မယ့်အမြင်လှမယ့် ပစ္စည်းတွေကိုပဲပြရောင်းကြရတာမလား? ရောင်းမထွက်မယ့်ပစ္စည်းအသိုးအပုပ်တွေတော့ လူမြင်အောင်ဘယ်ပြပါ့မလဲ။ အဲ့လိုပါပဲ လူတိုင်းမှာ Dark side ဆိုတာရှိတယ်။ မိမိရဲ့လူသိမခံချင်တဲ့အပိုင်းတွေပေါ့ဗျာ။ အဲ့လိုဟာတွေကို ဘယ်တင်ပါ့မလဲ။ ကိုယ့်ရဲ့အကောင်းဆုံးဆိုတာတွေကိုပဲချပြတာပေါ့။

အပေါ်မှာပြောခဲ့သလိုပဲ Appreciate လုပ်ခံချင်တာပေါ့ဗျာ။ အဲ့လို Social Media ပေါ်မှာ လူပေါင်းစုံရဲ့  Bright Side တွေမျိုးစုံချပြထားတာကို ကိုယ်ကကိုယ့်ရဲ့ ပကတိနဲ့နှိုင်းယှဉ်ပြီးနေတော့ Self-Esteem လည်းကျကျလာတယ်။ Social Media သုံးရတာကောင်းပါတယ် ယူတတ်ရင်ပေါ့။ အခြားစွဲလမ်းစေတတ်တဲ့အရာတွေလိုပဲ Social Media တွေကလဲစွဲတတ်လေတော့ အလွန်အကျူးသုံးခြင်းကိုလျှော့သင့်ပါတယ်။

အထူးသဖြင့်သူငယ်ချင်းမိတ်ဆွေ မိမိချစ်ရတဲ့သူတွေနဲ့အတူရှိနေချိန်ဆိုရင်တော့ “Live the moment, leave your phone” ပေါ့ဗျာ... Cheers!

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016