facebook tracking image
Tips to Stay Motivated and Energetic at Work
Personal Development

Tips to Stay Motivated and Energetic at Work

အလုပ်ထဲမှာ အမြဲ Motivate ဖြစ်ပြီး တက်ကြွနေစေဖို့ Tips များ

တစ်ချို့က ပိုက်ဆံအတွက် အလုပ်လုပ်ကြတယ်။ တစ်ချို့က အတွေ့အကြုံရဖို့ အလုပ်လုပ်ကြတယ်။ တစ်ချို့ကရည်မှန်းချက်တစ်ခုအတွက် အလုပ်လုပ်ကြတယ်။ တစ်ချို့က ပိုကောင်းတဲ့ဘဝတစ်ခုရဖို့အတွက် အလုပ်လုပ်ကြတယ်။ ဒီလို ကွဲပြားတဲ့ပန်းတိုင်တွေရှိကြပေမယ့် လူတစ်ယောက်ဟာ အမြဲတမ်း အလုပ်ထဲမှာပျော်ရွှင်တက်ကြွနေဖို့တော့ မလွယ်ပါဘူး။ ဒါကြောင့် တစ်ခါတစ်ရံ ကိုယ့်ရဲ့ စိတ်အဆင်မပြေမှုကို ကောင်းကောင်းဖြတ်ကျော်နိုင်ဖို့ Tips လေးတွေ ပေးချင်ပါတယ်။

၁။ Success Story တွေကို ပြန်သတိရပါ။
လူတွေ စိတ်ဓာတ်ကျပြီး မပျော်တဲ့အကြောင်းရင်းတစ်ခုက လက်ရှိနေရာကို မရောင့်ရဲတတ်ကြလို့ပါ။ အထူးသဖြင့် ပြိုင်ဆိုင်မှုများတဲ့ အလုပ်မျိုးထဲမှာဆိုရင် သူ့ထက်ငါ ကြိုးစားရင်း တစ်ခါတစ်ရံမှာ Give up လုပ်ပစ်ချင်စိတ်တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Individual Goal နဲ့ Performance ကိုပဲ ကြည့်ပါ။ ‘ကိုယ် အလုပ်စဝင်တုန်းက ဘာမှ မသိခဲ့၊ မတတ်ခဲ့ဘူး။ အခုဆို ကိုယ်ဟာ ဘယ်နေရာ၊ ဘယ်အပိုင်းကိုတော့ ကျွမ်းကျင်နေပြီပဲ’ စသဖြင့်ပြန်စဉ်းစားပါ။ သူများရဲ့ အောင်မြင်မှုတွေကို စိတ်ထဲမှာ အများကြီးနေရာ မပေးပါနဲ့။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ချီးကျူးပါ။

၂။ သီချင်းနားထောင်ပြီး ခပ်တိုးတိုးလိုက်ဆိုပါ။
သီချင်းတွေကို ဖန်တီးတဲ့သူတွေဟာ လူတွေပဲဖြစ်တဲ့အတွက် သီချင်းစာသားထဲက အကြောင်းအရာတွေကို Relate လုပ်လို့ရပါတယ်။ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း ခပ်တိုးတိုး ညည်းနေတာဟာ စိတ်ခံစားမှုတွေကို သက်သာရာ ရစေပါတယ်။ မွန်းကြပ်နေတဲ့ စိတ်ရဲ့ထွက်ပေါက်အဖြစ် အဓိပ္ပာယ်ရှိတဲ့ စာသားတွေကို သေချာနားစိုက်ထောင်ကြည့်ပါ။ ဒါမှ အားမရဘူးဆိုရင် ညနေရုံးဆင်းပြီးရင် တစ်နာရီလောက် ကာရာအိုကေ သွားအော်ဆိုပစ်လိုက်ပါ။

၃။ ဟာသစာအုပ်လေး တစ်အုပ်တော့ဝယ်ပါ။
မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာ စာအုပ်တွဲတွေ အများကြီးထဲက တစ်အုပ်လောက်တော့ လမ်းကြုံရင် ဝယ်လိုက်ပါ။ Toilet သွားတဲ့အချိန်ပဲဖြစ်ဖြစ်၊ ထမင်းစားခဏနားတဲ့အချိန်ပဲဖြစ်ဖြစ် တစ်ပုဒ်လောက်ဖတ်ကြည့်ပါ။ တစ်ချို့ဟာသတွေက ဘယ်အချိန်ပြန်တွေးတွေး ပြုံးချင်စရာ၊ ရယ်ချင်စရာလေးမို့ စိတ်အကြည်ဓာတ်ကို လျင်လျင်မြန်မြန် ရရှိစေနိုင်ပါတယ်။ ကိုယ့်ဘေးက လုပ်ဖော်ကိုင်ဖက်ကိုပါ ပြောပြလိုက်လို့ သူလည်း ပြုံးရယ်ဖြစ်သွားတယ်ဆိုရင် ပိုတောင်ကောင်းတာပေါ့။ Positive Vibe တွေက ကူးစက်လွယ်ပါတယ်။

 ၄။ ပိတ်ရက်တွေကို လိုက်ရှာပြီး တစ်ခုခု Plan ကြည့်ပါ။
ဖြစ်လွယ်၊ ပျက်လွယ် လောကြီးထဲမှာ ဘယ်အရာမဆို အချိန်ဆွဲမနေတာ အကောင်းဆုံးပါပဲ။ အနီးဆုံး ရုံးပိတ်ရက်လေးတွေကိုရှာ၊ ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးကိုတွက်၊ ခရီးထွက်မလား၊ သူငယ်ချင်းတွေနဲ့ တွေ့မလား၊ ကိုယ့်ကိုယ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခုခုဝယ်မလား၊ စျေးကြီးတဲ့ ဆိုင်မှာ စားကြည့်မလား၊ Class တစ်ခုခုတက်မလား စသဖြင့် စိတ်ကူးတွေဟာ လူတိုင်းတွေးခွင့်ရှိပါတယ်။ ​ကိုယ့်ကိုယ်ကို ဘယ်တော့မှ မကန့်သတ်ပါနဲ့။ ကိုယ့်ပျော်ရွှင်မှုက ကိုယ့်နှလုံးသားထဲမှာပါ။

Share this blog

10 Things Every Young Person Should Know to Succeed in Life
10 Things Every Young Person Should Know to Succeed in Life
Published 20 February 2019
5 Effective Tips for People Who Are Always Running Late
5 Effective Tips for People Who Are Always Running Late
Published 22 October 2018
7 Habits Practiced by Successful Individuals
7 Habits Practiced by Successful Individuals
Published 5 August 2016