facebook tracking image
Turning COVID-Era Stress into Strength
Career Advice

Turning COVID-Era Stress into Strength

COVID ကာလမှာ ရလာတဲ့စိတ်ဖိစီးမှုတွေကို ဘယ်လိုအသုံးချကြမလဲ?

ကျွန်တော်တို့အားလုံးလက်ခံထားသောအရာက စိတ်ဖိစီးမှုကမကောင်းဘူးဆိုတာပါ။ လူတိုင်းလူတိုင်း မှာစိတ်ဖိစီးမှု အနည်းနဲ့အများကိုယ်စီကိုယ်စီ ရှိတတ်ကြပါတယ်။ အခုလို COVID ဖြစ်နေတဲ့အချိန်ကာလမှာ ပိုပြီးတော့တောင် စိတ်ဖိစီး၊ စိတ်ပူပန်သောကရောက်နေကြမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတစ်ခုထဲကသာ အောင်မြင်အောင်လုပ်ပေးနိုင်တယ်ဆိုတာ လူအနည်းစုလောက်သာသိကြပါတယ်။

စိတ်ဖိစီးမှုဆိုတာကို မကောင်းဆိုးဝါးတစ်ကောင်လို မြင်ကြတဲ့လူတွေကြီးပါပဲ။ စိတ်ဖိစီးမှုဆိုတာ ကိုယ်လုပ်ရမယ့်အချိန်မှာ ကိုယ်မလုပ်နိုင်ဘဲ၊ ဒါမှမဟုတ် ကိုယ်လုပ်နိုင်တာထက် အဆပေါင်းများစွာကျော်လွန်လာတဲ့အခါ ဖြစ်လာတတ်တဲ့အရာပါ။ ဒါပေမယ့် စိတ်ဖိစီးမှုတိုင်းလိုလို မကောင်းတာတော့မဟုတ်ပါဘူး။ ကိုယ့်ခံယူချက်ပေါ်မှာလည်း အများကြီးမူတည်ပါသေးတယ်။ သူများကပေးတဲ့စိတ်ဖိစီးမှုထက် ကိုယ့်ကိုယ်ကိုပေးတဲ့စိတ်ဖိစီးမှူက ပိုများပါတယ်။

အဲ့ဒီစိတ်ဖိစီးမှုက ကိုယ့်အလုပ်ကိုပြီးအောင်လုပ်နိုင်စွမ်းရှိတဲ့ Positive Stress လို့ခေါ်တဲ့ Use Stress လို့ခေါ်ပါတယ်။တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ Daily Life တွေဟာ ဘာစိတ်ဖိစီးမှုမှမရှိဘဲ၊ ဘာစိန်ခေါ်မှုမှမရှိဘဲ ဖြစ်လာတဲ့အခါ ငြီးငွေ့စရာကောင်းပါတယ်။ လူကလည်း လူပျင်းတစ်ယောက်လိုဖြစ်သွားတတ်ပါတယ်။ ကျွန်တော်တို့တွေ နေ့စဉ်တိုးတက်ဖို့အတွက်တွန်းအားပေးမယ့် Use Stress လိုအပ်ပါတယ်။ ဒါကြေင့် ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်အနိုင်ယူဖို့ သင့်တင့်မျှတတဲ့ စိတ်ဖိစီးမှုကိုလူတွေလိုအပ်ပါတယ်။
စိတ်ဖိစီးမှုနည်းလွန်းခြင်းက ငြီးငွေ့ဖွယ်ကောင်းသလို များလွန်းခြင်းကလည်း ပူပင်သောက ကိုဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သင့်တင့်မျှတတဲ့စိတ်ဖိစီးမှုကိုရရှိပြီး တိုးတက်အောင်ဆောင်ရွက်နိုင်ပါစေ။

စိတ်ဖိစီးမှုများလာရင် ဘယ်လိုဖြေဖျောက်ရမလဲဆိုတဲ့ အချက်လေး ၅ ချက်ကိုလည်း မျှဝေပေးချင်ပါတယ်။

တရားထိုင်ပါ။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
ခရီးထွက်ပါ။(Covid ပြီးရင်)
သင့်မိသားစုနဲ့အချိန်ပေးပါ။
စာဖတ်ပါ။

ဒီအချက် ၅ ချက်ပဲမဟုတ်ဘဲ ကိုယ်ကြိုက်နှစ်သက်ရာတွေလည်း လုပ်ပေးနိုင်ပါတယ်။

လူတစ်ယောက် နေ့စဉ်ဘဝမှာတိုးတက်ဖို့ရန်အတွက် Pressure လိုအပ်ပါတယ်။ အဲ့ဒီ Pressure ဟာများသောအားဖြင့် အခြားလူတွေဆီကနေ အများဆုံးရရှိနိုင်ပါတယ်။ ဒါပေမယ့် ဖိအားပဲပေးပြီး တွန်းအားပေးမယ့်သူမရှိဘူးဆိုရင်တော့ To Do List လုပ်ပြိး သင့်ကိုသင်တွန်းတင်ပါ။ ဒီ COVID-19 အတွင်းစိတ်ဖိစဉ်းမှုများကင်းဝေးပြီး စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာနေကြပါလို့လည်း တိုက်တွန်းလိုက်ရပါတယ်။

Share this blog

3 Stages That Can Lead to Losing Yourself in Your Daily Work and Life
3 Stages That Can Lead to Losing Yourself in Your Daily Work and Life
Published 1 October 2020
​5 Tips to Help You Succeed in an Interview
​5 Tips to Help You Succeed in an Interview
Published 26 August 2021
Are You Recognized in the Workplace?
Are You Recognized in the Workplace?
Published 5 November 2020