facebook tracking image
The Importance of Transparency Between Recruiters and Candidates
Career Advice

The Importance of Transparency Between Recruiters and Candidates

Recruiter တွေနဲ့ Candidate တွေကြား ပွင့်လင်းတဲ့ Relationship တစ်ခုထားရှိဖို့ ဘာကြောင့်လိုအပ်သလဲ?

အချိန်နဲ့အမျှ နည်းပညာတွေတိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်မှာ အလုပ်အကိုင်ရှာဖွေရတာကလည်း အရင်ခေတ်ကာလများနဲ့ မတူတော့ဘဲ အချိန်ကုန်သက်သာစွာ မိမိနဲ့သင့်တော်တဲ့အလုပ်အကိုင်တစ်ခုကို Email ပို့လိုက်ရုံနဲ့ ရှာဖွေနိုင်နေပြီဖြစ်ပါတယ်။ သေချာတာတစ်ခုက လက်ရှိလုပ်နေတဲ့အလုပ်မှာ လေ့လာစရာကုန်သွားတာပဲဖြစ်ဖြစ်၊ အတွေ့အကြုံအသစ်ဖြစ်ဖြစ်၊ စိန်ခေါ်မှုအသစ်ဖြစ်ဖြစ် လိုချင်တဲ့အခါ Job Portal တွေ Recruitment Company Website တွေမှာ CV တွေတင်လေ့ရှိတတ်ကြတယ်။ များသောအားဖြင့် Recruitment Company တွေဆီ CV ပို့ပြီးတဲ့အခါ သင့်ဆီကို Recruiter တွေဆီကနေ ဆက်သွယ်လာတဲ့ဖုန်းတွေကို လက်ခံရရှိတတ်ပါတယ်။ ဒီလိုဆက်သွယ်လာမှုအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်မှုမတူညီကြတဲ့အလျောက် Opportunity ရရှိပုံခြင်းလည်း ကွဲပြားတတ်ပါသေးတယ်။ ဖုန်းလိုင်းကနေတဆင့် Recruiter တစ်ယောက်နဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းဟာ သင်ရရှိလာမယ့်အခွင့်အလမ်းတစ်ခုကို ဘယ်လောက်အထိ Support ပေးနိုင်လဲဆိုတာ အောက်မှာဖော်ပြထားတဲ့အချက်အလက်တွေကနေတဆင့် သိရှိနိုင်ပါတယ်။ 

Recruiter တွေက ဘာကြောင့်ဖုန်းကနေတဆင့် အရင်ဆုံးဆွေးနွေးကြတာလဲ? 
Recruiter တွေ ကိုယ့်ဆီဆက်သွယ်လာပြီဆိုကတည်းက ကိုယ့်ရဲ့ Resume ဟာ လက်ရှိ Active ဖြစ်နေတဲ့ Vacancy အတွက် Potential ရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Recruiter တွေနဲ့ ဖုန်းထဲမှာ အပြန်အလှန်ဆွေးနွေးလိုက်ခြင်းအားဖြင့် သင့်မှာရှိထားတဲ့အရည်အသွေးတွေနဲ့ အတွေ့အကြုံတွေအကြောင်းကို ပိုပြီးသေသေချာချာသိသွားတဲ့အတွက်ကြောင့် Recruiter အနေနဲ့ သင်နဲ့ကိုက်ညီမယ့်အလုပ်ကိုရှာဖွေပေးတဲ့အခါ အချိန်တိုတိုတွင်းမှာ သင့်တော်တဲ့အလုပ်ရရှိဖို့အတွက် ရာခိုင်နှုန်းတော်တော်များနေပါပြီ။ 

Recruiter တွေ မေးခွန်းမေးလာရင် ဘယ်လိုဖြေရမလဲ? 
Recruiter တစ်ယောက် သင့်ဆီဖုန်းဆက်လာပြီဆိုရင်တော့ သေချာပါတယ်… သင့်ဆီကို အခွင့်အလမ်းယူလာတယ်ဆိုတာပါပဲ။ သတိပြုရမယ့်အချက်ကတော့ ဘယ် Recuitment Company က Recruiter အစစ်အမှန်ဟုတ်ရဲ့လားဆိုတာပါပဲ။ ၁၀ ယောက်မှာ ၄ ယောက်လောက်က ကိုယ်တင်ခဲ့တဲ့ Website တွေကို မှတ်မိမှာတော့ မဟုတ်ကြပါဘူး။ Recruiter တွေမေးလေ့ရှိတာက သင့်ရဲ့လက်ရှိတာဝန်ယူနေရတဲ့ တာဝန်တွေအကြောင်းပါ။ ဒီနေရာမှာလဲ တိတိကျကျလေးဖြေပေးရင်တော့ အကောင်းဆုံးပါပဲ။ ဥပမာ၊ စက်ပြင်ရတယ်ဆိုရင်လည်း စက်ရဲ့အမျိုးအစားလည်ပတ်ပုံ၊ တာဝန်ယူပုံ၊ လစာ Info (လက်ရှိ Amount ရယ်၊ Desire Amount ရယ်)၊ တာဝန်ထမ်းဆောင်နိုင်တဲ့နေရာ (သင်နဲ့အသင့်တော်ဆုံးတည်နေရာ) စသဖြင့် ပြောပြလိုက်နိုင်ရင်ပဲ Recruiter တစ်ယောက်အနေနဲ့ သင့်အတွက်ပိုကောင်းတဲ့အလုုပ်အကိုုင်ကိုုရှာဖွေပေးတဲ့အခါ အထောက်အကူဖြစ်စေပါတယ်။ 

Recruiter တွေ ကိုယ့်ရဲ့အကြောင်းကို ဘာလို့မေးတာလဲ? 
လူတစ်ယောက်က ကိုယ့်ရဲ့ Personality ကို ကိုယ့်ဘာသာကိုယ်ပြန်ပြောပြဖို့ခက်တာအမှန်ပါပဲ။ Recruiter တွေကလည်း သင်ရဲ့ CV ကို ဖတ်ပြီးသားဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Skill တွေ၊ အလုပ်အသစ်မှာရလာနိုင်မယ့် အတွေ့အကြုံ မျိုးတွေကို မှန်ကန်စွာ စကားအသွားအပြန်ရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှလဲသင်လိုချင်တဲ့ အနာဂတ်အခွင့်အလမ်းကောင်းကလည်း လက်ထဲအလွယ်တကူရောက်လာမှာပါ။ ကိုယ်ပြောပြလိုက်လို့လဲ နစ်နာသွားတာမရှိပါဘူး။ ဥပမာ၊ သင်က မိသားစုရှိပြီး ခရီးမသွားနိုင်တဲ့သူတစ်ယောက်ဆိုပါတော့။ Recruiter နဲ့ ဖုန်းပြောနေရင်း သင်အလုပ်ဆင်းဖို့ သင့်တော်မယ့်နေရာ၊ အနေအထားကို ပြောပြလိုက်ခြင်းအားဖြင့် သင့်ကိုခရီးတွေထွက်စေမယ့်အလုပ်မျိုးကို မိတ်ဆက်ပေးမှာမဟုတ်ပါဘူး။ 

Recruiter တွေ သင့် Salary ကို ဘာလို့မေးတာလဲ? 
ပုံမှန်အားဖြင့် လူတော်တော်များများ ကျွန်တော်အပါအဝင် လစာနဲ့ပတ်သက်လို့ ဘယ်လောက်ရလဲမေးရင် စိတ်ကသိကအောက်ဖြစ်လေ့ရှိပါတယ်။ သင်အလုပ်ပြောင်းမယ်စဉ်းစားပြီးမှတော့ သင့်အတွက်အခွင့်အလမ်းကောင်းရမှ ပြောင်းချင်တဲ့သူတွေချည်းပါပဲ။ ဒါကြောင့် လက်ရှိလစာ၊ ခံစားခွင့် စသည်တို့ကို တိတိကျကျလေးပြောပေးမှ တခြားအခွင့်အလမ်းနဲ့ အလုပ်အကိုင်အသစ်မှာ အဆင်ပြေစွာနဲ့ အလွယ်တကူရရှိနိုင်မှာပါ။ ဥပမာ လက်ရှိလစာက ၄ သိန်းဆိုပါတော့။ နောက်ထပ်အလုပ်ခွင်အသစ်မှာ ၂၀% တိုးပြီး တောင်းဆိုတာမျိုးဆို သင့်အတွက် ပိုပြီးအဆင်ပြေစေတယ်မဟုတ်လား။ မျှော်မှန်းလစာကို ကိုယ်လိုချင်တဲ့ပမာဏပြောပြပြီး လက်ရှိလစာကိုတော့ မပြောပြဘူးဆိုရင် Recruiter တွေအနေနဲ့လည်း သင်နဲ့သင့်တော်မယ့် အလုပ်တစ်ခုကိုရှာပေးတဲ့အခါမှာ အခက်အခဲရှိပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ခေါ်တဲ့ Company တွေဟာလည်း သူတို့ပေးမယ့် Salary Amount တစ်ခုအတွက် လက်ခံနိုင်လောက်စရာအခြေခံအချက်တွေကို ထည့်သွင်းစဉ်းစားကြတာမို့လို့ပါ။ Recruiter တွေက သင့်ကိုအကောင်းဆုံးကူညီပေးနိုင်ဖို့အတွက်သာ သင့်အချက်အလက်တွေကို မေးကြတာဖြစ်ပြီး သင်နဲ့ဆွေးနွေးသမျှအချက်တွေကို Confidential ထားပေးတာဖြစ်ပါတယ်။ 

ဒါကြောင့် သင်နဲ့အသင့်တော်ဆုံးအလုပ်အကိုင်တစ်ခုကို မိတ်ဆက်ပေးဖို့အတွက် သင့်အကြောင်းကို အတော်အသင့်နားလည်ထားမှဖြစ်မယ့်အတွက်ကြောင့် သင်နဲ့ Recruiter ကြားမှာ ပွင့်လင်းတဲ့ Relationship တစ်ခုကို အတိုင်းအတာတစ်ခုအထိ ထားထားသင့်ပါတယ်။ သင်နဲ့သင့်တော်တဲ့ Job Opportunity တစ်ခုတွေ့တိုင်း သင့်ကို အမြဲတမ်းဆက်သွယ်ပေးမယ့် Recruiter တစ်ယောက်နဲ့ ကောင်းမွန်တဲ့ Relationship တည်ဆောက်ထားခြင်းဟာလည်း အချိန်လည်းမကုန်၊ လူမပင်ပန်းဘဲ ကိုယ်နဲ့သင့်တော်တဲ့အလုပ်အကိုင်ကို ရှာဖွေရာမှာ အရေးပါတဲ့အချက်တစ်ခုလည်းဖြစ်ကြောင်း မျှဝေပေးလိုက်ပါတယ်။ 

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020